Monday, July 6, 2026

နေပြည်တော်နှင့် ရှမ်းပြည်နယ်တို့၌ တပ်မတော်ရဟတ် ယာဉ်ဖြင့်...

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန် ကြီးဌာနနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)တို့ပူး ပေါင်း၍ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ဆင်သေချောင်းရေဝေရေလဲဧရိယာရှိ လွှဘုံကြိုးဝိုင်းအတွင်းနှင့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေကန်ရေဝေရေလဲဧရိယာရှိ အင်းလေးအနောက်ကြိုးပြင်ကာကွယ်တောတို့အတွင်းသို့...

ရန်ကုန်တိုင်းက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် တိုင်းနှင့်ပြည်နယ်...

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်း အနားကို ယနေ့ ဇူလိုင် ၆ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ...

မွမ်ဘိုင်းတွင် မိုးကြီးမှုကြောင့် လူ ခြောက်ဦး...

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့၏ အရှေ့ပိုင်း ဆင်ခြေဖုံးရပ်ကွက်များတွင် တနင်္ဂနွေနေ့က အဆောက်အအုံများ ပြိုကျခဲ့မှုကြောင့် ကလေး ငါးဦး အပါအဝင် လူ ခြောက်ဦး ‌ေ-သဆုံးခဲ့ပြီး...

စင်ကာပူကတီမောလုပ်သားများကိုလက်ခံမည်–လောရင့်စ်ဝေါင်း

စင်ကာပူနိုင်ငံအနေဖြင့် လာမည့်နှစ်တွင် အရှေ့တီမောနိုင်ငံမှ အလုပ်သမားများအတွက် ရွေးချယ်ထားသည့် လုပ်ငန်းကဏ္ဍများနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းအချို့ကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း စင်ကာပူဝန်ကြီးချုပ် လောရင့်စ်ဝေါင်း က သောကြာနေ့တွင်...
HomeMoviesဘင်္ဂလားဒေ့ရှ်နှင့် ဆော်ဒီအာရေဗျတွင် ကျင်းပသည့်...

ဘင်္ဂလားဒေ့ရှ်နှင့် ဆော်ဒီအာရေဗျတွင် ကျင်းပသည့် အာဆီယံကော်မတီ အ  စည်းအဝေးများသို့ မြန်မာသံအမတ်ကြီးတက်ရောက်

မြန်မာနိုင်ငံ၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးကျော်စိုးမိုးသည် ဇူလိုင် ၅ ရက်က ဒါကာမြို့ရှိ Crowne Plaza Hotel တွင် ကျင်းပသည့် (၆၈) ကြိမ်မြောက် အာဆီယံ-ဒါကာကော်မတီသံရုံးအကြီးအကဲများ အစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးကို အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည့် အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီး H.E. Ms. Listy owati ကဦးဆောင်ခဲ့ပြီး၊အာဆီယံ-ဒါကာ ကော်မတီ၏ ယခင်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်ကာ အနာဂတ်တွင် အကောင်အထည်ဖော်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ASEAN Day 2026 ကျင်းပရေး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အိမ်ရှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား ပူးပေါင်းဆောင် ရွက်မှု တိုးမြှင့်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတွင်း ဖြစ်ပေါ်တိုးတက်မှုများအပေါ် အ မြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အစည်းအဝေးအပြီးတွင် အာဆီယံ-ဒါကာကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌတာ ဝန်ကို အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီးထံမှ မလေးရှားနိုင်ငံ သံအမတ်ကြီးထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

တစ်ဖက်တွင်လည်း ဆော်ဒီအာရေဗျနိုင် ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးနေမျိုးဦးသည် ဇူလိုင် ၅ ရက်က ရီယာ့ဒ်မြို့ Diplomatic Quarter တွင် ကျင်းပသည့် အာဆီယံ-ရီယာ့ဒ်ကော်မတီ (ASEAN Riyadh Committee – ARC) အစည်း အဝေးနှင့် အာဆီယံသံအမတ်ကြီးများ၏ အလုပ်သဘောနေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် အာဆီယံသံအမတ်ကြီးများက ဆော်ဒီအာရေဗျနိုင်ငံ၏ လက်ရှိနိုင်ငံရေး၊ စီးပွားရေးနှင့် ဒေသဆိုင်ရာ အခြေအနေများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် အထူးဧည့်သည်တော်အဖြစ် တက်ရောက်လာသည့် ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E. Mr. Yasunari Morino က ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ကဏ္ဍ ရင်ဆိုင်နေရသည့် အခက် အခဲများနှင့် ဖြေရှင်းနိုင်မည့် နည်းလမ်း များအပေါ် အမြင်များ ဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အစည်းအဝေးအပြီးတွင် အာဆီယံ-ရီယာ့ဒ်ကော်မတီ သံအမတ်ကြီးများ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပြီး၊ မလေးရှားနိုင်ငံ သံအမတ်ကြီးနှင့် ဇနီးက တည်ခင်းသည့် အလုပ်သဘောနေ့ လယ်စာစားပွဲသို့မြန်မာသံအမတ်ကြီးဦးနေမျိုးဦးနှင့် ဇနီးတို့လည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နေပြည်တော်နှင့် ရှမ်းပြည်နယ်တို့၌ တပ်မတော်ရဟတ် ယာဉ်ဖြင့် သစ်စေ့မြေလုံး(၃)သိန်းကြဲချ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန် ကြီးဌာနနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)တို့ပူး ပေါင်း၍ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ဆင်သေချောင်းရေဝေရေလဲဧရိယာရှိ လွှဘုံကြိုးဝိုင်းအတွင်းနှင့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေကန်ရေဝေရေလဲဧရိယာရှိ အင်းလေးအနောက်ကြိုးပြင်ကာကွယ်တောတို့အတွင်းသို့ ဇူလိုင် ၅ ရက်နံနက်ပိုင်းတွင် တပ်မ တော်ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံး(၃)သိန်းကိုကြဲချခဲ့ကြကြောင်း သိရသည်။ ဆင်သေချောင်းရေဝေရေလဲဧရိယာအတွင်း လွှဘုံကြိုး ဝိုင်းအကွက်အမှတ်(၁၅)ရှိ ဧရိယာ(၂၀၀)ဧကတွင် ဒေ သနှင့်ကိုက်ညီသော သစ်ပင်အမျိုးအစား(၄)မျိုးဖြစ်သည့် ကုက္ကိုလ်၊ စစ်၊ မဲဇလီ၊ ဘောစကိုင်းသစ်စေ့များဖြင့်ပြုလုပ်ထားသော သစ်စေ့မြေလုံး(၁၀၀,၀၀၀)လုံးကိုကြဲချခဲ့ကြကြောင်း သိရသည်။ ထို့အတူ အင်းလေးကန်ရေဝေရေလဲဧရိယာအတွင်း အင်းလေးအနောက်ကြိုးပြင်ကာကွယ်တောရှိ ဧရိယာ (၄၃၀)ဧကတွင်လည ဒေသနှင့်ကိုက်ညီသော သစ်ပင်အမျိုးအစား(၄)မျိုးဖြစ်သည့် ကုက္ကိုလ်၊...

ရန်ကုန်တိုင်းက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် တိုင်းနှင့်ပြည်နယ် စားပွဲတင်တင်းနစ်ပြိုင် ပွဲ စတင်

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်း အနားကို ယနေ့ ဇူလိုင် ၆ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏတွင် ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲကို ယနေ့ ဇူလိုင် ၆ ရက်မှ ၁၀ ရက်အထိ အမျိုးသားအားကစားပြိုင် ပွဲရုံ (၁) သုဝဏ္ဏတွင် ကျင်းပသွားမည်ဖြစ်ပြီး အမျိုးသားအသင်း ၁၃ သင်း၊ အမျိုးသမီးအသင်း ၁၂ သင်းမှ ကစားသမားစုစုပေါင်း ၁၅၆ ဦး...

မွမ်ဘိုင်းတွင် မိုးကြီးမှုကြောင့် လူ ခြောက်ဦး ‌ေ-သဆုံး

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့၏ အရှေ့ပိုင်း ဆင်ခြေဖုံးရပ်ကွက်များတွင် တနင်္ဂနွေနေ့က အဆောက်အအုံများ ပြိုကျခဲ့မှုကြောင့် ကလေး ငါးဦး အပါအဝင် လူ ခြောက်ဦး ‌ေ-သဆုံးခဲ့ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ခရီးသွားလာမှုများ အနှောင်အယှက်ဖြစ်ရကာ စာသင်ကျောင်းများ ပိတ်ထားရသောမြို့တွင် နောက်ထပ် လူ‌ေ-သဆုံးမှုများဖြစ်သည်။ မွမ်ဘိုင်းမြို့ မန်ခွတ်ဒေသရှိ ဆင်းရဲသားရပ်ကွက်တစ်ခုတွင် နှစ်ထပ်အိမ် သုံးလုံးပြိုကျခဲ့ပြီး ကလေးငယ် ငါးဦးနှင့် အမျိုးသမီးတစ်ဦး ‌ေ-သဆုံးခဲ့ကြောင်း မြို့တော်အာဏာပိုင်များက ပြောကြားခဲ့သည်။ မိုးရွာသွန်းမှုကြောင့် မွမ်ဘိုင်းနှင့် ပူနေးမြို့ကို ဆက်သွယ်ထားသည့် အမြန်လမ်းမကြီးပေါ်တွင် မြေပြိုရာ လမ်းပိတ်သွားပြီး မြို့နှစ်မြို့ကြား ယာဉ်အသွားအလာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071