ကိုယ့်ရဲ့အနုပညာကို တန်ဖိုးရှိရှိ တင်ပြဖို့ အရေးကြီးတယ် အကယ်ဒမီ ဦးကျော်သူ

0
1162

kyaw-thu-copy

၂ဝ၁၆ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင်အကယ်ဒမီပွဲကြီးက  တော့ တဖြည်းဖြည်းနဲ့ နီးကပ်လာပြီဖြစ်ပါတယ်။ ရုပ်ရှင် ချစ်ပရိသတ်များ အတွက်လည်း ကိုယ်ချစ်တဲ့ အနုပညာရှင်တွေ အတွက် အကယ်ဒမီရင်ခုန်သံကလည်း စတင်လှုပ်ခတ်လို့ လာခဲ့ ပြီဖြစ်ပါတယ်။ ဒါပေမဲ့ လည်း နှစ်ပေါင်းများစွာ အကယ်ဒမီ ရင်ခုန်မှုနဲ့အတူ အငြင်းပွားဖွယ် ဝေဖန်သံတွေ ကလည်း အကယ်ဒမီ ပွဲပြီးတိုင်းကြားနေရတာက လည်း ဖြစ်ရိုးဖြစ်စဉ် ဓမ္မတာတစ်ခုအလား တဖြည်းဖြည်း ကြီးထွား လို့သာ ဖြစ်တည်နေခဲ့ကြပါတယ်။ အကယ်ဒမီ ဝေဖန်သံတွေကို
ရပ်တန့်သွားစေချင်သူ အကယ်ဒမီ ဦးကျော်သူကတော့

“ရုပ်ရှင်နဲ့ပတ်သက်ပြီး ပြောရ မယ်ဆိုရင် ပြီးခဲ့တဲ့တစ်နှစ် ကျော်က ကျွန်တော့်ကို ရုပ်ရှင်အကယ်ဒမီဘုတ် အဖွဲ့မှာ ပါဝင် ပေးဖို့ ကမ်းလှမ်းခဲ့ဖူးတယ်။ ကျွန်တော်လည်း ပရဟိတ အလုပ်တွေနဲ့ မအားတော့ မပါဝင် နိုင်ခဲ့ဘူး။ ဒါပေမဲ့ ကျွန်တော်အကြံပြုခဲ့တယ်။
မြန်မာ့ရုပ်ရှင်အကယ်ဒမီကို မြန်မာပညာရှင်တွေက မပေးပါနဲ့။ တကယ်လို့ မြန်မာပညာ ရှင်တွေက ရွေးချယ်ပေးခဲ့မယ်ဆိုရင် “ဟော ..သူကတော့ ရမှာပေါ့။ အကယ်ဒမီဘုတ်အဖွဲ့က ဘယ်သူဘယ်ဝါနဲ့ အဆင်ပြေလို့၊ ဘုတ်အဖွဲ့က ပိုက်ဆံဘယ်လိုရထားလို့၊ လာဘ်ထိုး ထားလို့” ဒီလိုမျိုး ပြောနေကြမှာပဲ။ ဒါကြောင့်မို့လို့ ပြည်ပနိုင်ငံက အနုပညာရှင်တွေကိုပြပါ။ ဥပမာ- ကိုယ် တွေကတော့ ဆန်ခါတင်ဇာတ် ကား ၅ ကားရွေးလိုက်မယ်။ ဘယ်ဇာတ် ကား၊ ဘယ်ဇာတ်ကား အကောင်းဆုံးပေါ့။ ဒီ ရွေးထားတဲ့ ဆန်ခါတင် ဇာတ်ကား ၅ ကားကို   ပြည်ပ ပညာရှင် တွေကို ပြလိုက်ပါ။ အိုက်တင် ဘယ်သူကောင်းလဲ၊ ဒါရိုက်တာ ဘယ်သူသင့်တော်လဲ၊ မြူးဇစ်က ဘယ်ဟာကောင်းလဲ။ ဒါကို ပြည်ပ ပညာရှင်တွေက ရွေးချယ်ပြီး ပေး လိုက်မယ်ဆိုရင် ဒီအသံ တွေက တိတ်သွားမှာ။ ဒီမင်းသားက အင်တာနေရှင်နယ် အိုက် တင်မျိုးဖြစ်တယ်။ ဒါကြောင့် သူရသင့်တယ်ပြောခဲ့ရင် မင်းသား နာမည်ထွက်မှာပဲ။ မြန်မာပြည်ရဲ့ ရှုခင်းရှုကွက်တွေကို သူတို့တွေ မြင်သွား ရင် မြန်မာပြည်ရှုခင်းတွေ ကောင်းတယ်၊ မြန်မာပြည်မှာ လာရိုက်ကူးမယ်ဆိုပြီးတော့ တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်ကိစ္စမျိုး ဖြစ်မယ်။ မြန်မာ့ ရုပ်ရှင်လောကလည်း နိုင်ငံတကာကို ထိုး ဖောက်နိုင်မယ်။ မြန်မာပြည်က လူတွေနဲ့ ဖက်စပ်ရုပ်ရှင်ရိုက် တာတို့၊ သူတို့ဘာသာ မြန်မာပြည် ကို လာရောက်ရိုက်ကူးတာတို့ ဖြစ်လာနိုင်တယ်။ နိုင်ငံတကာ ကလည်း မြန်မာပြည်ကို စိတ်ဝင်စားလာမယ်” လို့ ဦးကျော်သူ က သူ့ရဲ့ အကြံပြုချက်ကို ဖွင့်ဟ ပြောပြပါတယ်။ ဒါ့အပြင် ဦးကျော်သူက လက်ရှိရုပ်ရှင်လောက အနေ အထားနဲ့ အရင်ခေတ် ရုပ်ရှင်လောက ကွာခြား မှုအနေအထားကိုလည်း အခုလို ပြောပြခဲ့ပါတယ်။

“၂ဝဝ၇ ခုနှစ်မတိုင်ခင်အထိ ကျွန်တော် ရုပ်ရှင်ရိုက်ကူးခဲ့တယ်။ ကျွန်တော်တို့ရိုက်ကူးခဲ့ တုန်းကဆိုရင် ကင်မရာက အကြီးကြီးတွေ။ မီးလုံး ကြီးတွေဆိုရင်လည်း တစ်ယောက်တည်း မနည်းကို မယူရတာ။ အခု ဆိုရင် ကင်မရာကအစ ပေါ့ပေါ့ ပါးပါး၊ မီးလုံးတွေဆိုလည်း   ပေါ့ပေါ့ပါးပါး။ စက်မှု ပိုင်းဆိုင်ရာတွေက ပေါ့ပါးလာတယ်။ စက်မှုပိုင်း ဆိုင်ရာ ပေါ့ပါးလာတာနဲ့အမျှ ကင်မရာမင်းတွေ၊ သရုပ်ဆောင်တွေ ကအစ ကိုယ်က ပိုပြီးတော့ ထဲထဲဝင်ဝင် လေးလေးနက်နက်နဲ့လုပ်ဖို့က အရေး ကြီးတယ်။ ကိုယ်ပါ ခပ်ပေါ့ပေါ့လုပ်ရင်တော့ ဒီ အတိုင်းပဲ သွားမှာပဲ။ နောက်ပြီးတော့ မြန်မာ့ရုပ်ရှင် နာမည်ပျက်မှာပဲ။ ရုပ်ဝတ္ထုပစ္စည်းတွေ ပေါ့လာပေ မယ့် ကိုယ်ပါလိုက်ပေါ့နေရင်တော့ သွားမှာပဲ။ အဲဒီတော့ ကိုယ်က လေးလေးပင်ပင် အာရုံစူးစိုက် ပြီး ကိုယ့်ရဲ့အနုပညာကို တန်ဖိုးရှိရှိ တင်ပြဖို့ အရေးကြီးတယ်” လို့ ဦးကျော်သူက သူ့ရဲ့အကြံပြု ချက်ကို ပြောပြခဲ့ပါတယ်။

မျိုးကျော် (ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here