Tuesday, August 4, 2026

စပိုက်ဒါမန်းရုပ်ရှင်ဝင်ငွေက ဇယားတွင် ထိပ်ဆုံးမှ ဦးဆောင်နေ

လော့စ်ဆန်းဂျလိစ်၊ ဩဂုတ် ၂ ရက် Sony နှင့် Marvel တို့၏ စူပါဟီးရိုး ရုပ်ရှင်ဇာတ်ကား ဖြစ်သော "Spider-Man: Brand New...

မိုးသည်းထန်၍ ချန်ဒူး၌ တနင်္လာနေ့တွင် ရထားခရီးစဉ်...

ချန်ဒူး၊ ဩဂုတ် ၂ ရက် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်၏ မြို့တော် ချန်ဒူးမြို့မှ ထွက်ခွာမည့် သို့မဟုတ် ဆိုက်ရောက်ရပ်နားမည့် ရထားခရီးစဉ် ၃၁...

AI နည်းပညာဖြင့် တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်မှု...

AI လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် ဒီဂျစ်တယ်ပညာရေး ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ ကွေ့ယှန်း၊ ဩဂုတ် ၃ တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်၌ ကျင်းပသည့် ၂၀၂၆ တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်မှု...

အီဂျစ်၌ ပြင်းအား ၅.၄ အဆင့်ရှိ...

ပေကျင်း၊ ဩဂုတ် ၃ ရက် အီဂျစ်နိုင်ငံ၌ တနင်္လာနေ့ ဂရင်းနစ်စံတော်ချိန် ၀၀၀၀ နာရီတွင် ပြင်းအားမာဏ ၅.၄ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း...
HomeMoviesမြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ဆေးဝါးအရည်အသွေးအာမခံမှုနှင့်...

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ဆေးဝါးအရည်အသွေးအာမခံမှုနှင့် ဆေးဝါးကွပ်ကဲရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးဆွေးနွေး

နေပြည်တော်၊ သြဂုတ်-၄
ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA Myanmar) နှင့် အိန္ဒိယအစိုးရ၏ Indian Pharmacopoeia Commission (IPC) တို့အကြား ဒုတိယအကြိမ် ပူးတွဲလုပ်ငန်းအဖွဲ့ (Joint Working Group – JWG) အစည်းအဝေးကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂၇ ရက်မှ ၂၉ ရက်အထိ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် FDA Myanmar ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆွေဆက် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် IPC ၏ Secretary-cum-Scientific Director ဖြစ်သူ Dr. V. Kalaiselvan ဦးဆောင်သည့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး နှစ်နိုင်ငံအကြား ဆေးဝါးစံချိန်စံညွှန်း၊ အရည်အသွေးအာမခံမှုနှင့် ဆေးဝါးကွပ်ကဲရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။

ယင်းအစည်းအဝေးမှတစ်ဆင့် မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံအကြား ဆေးဝါးကဏ္ဍပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေရန်၊ နည်းပညာနှင့် သတင်းအချက်အလက်ဖလှယ်မှုများ တိုးမြှင့်ဆောင်ရွက်ရန်၊ သုတေသနနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးအစီအစဉ်များကို အကောင်အထည်ဖော်ရန်နှင့် ပြည်သူများအတွက် အရည်အသွေးပြည့်မီ၍ ဘေးကင်းလုံခြုံသော ဆေးဝါးများကို ပိုမိုထိရောက်စွာ ရရှိအသုံးပြုနိုင်စေရေးအတွက် အရေးပါသည့် အစည်းအဝေးတစ်ရပ်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စပိုက်ဒါမန်းရုပ်ရှင်ဝင်ငွေက ဇယားတွင် ထိပ်ဆုံးမှ ဦးဆောင်နေ

လော့စ်ဆန်းဂျလိစ်၊ ဩဂုတ် ၂ ရက် Sony နှင့် Marvel တို့၏ စူပါဟီးရိုး ရုပ်ရှင်ဇာတ်ကား ဖြစ်သော "Spider-Man: Brand New Day" သည် ရုံတင်သည့် ပထမပတ် အားလပ်ရက်အတွင်း မြောက်အမေရိက ရုံဝင်ငွေ စာရင်း၌ အမေရိကန်ဒေါ်လာ ၃၅၅ သန်းခန့် ရရှိကာ ထိပ်ဆုံးနေရာတွင် ရပ်တည်နိုင်ခဲ့ကြောင်း Comscore က တနင်္ဂနွေနေ့က ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။ အဆိုပါဇာတ်ကားရုံတင်ပြသမှုသည် ၂၀၁၉ ခုနှစ်က ဒေါ်လာ ၃၅၇ သန်းဖြင့် ရုံတင်ခဲ့သည့်...

မိုးသည်းထန်၍ ချန်ဒူး၌ တနင်္လာနေ့တွင် ရထားခရီးစဉ် ၃၁ ခု ရပ်နားမည်

ချန်ဒူး၊ ဩဂုတ် ၂ ရက် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်၏ မြို့တော် ချန်ဒူးမြို့မှ ထွက်ခွာမည့် သို့မဟုတ် ဆိုက်ရောက်ရပ်နားမည့် ရထားခရီးစဉ် ၃၁ ခုကို မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တနင်္လာနေ့တွင် ယာယီရပ်နားသွားမည်ဖြစ်ကြောင်း China Railway Chengdu Group Co., Ltd. က တနင်္ဂနွေနေ့ညပိုင်း၌ ပြောကြားခဲ့သည်။ ယခုကဲ့သို့ ခရီးစဉ်ရပ်နားမှုသည် ပေကျင်း၊ ရှန်ဟိုင်း၊ ကွမ်ကျိုး နှင့် ရှန်ကျန်းအပါအဝင် တရုတ်နိုင်ငံ မြောက်ပိုင်း၊ အနောက်မြောက်ပိုင်းနှင့် အနောက်တောင်ပိုင်းရှိ အခြားသော မြို့အချို့သို့...

AI နည်းပညာဖြင့် တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်

AI လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် ဒီဂျစ်တယ်ပညာရေး ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ ကွေ့ယှန်း၊ ဩဂုတ် ၃ တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်၌ ကျင်းပသည့် ၂၀၂၆ တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်မှု ရက်သတ္တပတ် အခမ်းအနားတွင် ဉာဏ်ရည်တု (AI) နည်းပညာသည် တရုတ်နှင့် အာဆီယံနိုင်ငံများအကြား ပညာရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးမည့် အဓိကမောင်းနှင်အားတစ်ရပ်အဖြစ် ရပ်တည်နေကြောင်း တက်ရောက်လာသည့် ပညာရေးတာဝန်ရှိသူများနှင့် ကျွမ်းကျင်ပညာရှင်များက သဘောတူညီခဲ့ကြသည်။ အခမ်းအနားတွင် AI နည်းပညာကို အဆင့်မြင့်ပညာရေး သင်ရိုးညွှန်းတမ်းများ၌ ပေါင်းစပ်အသုံးပြုရေး၊ လုပ်ငန်းခွင်နှင့် ပညာရေးချိတ်ဆက်မှု မြှင့်တင်ရေး၊ AI လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071