၂ဝ၁၇ ဖက်ရှင် ဘာတွေ ခေတ်စားလေမလဲ

0
164

fashion၂ဝ၁၇ ခုနှစ် ရောက်ရှိ လာခဲ့ပြီ ဖြစ်တဲ့ အတွက် အခုနှစ် အတွင်းမှာ ဘယ်လို ဖက်ရှင် ပုံစံ ဒီဇိုင်းဆန်းတွေ ခေတ်စား လာမလဲ ဆိုတာ အားလုံးက စိတ်ဝင် စားစွာဖြင့် စောင့် ကြည့် နေကြပြီ ဖြစ်ပါ တယ်။ ဒါကြောင့် လည်း ဒီနှစ်မှာ ဘယ်လို ဖက်ရှင် ဒီဇိုင်းတွေ ဝတ်ဆင် သွားမလဲ၊ ဘယ်လို ဖက်ရှင် ဒီဇိုင်းတွေ ခေတ်စား မလဲဆိုတာမျိုးကို သိရ စေ ဖို့အနုပညာရှင်တွေကို မေးမြန်း တင်ဆက်လိုက်ရ ပါ တယ်။

ခိုင်သဇင်ငုဝါ

၂ဝ၁၇ ခုနှစ်မှာတော့ ဂျင်းဘောင်းဘီ အတိုလေးတွေကို အပြဲ ပုံစံလေးတွေနဲ့ Crop Top ပုံစံ ခါးလွတ်လေးတွေ ခေတ်စားမယ်လို့ ညီမ ထင်ပါတယ်။ အခုလည်း ကောင်မလေး တော်တော်များများ ဒီလိုမျိုး ဝတ်လာကြတယ်။ ပြီးတော့ Crop Top  လေးတွေနဲ့ တွဲဝတ်လို့ ရတဲ့ ကြိုး အယှက်လေးတွေနဲ့ Bra လေးတွေကိုလည်း တွေ့ရတယ်။ ဂျင်းဘောင်းဘီကိုတော့ Skinny ပုံစံလေးတွေ ပိုဝတ်ကြတယ်။ ဂျင်း အပွလေး တွေကိုတော့ သိပ်မတွေ့ဘူး။ ညီမ ကိုယ်တိုင်လည်း ထသွားထလာ ဆိုရင် ဘောင်းဘီရှည်၊ ဘောင်းဘီ တိုလေးတွေ ဒါမှမဟုတ် စကတ်တို လေးတွေကို T- Shirt  လေးတွေ၊ Crop Top ပုံစံလေးတွေ အဝတ် များပါတယ်။ ညီမဆိုရင် Model  ပိုင်းဝင်ခါမှ ဖက်ရှင် ပိုင်းကို သေသေချာချာ လေ့လာဖြစ်တာပါ။ Model မလုပ်ခင်နဲ့ လုပ်ပြီးချိန်မှာ ညီမကိုယ် ညီမ တော်တော်ပြောင်းလဲလာတာ ကို သိလာ ပါတယ်။ ခေတ်ရေစီး ကြောင်းအတိုင်း ဖက်ရှင်ကို ပြောင်းလဲ ဝတ်ဆင်လာ ကြပါတယ်။ တချို့မိန်းက လေးတွေက ကျတော့ ဘောင်း ဘီတို မဝတ် ရဲကြဘူး။ ဒါပေမဲ့ ဝတ်ကြည့် လိုက်ရင် ပြောင်းလဲ သွားနိုင်ပါတယ်။ ဥပမာ- မျက်မှန် အထူကြီး တပ်တဲ့ သူကမျက် ကပ်မှန် ပြောင်း တပ်လို့ ပြောင်းလဲသွား တာ မျိုးလေးပါ။

မေဖြူဖြူ

အခု ညီမ သဘောကျနေတဲ့ ဖက်ရှင်က ပေါ့ပေါ့ပါး ပါးဖက်ရှင်ပါ။ အသက် ၂ဝကျော် ပုံစံ ဖက်ရှင်ကို ပြောင်း လိုက်တယ်။ နည်းနည်း ရင့်ကျက်တဲ့ ပုံစံဘက်ကို ရွေးပြီး တော့ ဝတ်ဖြစ်လာတယ်။ ကိုယ်က လည်း အနုပညာရှင် တစ်ယောက် ဆိုတော့ ဖက်ရှင်ပိုင်း ကိုတော့ ဂရုစိုက် ဖြစ်တယ်။ လူတစ် ယောက်က ကိုယ် နဲ့ လိုက်ဖက်အောင် ကိုယ်လုပ်တဲ့ အလုပ် နဲ့ လိုက်ဖက်အောင် ဖက်ရှင် ပိုင်းက တအား လိုအပ် တယ်။ လူတစ် ယောက်က စကားပြော တော့ မယ်ဆိုရင် ကိုယ်ဝတ် ထားတဲ့ အဝတ်အစားက ပထမဆုံး အရေး ကြီးတယ် လို့ ထင် တယ်။ ဖက်ရှင်က လူ တစ်ယောက်ရဲ့ စိတ်ဓာတ် နဲ့လည်း ဆိုင် တယ်။ မေဖြူ အပေါ် မှာတော့ ဖက်ရှင်က တအား လွှမ်းမိုး မှုရှိတယ်။ မေဖြူ ကိုယ်တိုင်ကလည်း ဖက်ရှင်ကို တအား ဂရုစိုက်တယ်။

အိန်ဂျယ်လမုန်

အိန်ဂျယ်ရဲ့ Fashion  အမြင်ကတော့ လူတစ်ယောက်ကို ကြည့် လိုက်တာနဲ့ သူ့အပြင် အဆင်က တခြားသူနဲ့ မတူဘဲ ထင်းခနဲ ဖြစ် သွား စေတာ မျိုးပါ။ ကြည့်လိုက် တာနဲ့ စမတ်ကျနေပြီး အရိုးရှင်းဆုံး နဲ့ ဆန်းနေတာလေးတွေကို အိန်ဂျယ် ကြိုက်ပါတယ်။ အိန်ဂျယ် ကိုယ် တိုင် လည်း Sexy ပုံစံမျိုးကို မကြိုက်ပါဘူး။ ကိုယ့်ကိုကြည့်ပြီး လူတွေ အေးချမ်းသွား တဲ့ပုံစံမျိုး၊ မိန်းမဆန် ပြီး လှတဲ့ပုံစံမျိုး၊ လူငယ် ပုံစံမျိုးလေး တွေကို အိန်ဂျယ် ကြိုက်ပါတယ်။ အရင်ကတော့ အိန်ဂျယ် Fashion ဆိုတာကို ကောင်းကောင်း နားမလည်ခဲ့ပါဘူး။ တကယ် တမ်းက Celebrity ပဲဖြစ်ဖြစ်၊ သာမန်လူပဲ ဖြစ်ဖြစ် အားလုံးမှာ Fashion ဆိုတာ လိုအပ်ပါတယ်။ အိန်ဂျယ်ခံယူ တာက  Fashion ဆိုတာ Brand တွေ ဝတ်ထားမှ၊ Accessories တွေ ဝတ်ဆင်ထားမှ မဟုတ်ပါဘူး။ ကိုယ့်ခန္ဓာကိုယ် နဲ့ လိုက်ဖက်တာက ကိုယ့်ရဲ့ Fashion ပါပဲ။ ၂ဝ၁၇ ခုနှစ်မှာ ဂျင်း တွေ ပြန်ခေတ်စားလာမယ်လို့ ထင်ပါတယ်။ ဂျင်းမှာက အကားပုံစံ၊ Bell ပုံစံတွေ၊ အင်္ကျီ ပွပွကြီးတွေ ပြန် ဝတ်လာကြမယ်။ ဂျင်း အင်္ကျီတွေ မှာလည်း ပုံနှိပ်ရိုက်ထားတဲ့ ပုံစံမျိုးတွေ ပြန်ခေတ်စား လာမယ်လို့ ထင်ပါတယ်။ နိုင်ငံတကာမှာ ဘယ်လို ပုံစံ မျိုးခေတ်စားနေတယ်။ မိတ်ကပ် အပြင်အဆင်တွေ အဝတ်အစားတွေ ဘယ်လို ဝတ်ဆင်ကြလဲ ဆိုတာ ကြည့်ပြီး ကိုယ်နဲ့ လိုက်ဖက် မယ့် ပုံစံမျိုးတွေ ပိုမို ဝတ်စားလာရင် Fashion ကျတဲ့လူ တွေ ပိုများလာမယ်လို့ အိန်ဂျယ် ထင်ပါတယ်။

ခင်သဇင်

ဒီ ၂ဝ၁၇ ခုနှစ်မှာ ဇင် ဘောင်းဘီအပွ၊ အပေါ်က  Crop Top  ပုံစံ တအားကြီး မိန်းမ မဆန်တဲ့ ပုံစံလေးတွေ ဝတ်ချင်နေတယ်။ ဇင်က ဒီနှစ် အရောင်မှာ ဆိုရင် သပြေသီး မှည့်ရောင်၊ ခရမ်းပုပ် ရောင်တို့ကို သဘော ကျနေတယ်။ ဖက်ရှင်ကို စိတ်ဝင်စားတဲ့သူက သူ့ စိတ်ထဲ မှာ တစ်သမတ်တည်း မရှိဘူး။ အမြဲ ပြောင်းလဲနေတာ။ ဇင် အခုဆို ရင် ဆံပင် အရောင်ပြောင်းမယ်။ အခု ၂ဝ၁၇ ခုနှစ်မှာ သူများမဆိုးတဲ့ အရောင်ဆိုးဖို့ စဉ်းစားထားတယ်။ ဖက်ရှင်ကျကျ ဝတ်တတ်မယ် ဆိုရင် သူများထက် ထင်ပေါ်မယ်။ သာမန် လူတစ်ယောက် အနေနဲ့က ဖက်ရှင် ကျမနေလို့လည်း ဘာမှမဖြစ်သွား ဘူး။ အနုပညာရှင်အတွက်က ဖက်ရှင်က ရှိကိုရှိသင့်တယ်။ ဇင့်အနေနဲ့ ဒီ၂ဝ၁၇ ခုနှစ်မှာ ဖက်ရှင် ပုံစံ ရှင်းမယ် ဆိုရင်လည်း လုံးဝ အရှင်း။ ယောက်ျားလေးစတိုင် ဝတ် ချင်တယ်။ ရှုပ်ပြီ ဆိုရင်လည်း အရောင် ဖိနပ်၊ အင်္ကျီ၊ နှုတ်ခမ်း နီ အရောင်တွေနဲ့ မတူတဲ့ Crazy ဆန်ဆန် အရောင်မျိုး ဝတ်ချင်တယ်။ ရှင်းရင်လည်း လုံးဝရှင်း တဲ့ ဖက်ရှင် ပုံစံ၊ ရှုပ်ရင်လည်း လုံးဝရှုပ်တဲ့ ဖက်ရှင်ပုံစံမျိုး ဝတ်ချင်တယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here