ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Arnaude de Baqque တို့ ယနေ့ သြဂုတ် ၃ ရက်နံနက် ၉ နာရီက နှစ်ဦးတည်းသီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံမှုကို ICRC မှလည်း ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာနှင့် အင်တာနက် ဝက်ဆိုဒ်တို့မှလည်း ယ နေ့ သြဂုတ် ၃ ရက်၌ပင် အသိပေးထုတ်ပြန်ခဲ့သည်။
ICRC ၏ထုတ်ပြန်ချက်တွင် တွေ့ဆုံမှုသည် လွတ်လပ် ခွင့်ဆုံးရှုံးနေသူများထံသို့ သွားရောက်တွေ့ဆုံလည်ပတ်ခြင်းဆိုင်ရာ ICRC ၏ စံနှုန်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင် ရွက်ခဲ့ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် သီးသန့်တွေ့ဆုံစကားပြောဆိုခွင့်ရရှိခဲ့သည်ဟု ဖော်ပြထားသည်။
ထို့ပြင် ICRC ၏ အကျဉ်းထောင်ဆိုင် ရာလုပ်ငန်း၏ ဓလေ့ထုံးစံနှင့်အညီ သွားရောက်လည်ပတ်မှုအတွင်း လေ့ လာတွေ့ရှိချက်များနှင့် အကြံပြုချက်များကို အကျဉ်းထောင်တာဝန်ရှိသူ များနှင့်သာအတွင်းရေးကိစ္စအဖြစ် ထိန်းသိမ်းထားရှိမျှဝေသွားမည်ဟုလည်း ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်အား လက်ရှိတွင်ကောင်းမွန်စွာ ထားရှိပြီး ၎င်း၏ ကျန်းမာရေးအခြေအနေမှာတည်ငြိမ်ကောင်းမွန်လျက်ရှိသည်။
