Saturday, July 4, 2026

မုတ်သုံလေအား အလွန်ကောင်းနေ၍ ပင်လယ်လှိုင်း ၁၁...

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းမှာ ဆက်လက်တည်ရှိနေပြီး လာမည့်ရက်ပိုင်းအတွင်း ပိုမိုအားကောင်းလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇူလိုင် ၃ ရက် နံနက်ပိုင်းတွင်...

သန်လျင်တွင် မီတာဖတ်ရှုမှု မှန်ကန်ရေးနှင့် ရေနံချက်စက်ရုံ...

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ဇူလိုင် ၂ ရက် နံနက်ပိုင်းက သန်လျင်မြို့နယ်သို့ ကွင်းဆင်းစစ်ဆေးကာ မီတာဖတ်ရှုမှု မှန်ကန်စေရေး၊ ဓာတ်အားလေလွင့်မှု...

ပြည်သူ့စစ်မှုထမ်းသင်တန်းများတွင် မှားယွင်းဆင့်ခေါ်မိသည့် အသက်မပြည့်သူ ၁၁၃...

ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်ကျင့်သုံးချိန်မှစ၍ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) မှ (၂၄) အထိ အကြောင်းအမျိုးမျိုးကြောင့် မှားယွင်းဆင့်ခေါ်မိခဲ့သည့် အသက် ၁၈ နှစ်မပြည့်သေးသူ...

CMP သွင်းကုန်လိုင်စင်များကို အချက်အလက်ပြည့်စုံပါက နေ့ချင်းပြီး...

သုံးလအတွင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၂၂ ဘီလီယံတန်ဖိုးရှိ CMP သွင်းကုန်လိုင်စင် ၈,၀၄၂ စောင် ထုတ်ပေး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် CMP...
HomeMoviesU-12 Junior Soccer...

U-12 Junior Soccer World Challenge 2026 ပြိုင်ပွဲအတွက် မြန်မာ ယူ-၁၂ အသင်း ကစားသမားရွေးချယ်မည်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် ဂျပန်နိုင်ငံ၌ ကျင်းပမည့် U-12 Junior Soccer World Challenge 2026 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၂ အသင်းအတွက် ကစားသမားရွေးချယ်ပွဲကို ဇူလိုင် ၁၁ ရက်နှင့် ၁၂ ရက်တွင် ရန်ကုန်နှင့် မန္တလေးမြို့တို့၌ တစ်ပြိုင်နက်တည်း ကျင်းပမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

အဆိုပါ ပြိုင်ပွဲသည် ဂျပန်နိုင်ငံက နှစ်စဉ်အိမ်ရှင်အဖြစ် ကျင်းပသည့် နိုင်ငံတကာ လူငယ်ဘောလုံးပြိုင်ပွဲဖြစ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် လူငယ်ကစားသမားများ နိုင်ငံတကာအတွေ့အကြုံ ရရှိစေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်မှစတင်ကာ နှစ်စဉ် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ယခုနှစ်မှာ စတုတ္ထအကြိမ်မြောက် ပါဝင်ယှဉ်ပြိုင်ခြင်းဖြစ်သည်။

ရွေးချယ်ပွဲကို ရန်ကုန်မြို့ရှိ အမျိုးသားဘောလုံးအကယ်ဒမီနှင့် မန္တလေးမြို့ရှိ မြန်မာဘောလုံးအကယ်ဒမီတို့တွင် ကျင်းပမည်ဖြစ်ပြီး နိုင်ငံတစ်ဝန်းမှ သတ်မှတ်အသက်အရွယ်နှင့် ကိုက်ညီသည့် လူငယ်ကစားသမားများ လာရောက်ရွေးချယ်ခံနိုင်ကြောင်း သိရသည်။

MFF သည် ၂၀၂၆ ခုနှစ်အတွက် FIFA-MFF TDS Scouting Tour အစီအစဉ်ကို ဧပြီလနှင့် မေလအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကျင်းပကာ ယူ-၁၁/၁၂၊ ယူ-၁၃၊ ယူ-၁၄ နှင့် ယူ-၁၅ အကယ်ဒမီကစားသမားများကို ရွေးချယ်ထားပြီးဖြစ်သော်လည်း ဒေသအသီးသီးရှိ အရည်အချင်းရှိ လူငယ်များကို ထပ်မံအခွင့်အရေးပေးနိုင်ရန် ယခုရွေးချယ်ပွဲကို ထပ်မံစီစဉ်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ရွေးချယ်ပွဲတွင် ပါဝင်လိုသူများသည် သတ်မှတ်ထားသည့် လျှောက်လွှာကို ဖြည့်စွက်၍ ဇူလိုင် ၉ ရက် ရုံးချိန်မတိုင်မီ သတ်မှတ်ထားသည့် အီးမေးလ်လိပ်စာသို့ ပေးပို့လျှောက်ထားရမည်ဖြစ်သည်။

လျှောက်ထားသူများသည် ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၁ ရက်နှင့် နောက်ပိုင်းတွင် မွေးဖွားသူများ ဖြစ်ရမည်ဖြစ်ပြီး ရွေးချယ်ပွဲနေ့တွင် ကျောင်းထောက်ခံစာ၊ အိမ်ထောင်စုစာရင်းနှင့် မွေးစာရင်းတို့ကို ယူဆောင်လာရမည်ဖြစ်ကြောင်း၊ အသက်အတည်ပြုခြင်းကို MFF ဆေးအဖွဲ့၏ စစ်ဆေးအတည်ပြုချက်ဖြင့်သာ ဆုံးဖြတ်မည်ဖြစ်ပြီး သတ်မှတ်ရက်အတွင်း လျှောက်ထားသူများထဲမှသာ ရွေးချယ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မုတ်သုံလေအား အလွန်ကောင်းနေ၍ ပင်လယ်လှိုင်း ၁၁ ပေအထိ မြင့်တက်နိုင်၊ ကမ်းရိုးတန်းရေယာဉ်များ သတိပြုရန် မိုးဇလ သတိပေး

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းမှာ ဆက်လက်တည်ရှိနေပြီး လာမည့်ရက်ပိုင်းအတွင်း ပိုမိုအားကောင်းလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇူလိုင် ၃ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ လက်ရှိတွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့၌ မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေပြီး ပင်လယ်ပြင်တစ်လျှောက် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေကြောင်း သိရသည်။ ထို့ပြင် တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်းငယ်သည် အားပိုကောင်းလာကာ "မိုင်ဆက်ခ် (MAYSAK)" အမည်ရှိ အပူပိုင်းမုန်တိုင်းအဖြစ် ရောက်ရှိလာပြီး မြောက်ဘက်သို့ ဖြည်းညင်းစွာ ရွေ့လျားကာ ဇူလိုင် ၄ ရက်တွင် ဟိုင်နန်ကျွန်းကို...

သန်လျင်တွင် မီတာဖတ်ရှုမှု မှန်ကန်ရေးနှင့် ရေနံချက်စက်ရုံ လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေး YESC ဥက္ကဋ္ဌ ကွင်းဆင်းစစ်ဆေး

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ဇူလိုင် ၂ ရက် နံနက်ပိုင်းက သန်လျင်မြို့နယ်သို့ ကွင်းဆင်းစစ်ဆေးကာ မီတာဖတ်ရှုမှု မှန်ကန်စေရေး၊ ဓာတ်အားလေလွင့်မှု လျှော့ချရေးနှင့် သန်လျင်ရေနံချက်စက်ရုံသို့ လျှပ်စစ်ဓာတ်အား လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ရေးလုပ်ငန်းများကို စစ်ဆေးခဲ့ကြသည်။ YESC ဥက္ကဋ္ဌနှင့်အဖွဲ့သည် သန်လျင်မြို့နယ် လျှပ်စစ်မန်နေဂျာရုံးတွင် မီတာခကြွေးကျန်အခြေအနေနှင့် စာရင်းသွင်းမှုများကို စစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံရာ၌ မီတာစာရေးများအနေဖြင့် မီတာများကို ကိုယ်တိုင် စနစ်တကျ ဖတ်ရှုရန်၊ မီတာဖတ်ရှုစဉ် ထူးခြားမှုများတွေ့ရှိပါက လျှပ်စစ်ပုံစံ (၂၉၀) ဖြင့် ချက်ချင်းတင်ပြရန် ညွှန်ကြားခဲ့သည်။ ထို့ပြင်...

ပြည်သူ့စစ်မှုထမ်းသင်တန်းများတွင် မှားယွင်းဆင့်ခေါ်မိသည့် အသက်မပြည့်သူ ၁၁၃ ဦးကို မိဘများထံ ပြန်လည်လွှဲပြောင်းပေးအပ်

ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်ကျင့်သုံးချိန်မှစ၍ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) မှ (၂၄) အထိ အကြောင်းအမျိုးမျိုးကြောင့် မှားယွင်းဆင့်ခေါ်မိခဲ့သည့် အသက် ၁၈ နှစ်မပြည့်သေးသူ ကလေးသူငယ် ၁၁၃ ဦးကို မိဘများနှင့် အုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ယင်းအချက်ကို နေပြည်တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာန၌ ဇူလိုင် ၂ ရက်က ကျင်းပသည့် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီ အစည်းအဝေး (၁/၂၀၂၆) တွင် ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင်က ပြောကြားခဲ့ခြင်းဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းများကို ဆင့်ခေါ်ရာတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071