မူရင်းဇာတ်ကားကို မှီငြမ်းပြီး ရိုက်ကူးတာ ကျွန်တော် တို့နိုင်ငံ မှာပဲ ရှိတာမဟုတ်ဘူး ခန့်စည်သူ

0
182

KhantSiThuလတ်တလောမှာ ခန့်စည်သူကဒါရိုက်တာ ရာဇဝင်ကို ရိုက်ကူးပုံဖော်တဲ့ “သမက်တော် … ကွက် ကျော်”ရုပ်ရှင် ဇာတ်ကားကြီးကို ရဲအောင်၊ သူရိယ၊ ဝေလျံ၊ ဒိန်းဒေါင်၊ စိုးမြတ်သူဇာ၊ သွန်းဆက်၊ နန်းခင်ဇေယျာ၊ စိုးနန္ဒာကျော် တို့နဲ့အတူ ပါဝင် သရုပ်ဆောင် ရိုက် ကူးနေကြောင်း သိရပါ တယ်။ ဇန်နဝါရီလ ၂ဝ ရက်နေ့မှာ ရုံတင်ပြသတော့မယ် “ချန်ပီယံလေး” ရုပ်ရှင် ဇာတ်ကားကြီးမှာလည်း ရဲအောင်၊ အားသစ်၊ ရွှေမှုန်ရတီ၊ နဒီဝင့်နိုင် တို့နဲအတူ ခန့်စည်သူက ပါဝင် သရုပ်ဆောင်ထား ပါတယ်။ ဒီဇာတ်ကားမှာ စကိတ် သင်တန်း နည်းပြ အဖြစ် သရုပ်ဆောင် ထားတဲ့ ခန့်စည်သူ က ဇာတ်ကား ရိုက်ကူးဖြစ်ပုံ နဲ့ပတ်သက်ပြီး

“စရိုက်ကူး ကတည်းက ဇာတ်လမ်းကို ကြိုက်လို့ လက် ခံဖြစ်တာ။ ဒီဇာတ်ကားက အိန္ဒိယ ဇာတ်ကားကို မှီငြမ်းပြီး ရိုက်ကူးထားတာ။ မူရင်း ဇာတ်ကားကိုလည်း အစ်ကိုတို့ ကြည့်ဖူးတယ်။ မူရင်းဇာတ်ကားမှာ ပါတဲ့ မက်ဆေ့ခ်ျရယ်၊ ဒီဇာတ်ကားမှာ ပေးတဲ့ မက်ဆေ့ခ်ျကို သဘောကျ တယ်။ လူငယ်တစ်ယောက် အနေနဲ့ သူမက်တဲ့ အိပ်မက်ကို သူ့ ဘာသာ အကောင်အထည် ဖော်ခွင့်ရှိတယ်” လို့ ပြောပါ တယ်။ ဒီဇာတ်ကားလေးက အိန္ဒိယ ဇာတ်ကားကို မှီငြမ်း ပြီး ရိုက်ကူးထားတဲ့ အတွက် ပရိသတ် ဝေဖန်သံ နဲ့ပတ် သက်ပြီး စိုးရိမ်စိတ် ရှိလား ဆိုတာကို ခန့်စည်သူက

“အဲဒီလိုတော့ စိုးရိမ်စိတ်မရှိပါဘူး။ မူရင်းကားကို မှီငြမ်းပြီး ရိုက်ကူးတာက အစ်ကိုတို့ နိုင်ငံမှာပဲ ရှိတာ မဟုတ် ဘူး။ တခြားနိုင်ငံတွေ မှာ လည်း ရှိတယ်။ ကိုယ်တိုင် ဖန်တီးတဲ့ ဇာတ်မို့လို့ ဝက်ဝက်ကွဲ ရုံပြည့်ရုံလျှံ တယ်ဆိုတာ အစ်ကိုတို့ လည်း မကြားဖူးဘူး။ မည်သူမဆို လွတ်လွတ် လပ်လပ် ဝေဖန်ခွင့် ရှိတယ်။ ကြိုက်ခွင့်လည်းရှိတယ်။ မကြိုက်ခွင့် လည်း ရှိပါတယ်” လို့ ပြောပါတယ်။

ဆက်လက်ပြီး ၂ဝ၁၇ခုနှစ်မှာ လုပ်ဆောင် သွားမယ့် အနုပညာ လှုပ်ရှားမှုများနဲ့ ပတ်သက်ပြီးလည်း ခန့်စည်သူ က

“၂ဝ၁၇ ခုနှစ်မှာ ပုံမှန်အတိုင်းပါပဲ။ ဟာသလက်ခံ ထားတာရှိသလို ဘဝသရုပ်ဖော် ဇာတ်ကားတွေလည်း ရိုက်ကူးဖို့ရှိတယ်။ ထူး ထူးခြားခြား ပြင်ဆင် သွားမယ်လို့ မပြောရဲပါဘူး။ လုပ်နေကျ ပုံစံလေး လုပ်သွားမှာ။ ဇာတ် လမ်းတွေက ပရိသတ် အကြိုက် ရော၊ အစ်ကို အကြိုက်ရော မျှပြီး ရိုက်ကူးသွားမယ်” လို့ ပြောပါတယ်။

တွယ်တာ
ဓာတ်ပုံ-မျိုးကျော်(ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here