သီချင်းအသစ်ကို ဖြန့်ချိလိုက်တဲ့ Bebe Rexha

0
152

bebe-rexhaRexha  က ဇန်နဝါရီလ ၆ ရက်နေ့က သူမရဲ့ “I Got You” သီချင်း ဗီဒီယိုကို BeBe’s Youtube Channel မှာ တင်ခဲ့ပြီး ၃ ရက် အတွင်း မှာ ကြည့်ရှုသူပေါင်း ၆ မီလီယမ် ကျော်သွားခဲ့ပါတယ်။ Rexha နဲ့ မရင်းနှီးသေးတဲ့ သူတွေအ တွက် မိတ်ဆက် ပေးချင်ပါတယ်။ Rexha က အမေရိကန် အဆိုတော် တစ်ဦး ဖြစ်ပြီး  “Me,Myself & I” ၊ “Hey Mama” သီချင်းများနဲ့ နာမည် ကြီးလာခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ “The Monster” သီချင်းမှာ Eminem ၊ Rihanna  တို့နဲ့အတူ သီချင်းပါဝင် ရေးသားထားပါတယ်။

၂ဝ၁၆ မတ်လ မှာတော့ သူမရဲ့ တစ်ကိုယ်တော် “All Your Fault” အခွေထဲက သီချင်း တစ်ပုဒ်ဖြစ်တဲ့ “No Brokern Heart”  သီချင်း ကို  Nicki Minaj  နဲ့အတူ သီဆိုခဲ့ပါတယ်။ ဇူလိုင်လမှာတော့ “In the Name of Love”  သီချင်းကို ဖြန့်ချိခဲ့ပြီး US Billboard Hot 100 မှာ နံပါတ် ၄ နေရာကို ရောက်ရှိခဲ့တယ်။ နိုဝင်ဘာလ ၆ ရက်နေ့က MTV Europe Music Awards  မှာ တင်ဆက်သူ အဖြစ် ဆောင် ရွက် ခဲ့ပြီး သူမရဲ့ သီချင်းသစ် “I Got You” ဖြင့် ကပြသီဆိုခဲ့ပါတယ်။  BeBe’s Youtube Channel  မှာ “I Got You” သီချင်းဗီဒီယိုကို  ကြည့်ဖို့ မမေ့နဲ့နော်။


LEAVE A REPLY

Please enter your comment!
Please enter your name here