Paul Walker ကို လွမ်းဆွတ်နေသူ Vin Diesel

0
160

vin-diesel-paul-walker-and-tyresePaul Walker နဲ့ Vin Diesel တို့ နှစ်ဦးဟာ ၂ဝဝ၂ ခုနှစ်တုန်း က The Fast and the Furious ဇာတ်ကားနဲ့ MTV Movie Award မှ ချီးမြှင့်တဲ့  Best On-Screen Duo ဆုကို ရရှိခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ညီအစ်ကို ရင်းချာ လိုဖြစ်နေပြီး အနိုင်မခံ အရှုံးမပေးတတ် တဲ့ စိတ်ဓာတ် ရှိတာ ချင်းတူပါတယ်။ ၂ဝ၁၄ ခုနှစ်မှာလည်း MTV Movie Awards က ချီးမြှင့်တဲ့ ဆုကို ထပ်မံ ရရှိခဲ့ပေမယ့် ဒီတစ်ခါ မှာတော့ Walker က လက်ခံနိုင်ခြင်း မရှိတော့ပါဘူး။ လွန်ခဲ့တဲ့ လအနည်းက ကားမှောက်လို့ သေဆုံး သွားခဲ့ပါတယ်။ Furious 7 ရဲ့ ကြော်ငြာကို အွန်လိုင်းမှာ တင်ပြီး ၂၄ နာရီအတွင်းမှာ ကြည့်ရှုမှု အမျာကြီး ဇာတ်ကားကြော် ငြာအဖြစ် ကမ္ဘာတစ်ဝန်းမှာ စံချိန်တင် သွားပါတယ်။

ဒီဇင်ဘာ ၂၁ ရက်က Diesel က အစ်ကို Paul Walker ကို ကျေးဇူးတင်စကား သွားရောက် ပြောဆိုခဲ့ပြီး သူရဲ့ instagram မှာ  “နောက်ဆုံးပိုင်း ရိုက်ကူးရန် ကျန်နေ သေးတဲ့ အတွက် Paul Walker ကကူညီ ရိုက်ပေးခဲ့ပါတယ်။ Paul Walker က ကျွန်တော့်ကို ခွန်အားတွေ၊ ရည်မှန်းချက်တွေ နဲ့ ဘယ် လို ဖြေရှင်းရမလဲဆိုတဲ့ အချက်တွေကို လမ်းပြပေးပါတယ်။ Walker အတွက် ဂုဏ်ယူလို့ရမယ့် အရာတွေ အားလုံးကို ကျွန်တော် ပြုလုပ်သွားဖို့ ကတိပေးသလို သူ့အတွက် အမြဲ ဆုတောင်း ပေးနေမှာပါ။.. သူ့ကိုလွမ်းနေပါတယ်”  ဆိုတဲ့ စာသားကို ၂ဝဝ၂ ခုနှစ်တုန်းက Walker နဲ့အတူ ဆု တက်ရောက်ယူခဲ့တဲ့ပုံနဲ့  instagram မှာ တင်ခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here