Tuesday, July 7, 2026

နေပြည်တော်နှင့် ရှမ်းပြည်နယ်တို့၌ တပ်မတော်ရဟတ် ယာဉ်ဖြင့်...

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန် ကြီးဌာနနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)တို့ပူး ပေါင်း၍ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ဆင်သေချောင်းရေဝေရေလဲဧရိယာရှိ လွှဘုံကြိုးဝိုင်းအတွင်းနှင့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေကန်ရေဝေရေလဲဧရိယာရှိ အင်းလေးအနောက်ကြိုးပြင်ကာကွယ်တောတို့အတွင်းသို့...

ဘင်္ဂလားဒေ့ရှ်နှင့် ဆော်ဒီအာရေဗျတွင် ကျင်းပသည့် အာဆီယံကော်မတီ...

မြန်မာနိုင်ငံ၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးကျော်စိုးမိုးသည် ဇူလိုင် ၅ ရက်က ဒါကာမြို့ရှိ Crowne Plaza Hotel တွင် ကျင်းပသည့်...

ရန်ကုန်တိုင်းက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် တိုင်းနှင့်ပြည်နယ်...

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်း အနားကို ယနေ့ ဇူလိုင် ၆ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ...

မွမ်ဘိုင်းတွင် မိုးကြီးမှုကြောင့် လူ ခြောက်ဦး...

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့၏ အရှေ့ပိုင်း ဆင်ခြေဖုံးရပ်ကွက်များတွင် တနင်္ဂနွေနေ့က အဆောက်အအုံများ ပြိုကျခဲ့မှုကြောင့် ကလေး ငါးဦး အပါအဝင် လူ ခြောက်ဦး ‌ေ-သဆုံးခဲ့ပြီး...
HomeMoviesကမ္ဘာ့မသန်စွမ်းတိုက်ကွမ်ဒိုပြိုင်ပွဲအတွက် မြန်မာအားကစားသမား (၂)...

ကမ္ဘာ့မသန်စွမ်းတိုက်ကွမ်ဒိုပြိုင်ပွဲအတွက် မြန်မာအားကစားသမား (၂) ဦး ကိုရီးယားတွင် လေ့ကျင့်၊ နိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည်

မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်မှ မသန်စွမ်းတိုက်ကွမ်ဒို အားကစားသမားများဖြစ်သည့် မောင်သိန်းထိုက်အောင်နှင့် မောင်ရွှေထွဋ်ကျော်တို့သည် ကမ္ဘာ့မသန်စွမ်းတိုက်ကွမ်ဒိုပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ကိုရီးယားနိုင်ငံ၌ လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လေ့ကျင့်ရေးအစီအစဉ်ကို မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအားကစားအဖွဲ့ချုပ်၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် ကမ္ဘာ့တိုက်ကွမ်ဒိုအဖွဲ့ချုပ် (World Taekwondo) က ကိုရီးယားနိုင်ငံ မူဂျူ (Muju) မြို့တွင် ဖွင့်လှစ်သည့် ကမ္ဘာ့မသန်စွမ်းတိုက်ကွမ်ဒို လေ့ကျင့်ရေးအစီအစဉ်၌ ပါဝင်လေ့ကျင့်နေခြင်းဖြစ်သည်။

ထို့ပြင် အားကစားသမားနှစ်ဦးသည် ကိုရီးယားနိုင်ငံ ချွန်ချွန် (Chuncheon) မြို့တွင် ကျင်းပမည့် မသန်စွမ်းတိုက်ကွမ်ဒိုပြိုင်ပွဲ၌ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းလေ့ကျင့်ရေးနှင့် နိုင်ငံတကာပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခြင်းသည် မြန်မာနိုင်ငံ၏ မသန်စွမ်းတိုက်ကွမ်ဒိုအားကစား ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတကာအတွေ့အကြုံများ ရရှိရေးနှင့် အားကစားစွမ်းရည် မြှင့်တင်ရေးတို့အတွက် အထောက်အကူဖြစ်စေမည်ဟု မျှော်လင့်ထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နေပြည်တော်နှင့် ရှမ်းပြည်နယ်တို့၌ တပ်မတော်ရဟတ် ယာဉ်ဖြင့် သစ်စေ့မြေလုံး(၃)သိန်းကြဲချ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန် ကြီးဌာနနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)တို့ပူး ပေါင်း၍ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ဆင်သေချောင်းရေဝေရေလဲဧရိယာရှိ လွှဘုံကြိုးဝိုင်းအတွင်းနှင့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေကန်ရေဝေရေလဲဧရိယာရှိ အင်းလေးအနောက်ကြိုးပြင်ကာကွယ်တောတို့အတွင်းသို့ ဇူလိုင် ၅ ရက်နံနက်ပိုင်းတွင် တပ်မ တော်ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံး(၃)သိန်းကိုကြဲချခဲ့ကြကြောင်း သိရသည်။ ဆင်သေချောင်းရေဝေရေလဲဧရိယာအတွင်း လွှဘုံကြိုး ဝိုင်းအကွက်အမှတ်(၁၅)ရှိ ဧရိယာ(၂၀၀)ဧကတွင် ဒေ သနှင့်ကိုက်ညီသော သစ်ပင်အမျိုးအစား(၄)မျိုးဖြစ်သည့် ကုက္ကိုလ်၊ စစ်၊ မဲဇလီ၊ ဘောစကိုင်းသစ်စေ့များဖြင့်ပြုလုပ်ထားသော သစ်စေ့မြေလုံး(၁၀၀,၀၀၀)လုံးကိုကြဲချခဲ့ကြကြောင်း သိရသည်။ ထို့အတူ အင်းလေးကန်ရေဝေရေလဲဧရိယာအတွင်း အင်းလေးအနောက်ကြိုးပြင်ကာကွယ်တောရှိ ဧရိယာ (၄၃၀)ဧကတွင်လည ဒေသနှင့်ကိုက်ညီသော သစ်ပင်အမျိုးအစား(၄)မျိုးဖြစ်သည့် ကုက္ကိုလ်၊...

ဘင်္ဂလားဒေ့ရှ်နှင့် ဆော်ဒီအာရေဗျတွင် ကျင်းပသည့် အာဆီယံကော်မတီ အ  စည်းအဝေးများသို့ မြန်မာသံအမတ်ကြီးတက်ရောက်

မြန်မာနိုင်ငံ၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးကျော်စိုးမိုးသည် ဇူလိုင် ၅ ရက်က ဒါကာမြို့ရှိ Crowne Plaza Hotel တွင် ကျင်းပသည့် (၆၈) ကြိမ်မြောက် အာဆီယံ-ဒါကာကော်မတီသံရုံးအကြီးအကဲများ အစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးကို အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည့် အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီး H.E. Ms. Listy owati ကဦးဆောင်ခဲ့ပြီး၊အာဆီယံ-ဒါကာ ကော်မတီ၏ ယခင်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်ကာ အနာဂတ်တွင် အကောင်အထည်ဖော်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ASEAN...

ရန်ကုန်တိုင်းက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် တိုင်းနှင့်ပြည်နယ် စားပွဲတင်တင်းနစ်ပြိုင် ပွဲ စတင်

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်း အနားကို ယနေ့ ဇူလိုင် ၆ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏတွင် ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲကို ယနေ့ ဇူလိုင် ၆ ရက်မှ ၁၀ ရက်အထိ အမျိုးသားအားကစားပြိုင် ပွဲရုံ (၁) သုဝဏ္ဏတွင် ကျင်းပသွားမည်ဖြစ်ပြီး အမျိုးသားအသင်း ၁၃ သင်း၊ အမျိုးသမီးအသင်း ၁၂ သင်းမှ ကစားသမားစုစုပေါင်း ၁၅၆ ဦး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071