ကိုယ်ဘယ်ထဲ ပါနေလဲ

0
136

akyitawဒါကတော့ နှစ်ပေါင်း ၄ဝကျော် ရှာဖွေထားတဲ့ အတွေ့အကြုံဗျာ။ တော်ရုံလူ ဆိုမရဘူးကျုပ်မို့။ ဒါကလည်း ကျုပ် လိုလူပျိုကြီးမို့ သိတာ။ ဆို ပါတော့ဗျာ လူဆိုတာ အရွယ် ရောက်လာရင် သားကောင်း တစ်ဦး၊ သစ်တစ်ပင် မွေးမြူနိုင်ရပါ တယ်။ ဟုတ်ပါတယ်။ လူ့လောကမှာ လူရယ် လို့ဖြစ်လာရင် လူ့မျိုးဆက် ဆက်ပြီးရှင်သန်နိုင်ဖို့၊ သားကောင်း တစ်ဦးတော့ ချန်ရစ်ခဲ့ ရမှာဖြစ်ပါ တယ်။ ဒါ့အပြင် အဲဒီလူ မျိုး ဆက် ကလေးတွေ သာသာယာယာ အေးအေး ချမ်းချမ်း အသက်ရှင်နိုင်ဖို့ သစ်ပင် တစ်ပင်လည်း စိုက်ပျိုးနိုင် ရမှာပါ။ ဟုတ်ကဲ့၊ ကျွန်တော် သစ်နှစ် ပင် စိုက်ထားပါတယ်။

ဒီလို လူ့တာဝန်တွေ သိလျက်နဲ့ လူတွေဘာလို့ အပျိုကြီး၊ လူပျိုကြီး ဖြစ်နေရတာလဲ။ ကျွန်တော် ကလည်း အရွယ်လွန် လူပျိုကြီး ဖြစ်ရတာမို့ စဉ်းစားမိတယ်။ ပြီးတော့မှ ချရေးလိုက်တယ်။

အပျိုကြီးဖြစ်ရ ခြင်းအကြောင်းအရင်း
၁။ ရှံဟိုင်း
၂။ မူလွန်
၃။ ကပ်ကျော်
၎။ ရွေးကျန်
၅။ သဟာ
စသည်ဖြင့် ငါးမျိုးပေါ်ထွက်လာ ပါတယ်။ ဒါကတော့ ခက်ဆစ်ပေါ့။ အဓိပ္ပာယ် ရှင်းပြပါမယ်။

အပျိုကြီး ဖြစ်ရခြင်း အကြောင်းအရင်း

၁။ ရှံဟိုင်း
အများအမြင်မှာ “ရှံ” ပြီး (ရှန်းပြီး) “ဟိုင်း” ကျန်ခဲ့သူ
၂။ မူလွန်
ကိုယ့်ဟာကိုယ် “အမူလွန်”ပြီး ကျန်ခဲ့သူတွေ
၃။ ကပ်ကျော်
သူတို့ကိုပဲ “ကပ်ကပ်” ပြီး “ကျော်” သွားခံရသူတွေ
၎။ ရွေးကျန်
ကိုယ်တိုင်လည်း “ရွေးရင်းရွေး ရင်း” “ကျန်” ခဲ့ရသူတွေ
၅။ သဟာ
ကိုယ့်ကိုယ်တိုင် “သ”နေရင်း အိမ်ထောင်ပြုဖို့ လစ် “ဟာ”သွားသူတွေ စသည်ဖြင့် အမျိုးမျိုး ပေါ်လာပါ တယ်။

အပျိုကြီးဖြစ်သွားတဲ့ မိန်းက လေးအတော် များများဟာ အဲဒီငါးမျိုး နဲ့ လွတ်ကင်းလေ့ မရှိပါဘူး။   ဒါချည်း လား။ မဟုတ်သေးပါဘူး။
ရည်းစား မရဘဲ ကျန်ရစ်နေတဲ့ ယောက်ျား တွေကို ခေါ်တဲ့အခေါ်တွေ ရှိပါ တယ်။

၁။ ချိန်ပါ
၂။ ရာမ
၃။ ပိုးဟပ်
ဒါကလည်း အတိုကောက်ပါ။ အဓိပ္ပာယ် အပြည့်အစုံက
၁။ ချိန်ပါ
ကိုယ်က “ချိန်” လိုက်တိုင်း သူများ နောက် “ပါ”သွားတဲ့သူ
၂။ ရာမ
ကိုယ်က “လျာ”ရုံရှိသေးတယ်။ သူများ ဝင် “မ” သွားတယ်။
၃။ ပိုးဟပ်
ကိုယ်က ပိုးယုံပိုးရသေးတာ။ သူများဝင်ဟပ်သွားပြီး ကျန်ရစ်သူ။
အဲဒါက ကျန်ရစ်သူတွေရဲ့ မျိုးကွဲပါ။ အဲဒီသုံးမျိုးရဲ့ မျိုးစိတ်ကြီး ရှိပါတယ်။ သူတို့ရဲ့ မူရင်းမျိုးနွယ်က
“လုံးတီး”
အဓိပ္ပာယ်က
ကိုယ်ကရမလားဆိုပြီး “လုံး” ရုံ ရှိသေး။ သူများကဝင် “တီး”သွားတာ ပါ။ ကဲဒါဆို  အပျိုကြီးတွေပဲ ကျန်ရစ် တွေအတွက် ပဲရှိတာလား။ မဟုတ်ပါ ဘူး။ လူပျိုကြီးတွေ မှာလည်း ရှိပါတယ်။ လူပျိုကြီးလည်း  ငါးမျိုး ရှိပါတယ်။ ကြည့်ရအောင်။

၁။ လုံးတီး (ချိန်ပါ၊ ရာမ၊ ပိုးဟပ်)
၂။ ကြောင်ပျင်း
၃။ ရွေးကျော်
၎။ ဘဲဥ
၅။ ငွေ့ပျော်

ဒါက ခက်ဆစ်ပါ အဓိပ္ပာယ်က
၁။ လုံးတီး (ချိန်ပါ၊ ရာမ၊ ပိုးဟပ်)
ကိုယ်က “လုံး”လိုက်တိုင်း သူများ “တီး”သွားတာ
၂။ ကြောင်ပျင်း
မိန်းကလေးတစ်ယောက်ကိုရဖို့ “ကြောင်”ရမှာတောင် “ပျင်း” နေတဲ့ သူတွေ။ ဥပမာ- အရက်သမားနှင့် အခြား
၃။ ရွေးကျော်
ဟိုလူရွေးရနိုး၊ ဒီလူရွေးရနိုးနဲ့ “ကျော်”သွားတဲ့သူတွေ
၎။ ဘဲဥ
ဒါကတော့ အင်မတန် စိတ်ဆိုး စရာကောင်းတဲ့ အမျိုးအစားပါ။ “ဘဲ” အချင်းချင်းပဲပြန် “ဥ” ချင်နေကြတဲ့ အခြေအနေတွေ “ဟိုမို” တွေပါ။
၅။ ငွေ့ပျော်
ဒီအမျိုးအစားက မိန်းကလေး တွေနဲ့ မရင်းနှီးတာမဟုတ်ဘူး။ မိန်းကလေးတွေအနားမှာပဲရှိတယ်။ ဒါပေမဲ့ ရည်းစားထားဖို့၊ အိမ်ထောင် ပြုဖို့မပြောနဲ့ အငွေ့နဲ့တင် “ပျော်” နေတဲ့သူမျိုးပါ။

ကဲ ဒီလောက်ဆို အပျိုကြီး၊ လူပျိုကြီး အကြောင်း သိပြီ။ အပျိုကြီး၊ လူပျိုကြီးတွေလည်း ကျွန်တော့်ကို အမြင်ကတ်လောက်ပြီ ထင်ပါတယ်။ ပြီးရင် ငါလည်း ဘယ် အမျိုးအစား ပါနေပါလိမ့်လို့ တွေးနေမိကြမှာပါ။ ဒီတစ်ပတ်တော့ ဒီလောက်ပါပဲ။

အကြည်တော်


LEAVE A REPLY

Please enter your comment!
Please enter your name here