Wednesday, July 8, 2026

CNG တရားမဝင်ရောင်းချ/ဝယ်ယူသည့် ခရီးသည်တင်ကား(၂)စီးကို ရာသက်ပန်ဓာတ်ငွေ့ဖြည့်သွင်းခွင့်ပိတ်သိမ်း

မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့(CNG)အား တရား မဝင်ရောင်းချ/ဝယ်ယူသည့် ခရီးသည်တင်ကား(၂)စီးကို ရာသက်ပန်ဓာတ်ငွေ့ဖြည့်သွင်းခွင့်ပိတ်သိမ်းအရေး ယူခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။ YBS ၆၅ ယာဉ်လိုင်းတံဆိပ်တပ်ဆင်ထားသော 2I-2957 ခရီးသည်တင်ကားသည်...

ဘာရိန်းနှင့် ကူဝိတ်ရှိ စစ်စခန်းများကို အီရန်က...

      ဟော်မုဇ်ရေလက်ကြားတွင် ရေနံတင်သင်္ဘောများတိုက်ခိုက်ခံရမှုကို လက်တုန့်ပြန်သည့်အနေဖြင့် အမေရိက,က အီရန်ကို စစ်ရေးတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သောကြောင့် ဗုဒ္ဓဟူးနေ့တွင် ဘာရိန်းနှင့် ကူဝိတ်နိုင်ငံရှိ အမေရိကန်စစ်စခန်းများကို ပစ်မှတ်ထားခဲ့ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်က ပြောကြားခဲ့သည်။       အတိမ်းအစောင်းမခံသော...

ဇူလိုင်ပထမပတ်အတွင်း ရန်ကုန်-မန္တလေးအမြန်လမ်း၌ ယာဉ်တိုက်မှု (၂)...

ပထမဖြစ်စဉ်မှာ ဇူလိုင်လ ၇ ရက် ညနေ ၄ နာရီခန့်တွင် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၄၅/၇ နှင့် ၄၆/၀ ကြား၌...

သံလွင်မြစ်ရေ (၄၈)နာရီအတွင်း ဘားအံမြို့၏စိုးရိမ်ရေမှတ်ရောက်ရှိနိုင်

ကရင်ပြည်နယ်ရှိ သံလွင်မြစ်ရေသည် လာမည့်(၄၈) နာရီအတွင်း ဘားအံမြို့၏စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်သည်ဟု မိုးဇလက ယနေ့ ဇူလိုင် ၈ ရက်မွန်းလွဲ ၂ နာရီတွင်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်၌...
HomeMoviesဇဗ္ဗူသီရိမြို့နယ်၌ ဓာတ်အားလိုင်းထိန်းသိမ်းပြုပြင်မည်ဖြစ်၍ (၂)ရက်ဆက်တိုက်...

ဇဗ္ဗူသီရိမြို့နယ်၌ ဓာတ်အားလိုင်းထိန်းသိမ်းပြုပြင်မည်ဖြစ်၍ (၂)ရက်ဆက်တိုက် အချိန်ပိုင်းလျှပ်စစ် ဓာတ်အားယာယီပြတ်တောက်မည်

ဇဗ္ဗူသီရိမြို့နယ်၌ ဓာတ်အားလိုင်းထိန်းသိမ်းပြုပြင်ခြင်းနှင့် ဓာတ်အားလိုင်းတစ်လျှောက်မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများရှင်းလင်းခြင်းတို့ကို ဇူလိုင် ၉ ရက်နှင့် ဇူလိုင် ၁၀ ရက်တို့၌ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်နေချိန်၌ ၁၁ ကေဗွီ အ ကွက်ကြီး ၄/၅ ဖီဒါ ဓာတ်အားပိတ်၍ဆောင်ရွက်မည်ဖြစ်ရာ သုခသိဒ္ဓိနှင့် ဝဏ္ဏသိဒ္ဓိရပ်ကွက်တို့ရှိ ဝန်ထမ်းအိမ်ရာများ၊ အ.ထ.က(၁၁)၊ အစိုးရနည်းပညာ အထက် တန်း​ကျောင်းများတွင် လျှပ်စစ်ဓာတ်အားယာယီပြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။

ယမန်နေ့ ဇူလိုင် ၇ ရက်က ဇဗ္ဗူသီရိမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အ တွင်းရှိ ​လူမနေ၊ အိမ်ပိတ်၊ ခြံကွက်လပ်လွတ်များရှိ မီ တာများကိုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

CNG တရားမဝင်ရောင်းချ/ဝယ်ယူသည့် ခရီးသည်တင်ကား(၂)စီးကို ရာသက်ပန်ဓာတ်ငွေ့ဖြည့်သွင်းခွင့်ပိတ်သိမ်း

မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့(CNG)အား တရား မဝင်ရောင်းချ/ဝယ်ယူသည့် ခရီးသည်တင်ကား(၂)စီးကို ရာသက်ပန်ဓာတ်ငွေ့ဖြည့်သွင်းခွင့်ပိတ်သိမ်းအရေး ယူခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။ YBS ၆၅ ယာဉ်လိုင်းတံဆိပ်တပ်ဆင်ထားသော 2I-2957 ခရီးသည်တင်ကားသည် YBS ယာဉ်လိုင်းတွင် အမှန်တကယ်ပြေးဆွဲခြင်းမရှိဘဲ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ရွာသာကြီးအကြီးစားစက်မှုဇုန်အတွင်း စက်ရုံဖယ်ရီပြေးဆွဲလျက်ရှိကြောင်း သိရသည်။ ထို့ပြင် CNG အား ယာဉ်အမှတ် 6F-3682 ကားသို့ တ ရားမဝင်ရောင်းချခြင်းများပြုလုပ်သဖြင့် တာဝန်ရှိသူ များကကြည့်ရှုစစ်ဆေးရာ အမှန်တကယ်ကျူးလွန်ကြောင်းစစ်ဆေးတွေ့ရှိရ၍ 2I-2957 ကားနှင့် 6F-3682 ကားတို့အား ဇွန် ၃၀ ရက်မှစ၍ ရာသက်ပန်ဓာတ်ငွေ့ဖြည့်သွင်းခွင့်ပိတ်သိမ်းအရေးယူခဲ့ကြောင်း သိရသည်။

ဘာရိန်းနှင့် ကူဝိတ်ရှိ စစ်စခန်းများကို အီရန်က လက်တုန့်ပြန် တိုက်ခိုက်

      ဟော်မုဇ်ရေလက်ကြားတွင် ရေနံတင်သင်္ဘောများတိုက်ခိုက်ခံရမှုကို လက်တုန့်ပြန်သည့်အနေဖြင့် အမေရိက,က အီရန်ကို စစ်ရေးတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သောကြောင့် ဗုဒ္ဓဟူးနေ့တွင် ဘာရိန်းနှင့် ကူဝိတ်နိုင်ငံရှိ အမေရိကန်စစ်စခန်းများကို ပစ်မှတ်ထားခဲ့ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်က ပြောကြားခဲ့သည်။       အတိမ်းအစောင်းမခံသော အပစ်အခတ်ရပ်စဲရေးအပေါ် နောက်ဆုံးထိုးနှက်ချက်အဖြစ် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ဘာရိန်း၏ ပဉ္စမရေတပ်ခရိုင် ဘန်ဒါဆယ်လ်မန်နှင့် ကူဝိတ်ရှိ အလီအယ်လ်ဆာလမ်လေတပ်စခန်းရှိ အမေရိက၏ အဓိကစစ်စခန်းများကို ဒုံးကျည်နှင့် ဒရုန်း ပူးတွဲစစ်ဆင်ရေးတစ်ခုပြုလုပ်ခဲ့ကြောင်းနှင့် စစ်ဆင်ရေးကို ဝင်ရောက်နှောင့်ယှက်ရန်ကြိုးပမ်းသည် အမေရိက MQ-9 ဒရုန်းတစ်စင်းကို ပစ်ချခဲ့ကြောင်း အစ္စလာမ်မစ်အစောင့်တပ်က ပြောကြားခဲ့သည်။        ဘာရိန်းနှင့် ကူဝိတ်တွင် လေကြောင်းတိုက်ခိုက်မှု သတိပေးဥသြသံများ ထွက်ပေါ်ခဲ့ပြီး လေကြောင်းကာကွယ်ရေးစနစ်များသည်...

ဇူလိုင်ပထမပတ်အတွင်း ရန်ကုန်-မန္တလေးအမြန်လမ်း၌ ယာဉ်တိုက်မှု (၂) ကြိမ်ဖြစ်ပွားကာ (၃) ဦးဒဏ်ရာရ၊ မိုးရာသီဖြစ်သဖြင့် အရှိန်လျှော့မောင်းရန် သတိပေး၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ ဇူလိုင်လပထမပတ်အတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်၌ စိတ်မကောင်းဖွယ်ရာ ယာဉ်တိုက်မှု (၂) ကြိမ် တိတိ...

ပထမဖြစ်စဉ်မှာ ဇူလိုင်လ ၇ ရက် ညနေ ၄ နာရီခန့်တွင် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၄၅/၇ နှင့် ၄၆/၀ ကြား၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသည့် အိမ်စီးမော်တော်ယာဉ်တစ်စီးသည် မထင်မှတ်ဘဲ နောက်ဘယ်ဘက်ဘီး ပေါက်သွားခဲ့ရာမှ အရှိန်မထိန်းနိုင်တော့ဘဲ လမ်းလယ်ကျွန်းကို ဆွဲတိုက်မိကာ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိရပ်တန့်သွားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် အဆိုပါဖြစ်စဉ်တွင် လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။ ဇူလိုင်လ ၄ ရက် နေ့လယ် ၃ နာရီခွဲခန့်ကလည်း မိုင်တိုင်အမှတ် ၁၈၁/၄ နှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071