ဖက်ရှင် သင်တန်း ဖွင့်လှစ်မယ့် ဒီဇိုင်နာ အိကျော်ဇင်

0
164

MIN_3461သရုပ်ဆောင် အိန္ဒြာကျော်ဇင်ရဲ့ အစ်မဖြစ်သူ ဒီဇိုင်နာအိ ကျော်ဇင်ရဲ့ Vivid Fashion Taste  ဆိုင် နှစ်သစ် အထူးဈေး ရောင်းပွဲကို ဇန်နဝါရီလ ၂၁၊ ၂၂၊ ၂၃ ရက်နေ့ များက မနက် ၁ဝ နာရီမှ ညနေ ၆ နာရီအထိ အမှတ်- ၃၂ (စီ)၊ ကုက္ကိုင်း ရေကူးကန်လမ်း၊ ဗဟန်းမြို့နယ် မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲက vivid  ကို အားပေးခဲ့ကြတဲ့ customer များကို ကျေးဇူးဆပ်တဲ့ အနေ နဲ့ ပြု လုပ်ခြင်း ဖြစ်ကြောင်း ကို ဒီဇိုင်နာအိ ကျော်ဇင်က “အရင်နှစ်တွေ တုန်းက အစ်မက ဒီဇင်ဘာလ ဆို ပရိုမိုးရှင်းပွဲ လုပ် တယ်။ ဒီနှစ် ကျတော့ ဒီဇင်ဘာ မှာလည်း မအားတာ နဲ့ ဇန်နဝါရီလ နှစ်သစ်ဈေးရောင်းပွဲ ဆိုပြီး လုပ်လိုက်တာပါ။ ဒီ ပရိုမိုးရှင်းပွဲ အတွက်ကို ဇာ အသစ်တွေ အဓိက တင်ထားတယ်။ ဘရိုကိတ်တွေ လည်း တင်ထားတယ်။ ချိတ်တွေကို လည်း ၅ဝ ရာ ခိုင်နှုန်း ဈေး ချ ပေးထားပါတယ်။ ဆိုင် မှာရောင်းချတဲ့ ဈေးကိုပဲ ဒီနှစ်သစ်မှာ ဧည့်သည်တွေကို တကူးတက ဖိတ်ကြားပြီး အကျွေးအမွေး နဲ့ ဧည့်ခံပြီး ထက်ဝက် ဈေး ချပြီးတော့ ရောင်းချပေးတာပါ။ အစ်မရဲ့ ဧည့်သည်တွေကို ကျေးဇူးဆပ်တဲ့ သဘောပါ။ customer တွေကလည်း အစ်မကို အမှန်တကယ် လာအားပေးကြတာ ဆိုတော့ တအား ကျေးဇူးတင် တာပဲ” လို့ ပြောပါတယ်။ ဒီဇိုင်နာ အိကျော်ဇင်က ဂျပန်နိုင်ငံ Tokyo Bunka College မှ ဝါရင့်ကျွမ်းကျင် ဆရာမကြီး Ms. Hiroko Shimotori  နဲ့ ပူးပေါင်းပြီး Fashion Short Course သင်တန်း ကို ဖွင့်လှစ် သွားဖို့ရှိကြောင်းလည်း သိရပါတယ်။ ဒီသင်တန်းနဲ့ ပတ်သက်ပြီး ဒီဇိုင်နာ အိကျော်ဇင်က..

“အစ်မ သင်တန်းကျောင်း ဖွင့်ချင်နေတာ ကြာပြီ။ အစ်မ သူငယ်ချင်းနဲ့ ပတ်သက်ပြီး ဂျပန်က ဆရာမ တစ်ယောက် နဲ့ သိ သွားပြီးတော့ အဲဒီ ဆရာမ နဲ့ပေါင်းပြီး ဒီကျောင်းလေး လုပ်ဖြစ် တာပါ။ သင်တန်းက Short Course  ပါပဲ။ အခုက ၃ ရက်ကို one course နှုန်းနဲ့ သင်ကြားမှာပါ။ အခြေခံစက်ချုပ် သင်တန်း တက် ထားတဲ့ သူဆိုရင် ပိုအဆင်ပြေပါတယ်။ အသေးစိတ် သင် မှာမျိုး မဟုတ်ဘူး။ ဒီအင်္ကျီကို ဒီလိုမျိုး ညှပ်ရမယ် ဆိုပြီး သင်မှာ မဟုတ်ဘူး။ ဒီအင်္ကျီကို ညှပ်ချင်တယ် ဘယ်လိုမျိုး ညှပ်ရမလဲ ဆိုတာကို ဆရာမက အိုင်ဒီယာ ပေးမယ်။ နိုင်ငံခြားတွေမှာ ဆိုရင် အဲဒီလို မျိုးပဲလေ။ ကိုယ့်မှာ ဘယ်လို တီထွင်နိုင် စွမ်းရှိလဲ။ အဲဒါ ကို ဖော်ထုတ်ပေးမှာပါ” လို့ပြောပါတယ်။ ပထမဆုံး ရက်တို သင်တန်းမှာ သင်တန်းကြေး ၃သိန်း ဖြစ်ကာ ဇန်နဝါရီ ၂၈ရက်နေ့မှာ စတင်သင်ကြား မှာဖြစ် ပြီး နောက်ပိုင်း မှာလည်း လူဦးရေ အကန့်အသတ် နဲ့ ရက်ရှည် သင်တန်းတွေဖွင့်လှစ် သင်ကြား သွားဖို့ရှိ ကြောင်း ဒီဇိုင်နာအိ ကျော်ဇင်က ပြောပါ တယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here