Home International တရုတ် ကန်စုပြည်နယ် ရေကြီး မြေပြိုမှုတွင် ‌ေ-သဆုံးသူဦးရေ တိုးလာ

တရုတ် ကန်စုပြည်နယ် ရေကြီး မြေပြိုမှုတွင် ‌ေ-သဆုံးသူဦးရေ တိုးလာ

0
101

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်စုပြည်နယ်တွင် ပြီးခဲ့သည့် သီတင်းပတ်က ရေကြီးရေလျှံမှုများအတွင်း ‌ေ-သဆုံးသူဦးရေသည် ၂၅ ဦးအထိ ရှိလာကာ ဒ-ဏ်ရာရရှိသူ ၂၃ ဦးရှိကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက တနင်္ဂနွေနေ့တွင် သတင်းဖော်ပြခဲ့ပြီး အစောပိုင်းက သတင်းထုတ်ပြန်ထားသည့် ‌ေ-သဆုံးသူ ဦးရေထက် မြင့်တက်လာခြင်းဖြစ်သည်။
        
ဇူလိုင်လ ၂၆ ရက်နေ့က ကန်စုပြည်နယ် တင်းရှီမြို့ရှိ Weiyuan ကောင်တီတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၁၀ ဦး ‌ေ-သဆုံးခဲ့ကြောင်း ကနဦးသတင်းများတွင် ဖော်ပြခဲ့သည်။
       
စုံစမ်းစစ်ဆေးမှုများနှင့် အကဲဖြတ်တွက်ချက်မှုများလုပ်ရန် ကန်စုပြည်နယ်အာဏာပိုင်များက နိုင်ငံတော် သဘာဝဘေးကာကွယ်ရေး၊ လျှော့ချရေးနှင့် ကယ်ဆယ်ရေးကော်မရှင်ကို တောင်းဆိုခဲ့ကြောင်း ဆင်ဟွာက ဖော်ပြခဲ့သည်။
      
နှစ်စဉ် ရေကြီးရေလျှံမှုများဖြစ်လေ့ရှိသောရာသီတွင် မိုးဆက်လက်ရွာသွန်းနေသောကြောင့် တင်းရှီအပါအဝင် မြေပြိုမှုများထပ်မံဖြစ်ပွားနိုင်ကြောင်း ကန်စုအာဏာပိုင်များက သတိပေးထားသည်။
      
ပေကျင်းနှင့် အတွင်းမွန်ဂိုလီးယားတို့တွင်လည်း တနင်္ဂနွေနေ့တွင် ရာသီဥတုဆိုင်ရာ သတိပေးချက်များ ထုတ်ပြန်ခဲ့သည်။
       
စီချွမ်ပြည်နယ်၏ နေရာအတော်များများတွင်လည်း မိုးသည်းထန်စွာရွာသွန်းမှုများ ဆက်လက်ဖြစ်ပေါ်နေပြီး လူ ၆၄,၆၀၉ ဦးကို ရေဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ကြောင်းနှင့် နှစ်စဉ် ရေကြီးရေလျှံရာသီ စတင်ချိန်ကတည်းကဆိုလျှင် ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ရသူဦးရေ ၈၈၁,၀၀၀ ကျော်ရှိကြောင်း နိုင်ငံပိုင် စီစီတီဗီရုပ်သံသတင်းက ဖော်ပြခဲ့သည်။

Ref: အန်တာနာဇီယွန်နားလ်

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here