Tuesday, August 4, 2026

အင်အားအနည်းငယ်ရှိ ငလျင်တစ်ခု မော်လိုက်မြို့ကို ဗဟိုပြုလှုပ်ခတ်

အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုသည် ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းက မော်လိုက်မြို့ကိုဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ နံနက် ၉ နာရီ ၂၆...

ရေကြည်မြို့နယ်မှ ရေဘေးသင့်နေသူများအားကူညီရွှေ့ပြောင်း

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ တောင်လဟာကျေးရွာအုပ်စုတွင် ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ယနေ့ သြဂုတ် ၄ ရက်နံနက် ၈ နာရီခွဲခန့်မှစတင်ကာ ရေဝင်ရောက်လျက်ရှိသော တောင်လဟာကျေးရွာအုပ်စုရှိ...

လေးမျက်နှာမြို့နယ်မှ ရေဘေးသင့်သူများကို ဆန်ရိက္ခာအပါအဝင် ထောက်ပံ့ပစ္စည်းများပေးအပ်

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် ရေဘေးသင့်ကာ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ၌ခိုလှုံနေထိုင်နေကြရသူများအား ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်နှင့် တာ ဝန်ရှိသူများက ထောက်ပံ့ပစ္စည်းများကိုစဥ်ဆက်မပြတ်ပေးအပ်လျက်ရှိကြောင်း သိရသည်။ ယမန်နေ့ သြဂုတ် ၃...

လျှပ်စစ်နှင့် ပတ်သက်သည့် ဘာသာရပ် ၁၉...

ရန်ကုန်၊ ဩဂုတ် ၄လျှပ်စစ်ကျွမ်းကျင်မှု အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၆) ကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းရှိ လျှပ်စစ်စစ်ဆေးရေး သင်တန်းခန်းမ၌ ဩဂုတ် ၃...
HomeInternationalအီရန်ကို အရေးယူဖို့ ပုံမှန်မဟုတ်တဲ့...

အီရန်ကို အရေးယူဖို့ ပုံမှန်မဟုတ်တဲ့ နည်းလမ်းသစ်တွေကို အမေရိကန်စစ်တပ် ရှာဖွေနေ

အမေရိကန် ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) ဟာ အီရန်ကို အပြစ်ပေးဖို့ ပုံမှန်မဟုတ်တဲ့၊ ထူးခြားဆန်းသစ်တဲ့ နည်းလမ်းသစ်တွေ စဉ်းစားပေးဖို့ စစ်ဘက်ဆိုင်ရာ သုတေသီတွေကို တောင်းဆိုထားတယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး CNN က သတင်းဖော်ပြခဲ့ပါတယ်။

“အီရန်ကို ဖိအားပေးဖို့နဲ့ အပြစ်ပေးနိုင်ဖို့ ဖန်တီးမှုပါတဲ့ နည်းလမ်းသစ်တွေနဲ့ ပုံမှန်မဟုတ်တဲ့ နည်းလမ်းတွေကို ငါတို့ လိုက်ရှာနေတာ” လို့ CENTCOM ရဲ့ ထောက်လှမ်းရေးအရာရှိတစ်ယောက်က စစ်ဘက်သုတေသီအဖွဲ့ဆီ ပို့တဲ့စာထဲမှာ ရေးထားကြောင်း သတင်းမှာ ပါရှိပါတယ်။

CNN ရဲ့ အဆိုအရတော့ ဒီလိုတောင်းဆိုတာဟာ အီရန်နဲ့ ပတ်သက်ရင် ဝါရှင်တန်အစိုးရမှာ ရွေးချယ်စရာ နည်းလမ်း နည်းပါးနေတာနဲ့ နိုင်ငံရေးအရ လက်ခံဖို့ ခက်ခဲတဲ့ နည်းလမ်းတွေပဲ ရှိတော့တာကို မီးမောင်းထိုးပြနေတာ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း CENTCOM အနေနဲ့ ဘယ်လို အဆိုပြုချက်မျိုးမဆို စဉ်းစားပေးဖို့ အဆင်သင့်ရှိနေတယ်လို့ သတင်းရင်းမြစ်တစ်ခုက Fox News ကို ပြောခဲ့ပါတယ်။ အမေရိကန်စစ်တပ်က အီရန်အပေါ်ထားတဲ့ နည်းဗျူဟာကို ပြန်လည်သုံးသပ်ဖို့ လိုနေပြီလို့ ယူဆနေကြတာပါ။

အမေရိကန်သမ္မတ တရမ့်ကတော့ အမေရိကန်နဲ့ အီရန်ဟာ သြဂုတ် ၃ ရက်နေ့မှာ ငြိမ်းချမ်းရေးသဘောတူညီချက်အတွက် ဆွေးနွေးပွဲလုပ်မယ်လို့ အရင်က ပြောထားဖူးပါတယ်။ သဘောတူညီချက်ရဖို့အတွက် အီရန်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်မယ့် အစီအစဉ်ကို စွန့်လွှတ်ဖို့ သဘောတူခဲ့တယ်လို့လည်း တရမ့်က Truth Social မှာ ရေးခဲ့ပါတယ်။

တရမ့်ရဲ့ အဆိုအရ သဘောတူညီချက် မူဘောင်တွေကို သဘောတူထားပြီးဖြစ်လို့ အီရန်နဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေက ဝါရှင်တန်ကို မတိုက်ခိုက်ဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ “ဒီထဲမှာ ဟော်မုဇ်ရေလက်ကြား (Hormuz Strait) ကို ချက်ချင်း အပြည့်အဝ ပြန်ဖွင့်ပေးဖို့နဲ့ အီရန်ရဲ့ နျူကလီးယားခြိမ်းခြောက်မှုကို အဆုံးသတ်ဖို့တွေ ပါဝင်ပါတယ်” လို့ တရမ့်က ဖြည့်စွက်ပြောခဲ့ပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အင်အားအနည်းငယ်ရှိ ငလျင်တစ်ခု မော်လိုက်မြို့ကို ဗဟိုပြုလှုပ်ခတ်

အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုသည် ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းက မော်လိုက်မြို့ကိုဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ နံနက် ၉ နာရီ ၂၆ မိနစ် ၃၅ စက္ကန့်က မော်လိုက်မြို့၏ အနောက်မြောက်ဘက်(၁၄)မိုင်ခန့် အကွာ၊ အနက်(၅၀) ကီလိုမီတာကိုဗဟိုပြု၍ မဂ္ဂနီကျူ့(၃ ဒသမ ၇)အဆင့်ရှိ အင်းအားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ရေကြည်မြို့နယ်မှ ရေဘေးသင့်နေသူများအားကူညီရွှေ့ပြောင်း

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ တောင်လဟာကျေးရွာအုပ်စုတွင် ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ယနေ့ သြဂုတ် ၄ ရက်နံနက် ၈ နာရီခွဲခန့်မှစတင်ကာ ရေဝင်ရောက်လျက်ရှိသော တောင်လဟာကျေးရွာအုပ်စုရှိ ရေဘေးသင့်နေသူများအား မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲဝင်များက တာဝန်ရှိသူများနှင့်ပူးပေါင်း၍ရေဘေးလွတ်ကင်းရာသို့ကူညီရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရသည်။

လေးမျက်နှာမြို့နယ်မှ ရေဘေးသင့်သူများကို ဆန်ရိက္ခာအပါအဝင် ထောက်ပံ့ပစ္စည်းများပေးအပ်

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် ရေဘေးသင့်ကာ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ၌ခိုလှုံနေထိုင်နေကြရသူများအား ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်နှင့် တာ ဝန်ရှိသူများက ထောက်ပံ့ပစ္စည်းများကိုစဥ်ဆက်မပြတ်ပေးအပ်လျက်ရှိကြောင်း သိရသည်။ ယမန်နေ့ သြဂုတ် ၃ ရက်ကလည်း တိုင်းဝန်ကြီးချုပ်ဦးအေးကျော်နှင့် တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ ညောင်ဝိုင်းကျေးရွာရှိ ယာယီရေ ဘေးကယ်ဆယ်ရေးစခန်းတွင်ခိုလှုံနေထိုင်နေကြသော ရေဘေးသင့်သူများကိုတွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ဆန်ရိက္ခာ၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ကော်ဖီမစ်၊ ရေသန့်၊ ဆေးဝါးနှင့် စားသောက်ဖွယ်ရာများကိုပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ပေါက်ကုန်းကျေးရွာကျောင်း တိုက်ရှိ ယာယီရေဘေးကယ်ဆယ်ရေးစခန်းတွင်ခိုလှုံနေထိုင်နေကြသော ရေ ဘေးသင့်သူများကိုလည်းတွေ့ဆုံကာအားပေးစကားပြောကြားပြီး ဆန်ရိက္ခာ၊ အခြေခံစားသောက်ကုန်များကိုထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့အတူ လေးမျက်နှာမြို့နယ်၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071