Home Movies ထိုင်းနိုင်ငံအတွင်း ဖြစ်ပွားသော ယာဥ်မတော်တဆမှုကြောင့် အသက်ဆုံးရှုံးခဲ့သည့်မြန်မာအလုပ်သမားအတွက် အာမခံငွေ ဘတ် ၁၅ သိန်း အပြည့်အဝ ထုတ်ယူပေးအပ်နိုင်ခဲ့

ထိုင်းနိုင်ငံအတွင်း ဖြစ်ပွားသော ယာဥ်မတော်တဆမှုကြောင့် အသက်ဆုံးရှုံးခဲ့သည့်မြန်မာအလုပ်သမားအတွက် အာမခံငွေ ဘတ် ၁၅ သိန်း အပြည့်အဝ ထုတ်ယူပေးအပ်နိုင်ခဲ့

0
86

ဘန်ကောက်၊သြဂုတ်-၄

ထိုင်းနိုင်ံအတွင်း ဖြစ်ပွားခဲ့သည့်ယာဉ်မတော်တဆမှုကြောင့် အသက်ဆုံးရှုံးခဲ့သည့် မြန်မာအလုပ်သမား မောင်အောင်မင်းသိန်း၏ မိသားစုအတွက် ရသင့်ရထိုက်သည့် အာမခံကြေးငွေ ဘတ် ၁၅ သိန်းကို အပြည့်အဝ ထုတ်ယူပေးအပ်နိုင်ခဲ့ပြီဖြစ်ကြောင်း အလုပ်သမားသံအရာရှိရုံးမှ သိရသည်။

၂၀၂၆ ခုနှစ်၊ ဇွန်လအတွင်း ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ရာမှ အသက်ဆုံးရှုံးခဲ့သည့် မောင်အောင်မင်းသိန်းအတွက် ပုဂ္ဂလိကအာမခံကုမ္ပဏီမှ ရရှိမည့် အာမခံငွေများ ထုတ်ယူနိုင်ရေးကို အလုပ်သမားသံအရာရှိရုံးက ကူညီဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ အာမခံငွေ ဘတ် ၁,၅၀၀,၀၀၀ အနက် ပထမအကြိမ်အဖြစ် ဘတ် ၅၀၀,၀၀၀ ကို ဇူလိုင် ၁၀ ရက်နေ့တွင် အလုပ်သမားသံအရာရှိရုံး၌ ကွယ်လွန်သူ၏ ဇနီးဖြစ်သူထံ ပေးအပ်ခဲ့ပြီးဖြစ်သည်။

ထို့နောက် ဩဂုတ် ၃ ရက် မွန်းလွဲပိုင်းတွင် အာမခံကုမ္ပဏီမှ ထပ်မံရရှိသည့် ဘတ် ၁,၀၀၀,၀၀၀ ကို ဒုတိယအကြိမ်အဖြစ် အလုပ်သမားသံအရာရှိရုံး၌ ဇနီးဖြစ်သူထံ ထပ်မံပေးအပ်ခဲ့ကြောင်း သိရသည်။

အလုပ်သမားသံအရာရှိရုံးအနေဖြင့် မောင်အောင်မင်းသိန်းအတွက် ရသင့်ရထိုက်သည့် အာမခံငွေ ဘတ် ၁၅ သိန်းလုံးကို မိသားစုထံ အပြည့်အဝ ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here