သူငယ်ချင်း အတုတွေကို မလိုချင်တော့သူ Selena Gomez

0
138

selenagomezကျန်းမာရေး အခြေအနေကြောင့် Gomez  တစ်ယောက် ၃ လလောက် ဖုန်းမသုံးနိုင်ခဲ့ပါဘူး။ ပရိသတ် နဲ့လည်း အဆက် အသွယ် ပြတ်တောက် ခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်ကပဲ Gomez  နောက် တစ်ကြိမ် ပရိသတ် ရှေ့ပြန်ရောက်လာခဲ့ပြီး ၂ဝ၁၆ မှာ သူမ ရရှိခဲ့တဲ့ သင်ခန်းစာတွေကို အခုလိုပြောကြားခဲ့ပါတယ်။ “ကိုယ်ရဲ့ ပတ်ဝန်း ကျင်မှာ ရှိနေတဲ့ လူတွေနဲ့ အချိန်များကို အတူ ကုန် ဆုံးလေ့ရှိတဲ့ လူတွေ အကြောင်းကို နားလည် ထားဖို့ လိုအပ်ပါတယ်။ သူငယ်ချင်း သံယော ဇဉ်က အရေးကြီး တာကြောင့် ရေရှည် တည်မြဲ အောင် တစ်ယောက်ကို တစ်ယောက် ဂရု စိုက်မှုတွေ လိုအပ်သလို ဟန်ဆောင်မှု ကင်း ဖို့လည်းလိုအပ်ပါတယ်။ ကျွန်မတို့က တစ် ခါတလေ သူငယ်ချင်းတွေနဲ့ ညစာသွားစား ရင်စားမယ်၊ ပြီးရင် လမ်းခွဲမယ် ဒါပဲလေ။ ဘယ်လောက်တောင် အချိန်တွေ အဓိ ပ္ပာယ် မရှိဖြစ်ခဲ့ လဲ။ အဲ့ဒီကနေ ကျွန်မ သင် ယူခဲ့တာ ကတော့ ၅ နာရီလောက် သူ ငယ်ချင်းတွေ နဲ့အတူ ထိုင်ပြီး စကား တွေ ပြော ကြတယ်။။ မေးခွန်းတွေ မေးကြပြီး ရင်းနှီးမှုတွေ ရယူ တယ်” လို့ ပြောပြခဲ့ပါတယ်။

Gomez ရဲ့ သူငယ်ချင်းတွေ က လည်း သူမရဲ့ ပြော ကြား ချက်တွေကို ထောက်ခံခဲ့ကြပြီး “ယုံကြည် စိတ်ချရတဲ့ လူတွေရှိဖို့ကလည်း အရမ်း ကို အရေးကြီးပါတယ်” လို့  ဖြည့် စွက်ပြီး ပြောခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here