တက်တူးများဖုံးပြီး ဇာတ်ကားများ ဖန်တီးချင်သေးတဲ့ ခင်လှိုင်

0
906

khin-hlaing-copy

ခင်လှိုင်က ‘ဘော်ဘော် ကထှော်’ ဇာတ်ကားရိုက်ကူးဖို့ ခန္ဓာ ကိုယ်ပေါ်က တက်တူးတွေကိုဖျက်ပြီး ရိုက်ကူးနေတာကို တွေ့ရပါတယ်။ ခန္ဓာကိုယ်ပေါ်မှာ တက်တူး ပုံစံ မျိုးစုံရှိတဲ့ ခင်လှိုင်ကို အခုလို တက်တူးမရှိဘဲ မြင်တွေ့ရတဲ့ အတွက် ပရိသတ်တွေ အံ့အား သင့် ခဲ့ရသလို ကိုယ် ကိုယ် တိုင် လည်း မှန် ထဲပြန်ကြည့် တဲ့အခါ အသစ် တစ်ယောက်လို ခံစား ရတယ်လို့ ခင်လှိုင် က ဆိုပါတယ်။

“ဒီဇာတ်ကား ကို ရိုက်ကူး ဖို့ တက် တူးဖော်မယ်၊ မဖော်ဘူးဆိုပြီး ဒါရိုက်တာနဲ့ မျိုးစုံညှိနှိုင်းခဲ့ကြပါ တယ်။ တက်တူးနဲ့ဆိုရင် ဆင်ဆာ မူဝါဒအရ အဆင်မပြေမှာစိုးတာ လည်း ပါတယ်။ နောက်ပြီး ပရိသတ် တွေက မြင့်မြတ်နဲ့ ခင်လှိုင်ဆိုရင် တက်တူး တွေ တစ်ကိုယ်လုံးရှိ တယ် လို့ပဲ သိထားကြတယ်။ အဲဒါကြောင့် ပရိသတ်တွေရဲ့ အာရုံကို ပြောင်းလဲ သွားအောင် ဖမ်းစားချင်တာလည်း ပါပါတယ်” လို့ ခင်လှိုင်က ပြောပါ တယ်။ ခင်လှိုင်က တက်တူးတွေကို ဆေးနဲ့ခဏဖျက်တဲ့အခါ တွေ့ကြုံရ တဲ့ အခက်အခဲတွေနဲ့ပတ်သက်ပြီး

“အစ်ကိုတို့ကျတော့ တစ်ကိုယ် လုံးလုပ်ရတဲ့အတွက် ချွေးပေါက်တွေ ပိတ်ပြီး ဖျားချင်သလိုလိုတွေ ဖြစ် တယ်။ ကပ်စေးကပ်စေး လည်းဖြစ် တယ်။ ပထမတုန်းက ဆီဆေးနဲ့ Body Paint  ရောပြီး Gun နဲ့မှုတ် တယ်။ အဲဒီဆေးက ရေစိုတော့ခံ တယ်။ ဒါပေမဲ့ ဖျက်တဲ့အခါ တအား ဒုက္ခရောက်တယ်။ နောက်တော့Water Color နဲ့ Body Paint  ရောထားတဲ့ သုတ်ဆေးကို သုံး တယ်။ ဒါပေမဲ့ ရေကူးတဲ့ အခန်း   တွေဆိုရင်တော့Gun နဲ့ပဲ မှုတ်ပါ တယ်။ အစ်ကိုက ယားတတ်တော့Gun  နဲ့မှုတ်တဲ့အခါ ခါးတော်တော် ယားပါတယ်” လို့ အခက် အခဲတွေကို ပြောပြပါတယ်။

အခုလို ခေတ်မီနည်းပညာ များကို အသုံးပြုပြီး တက်တူးများကို ဖျက်ခွင့်ရပြီဖြစ်တဲ့အတွက် ခင်လှိုင် က တက်တူးများကိုဖုံးပြီး ဇာတ် ကားများ ထပ်မံဖန်တီးချင်ပါသေး တယ်လို့ ဆိုပါတယ်။

မြတ်မိုးပွင့်
ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here