ကိုယ်ဝန် ၁လ ရှိနေတဲ့ မိုးယုစံ ရဲ့ ခံစားချက်

0
147

MoeYuSan-3အောက်တိုဘာလမှာ မင်္ဂလာပွဲ တွေ ကျင်းပခဲ့တဲ့ သရုပ်ဆောင် မိုးယုစံ က လတ်တလောမှာ ကိုယ်ဝန် ၁လရှိ နေပြီ ဖြစ်ကြောင်း သိရ ပါတယ်။ မမျှော် လင့်ဘဲ ကိုယ်ဝန် ရရှိတဲ့ အတွက် အတိုင်း မသိ ဝမ်းသာကြောင်းနဲ့ ပတ်သက်ပြီး မိုးယုစံက…

“အခုညီမ ကိုယ်ဝန် ၁လ လောက် ပဲ ရှိဦးမယ်။ တအားစောပြီး သိသွား တာ။ တအားလည်း နုသေးတယ်။ လောလောဆယ် ဆရာဝန် နဲ့ လည်း မပြ ရသေးဘူး။ ကိုယ်ဝန် ရှိတာ ကိုယ့်ကိုယ် ကိုယ် မယုံဘူး။ အိမ်ထောင်ကျ သွား တယ်ဆိုတာတောင် ကိုယ့်ကိုယ်ကိုယ် မယုံနိုင်သေး တာ။ ကိုယ်ဝန်ပါ ရတယ်ဆို တော့ နောက်လပိုင်း လောက်ဆိုရင် ကလေး တစ်ယောက် ရတော့မယ်ဆို တော့ မယုံနိုင်သေး ဘူး။ မကြာခင်မှာ တော့ ပိုပြီးပြည့်စုံတဲ့ မိသားစုဘဝ ရ တော့မယ်။ ညီမ အမျိုးသားက အဲဒါကို ပိုပြီးမျှော် မှန်းထားတယ်။ သူက ကလေး တအားချစ်တော့ ကလေး တအား လိုချင်နေတာ။ ညီမတို့ အနေ နဲ့ ဘာလေးပဲဖြစ်ဖြစ် အကုန်ချစ်တယ်။ ညီမအမျိုး သားက ကလေးရတော့ သူ တအား ပျော်ပြီး မျက်ရည်ပါကျတယ်။ အမှန်ဆို ညီမက နောက် တစ်နှစ်၊ နှစ်နှစ်လောက်မှ ကလေးယူမယ်လို့ စဉ်းစားထားတာ။ ဒါ ကတော့ ဘုရားပေးတဲ့ ဆုလာဘ်ပေါ့။ အခု မမျှော်လင့်ဘဲ ရတဲ့အတွက် လည်း တအားဝမ်းသာပါ တယ်” လို့ ပြောပါတယ်။

ကိုယ်ဝန် လနုသေးတဲ့ အတွက် အစစအရာရာ သတိထားပြီး နေထိုင် ဖြစ်တဲ့ မိုးယုစံက လာကမ်းလှမ်းတဲ့ အနုပညာက ကိုယ်နဲ့ အဆင်ပြေရင် လုပ်ဖြစ်သွားမှာ ဖြစ်ကြောင်း ပြောပါ တယ်။

“ကိုယ်ဝန်ရှိတဲ့ မိခင်တိုင်း သိပါ တယ်။ ကိုယ်ဝန်ရှိရင် ဘယ်လို အနေ အထိုင် ခက်ခဲလဲ ဆိုတာ ကိုယ်ဝန်ရှိတဲ့ မိန်းကလေးတွေတိုင်း သိပါ တယ်။ နေရထိုင်ရ လုံးဝအဆင် မပြေဘူး။ အစားအသောက်ရော၊ အနံ့အသက် တွေက အစ နေရတာ နေလို့မကောင်း ဘူး။ ဘယ်ဆေးရုံ မှာ မွေးမလဲ ဆိုတာ ညီမတို့ စဉ်းစားနေတုန်းပါ။ အနု ပညာနဲ့ ပတ်သက်ပြီး ကိုယ့်ဆီလာ ကမ်းလှမ်းတဲ့ထဲမှာ ကိုယ်နဲ့ အဆင် ပြေရင်တော့ လုပ်သွားမယ်”လို့ ပြော ပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here