မန္တလေးငလျင်ကြီးဒဏ်ကြောင့်ပျက်စီးခဲ့သော စစ် ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ သမိုင်းဝင် “ဂျပန်စေတီတော်ကြီးနှင့် ငြိမ်းချမ်းရေးကျောက်တိုင်”များကို ရှေးမူမပျက်ပြန်လည်ပြုပြင်တည်ထားသွားမည်ဖြစ် ကြောင်း သိရသည်။
ထိုသို့ ပြန်လည်ပြုပြင်တည်ထားနိုင်ရန် “မြန်မာ-ဂျပန် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုအ သင်း”(AMJSEDC)မှဦးဆောင်၍ မတည်လှူဒါန်းမှုများပြုလုပ်လျက်ရှိရာ ကုသိုလ်ယူလှူဒါန်းလိုသူများအနေဖြင့် အသင်းသို့ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
လက်ရှိအချိန်၌ AMJSEDC ၏ မတည်လှူဒါန်းငွေများဖြင့် ပြန်လည်ပြုပြင်တည်ဆောက်မှုလုပ်ငန်းများကိုစ တင်ဆောင်ရွက်လျက်ရှိပြီး စတင်ဆောင်ရွက်သည့်အ ချိန်မှ (၁)နှစ်အတွင်းပြီးစီးအောင်ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။
ထိုသို့ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သော “ဂျပန်စေတီတော်ကြီးနှင့် ငြိမ်းချမ်းရေးကျောက်တိုင်”များကို ရှေးမူမပျက်ပြန်လည်ပြုပြင်ခြင်းသည် မြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးနှင့် သမိုင်းဝင်အမွေအနှစ်များကို ရေ ရှည်ထိန်းသိမ်းရာရောက်ကြောင်း သိရသည်။
