မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့(CNG)အား တရား မဝင်ရောင်းချ/ဝယ်ယူသည့် ခရီးသည်တင်ကား(၂)စီးကို ရာသက်ပန်ဓာတ်ငွေ့ဖြည့်သွင်းခွင့်ပိတ်သိမ်းအရေး ယူခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။
YBS ၆၅ ယာဉ်လိုင်းတံဆိပ်တပ်ဆင်ထားသော 2I-2957 ခရီးသည်တင်ကားသည် YBS ယာဉ်လိုင်းတွင် အမှန်တကယ်ပြေးဆွဲခြင်းမရှိဘဲ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ရွာသာကြီးအကြီးစားစက်မှုဇုန်အတွင်း စက်ရုံဖယ်ရီပြေးဆွဲလျက်ရှိကြောင်း သိရသည်။
ထို့ပြင် CNG အား ယာဉ်အမှတ် 6F-3682 ကားသို့ တ ရားမဝင်ရောင်းချခြင်းများပြုလုပ်သဖြင့် တာဝန်ရှိသူ များကကြည့်ရှုစစ်ဆေးရာ အမှန်တကယ်ကျူးလွန်ကြောင်းစစ်ဆေးတွေ့ရှိရ၍ 2I-2957 ကားနှင့် 6F-3682 ကားတို့အား ဇွန် ၃၀ ရက်မှစ၍ ရာသက်ပန်ဓာတ်ငွေ့ဖြည့်သွင်းခွင့်ပိတ်သိမ်းအရေးယူခဲ့ကြောင်း သိရသည်။
