Thursday, July 2, 2026

မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အကြိုဖျော်ဖြေပွဲကျင်းပနိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်ကြူကြူလှ တက်ရောက်အားပေး

လာမည့် ဇူလိုင် ၃ ရက်တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသည့် အကြိုလှုပ်ရှားမှုအဖြစ် "ပုလဲရတု စွမ်းအားပြု၊ ဂုဏ်ယူဝင့်ကြွား မြန်မာအမျိုးသမီးများ" ခေါင်းစဉ်ဖြင့်...

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ထိုင်းဘုရင့်တပ်မတော်မှ Lt....

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး အား မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သော (၃၈)ကြိမ်မြောက် မြန်မာ-ထိုင်းဒေသဆိုင်ရာနယ် ခြားကော်မတီအစည်းအဝေးတက်ရောက်ခဲ့သည့် ထိုင်းဘုရင့်တပ်မတော်မှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Lt. Gen. Warathep...

AHA Centre အနေဖြင့် မြန်မာပြည်သူများထံအကူအ...

AHA Centre အနေဖြင့် မြန်မာပြည်သူများထံအကူအ ညီများထိရောက်လျင်မြန်စွာရောက်ရှိရေး မြန်မာနိုင်ငံအစိုးရနှင့်ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေက တိုက် တွန်းပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးက အာဆီယံသဘာဝဘေးအန္တ ရာယ်စီမံခန့်ခွဲမှုဆိုင်ရာ...

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ထိုင်းဘုရင့်တပ်မတော်မှ Lt....

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး အား မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သော (၃၈)ကြိမ်မြောက် မြန်မာ-ထိုင်းဒေသဆိုင်ရာနယ် ခြားကော်မတီအစည်းအဝေးတက်ရောက်ခဲ့သည့် ထိုင်းဘုရင့်တပ်မတော်မှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Lt. Gen. Warathep...
HomeMoviesပြန်ပေးဆွဲခံရဟန်ဆောင်၍ မိဘထံမှ သိန်း(၁၀၀)ငွေလိမ်တောင်းခဲ့သည့်...

ပြန်ပေးဆွဲခံရဟန်ဆောင်၍ မိဘထံမှ သိန်း(၁၀၀)ငွေလိမ်တောင်းခဲ့သည့် သားဖြစ်သူနှင့် ရည်းစားဖြစ်သူ ဖမ်းဆီးခံရ

ရန်ကုန်၊ ဇူလိုင် ၁

ပြန်ပေးဆွဲခံရဟန်ဆောင်ကာ မိဘများထံမှ ငွေကျပ်သိန်း(၁၀၀) လိမ်လည်တောင်းခံပြီး ငွေမပေးပါက ပြည်သူ့စစ်မှုထမ်းစာရင်းတွင် ထည့်သွင်းခံရမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သည့် သားဖြစ်သူနှင့် ၎င်း၏ရည်းစားဖြစ်သူကို သက်ဆိုင်ရာတာဝန်ရှိသူများက ဇွန် ၃၀ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စုံစမ်းသိရှိရသည့်အချက်များအရ ဇွန် ၂၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ကန်းကျွန်းမြို့နယ်နေ မောင်ငြိမ်းချမ်းဦးသည် အလုပ်သွားစဉ် မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်ခဲ့သဖြင့် မိသားစုဝင်များက လူပျောက်ကြော်ငြာများကို လူမှုကွန်ရက်မှတစ်ဆင့် ဖြန့်ဝေခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ စစ်ဆေးနေစဉ် ဇွန် ၂၇ ရက်တွင် အမျိုးသားတစ်ဦးက ငြိမ်းချမ်းဦး၏ မိခင်ထံ ဖုန်းဆက်၍ ငြိမ်းချမ်းဦးကို ပြန်ပေးဆွဲထားကြောင်း၊ လူပျောက်ကြော်ငြာများကို ပြန်ဖျက်ပေးရမည်ဖြစ်ပြီး ပြန်လည်လွှတ်ပေးစေလိုပါက ငွေကျပ်သိန်း(၁၀၀) ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း သိရသည်။

ထို့အပြင် ငြိမ်းချမ်းဦး၏ ရည်းစားဖြစ်သူ ဒေါက်တာခိုင်ဆုရည်ကလည်း ငြိမ်းချမ်းဦး၏ အဒေါ်ထံ ဆက်သွယ်ခဲ့သဖြင့် ဆက်သွယ်အသုံးပြုခဲ့သည့် ဖုန်းနံပါတ်များကို စစ်ဆေးရာ ဒေါက်တာခိုင်ဆုရည်အမည်ဖြင့် မှတ်ပုံတင်ထားကြောင်း တွေ့ရှိခဲ့ပြီး ဆက်လက်စုံစမ်းဖော်ထုတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဇွန် ၃၀ ရက် နံနက်ပိုင်းတွင် ငြိမ်းချမ်းဦးက အသံဖျက်၍ ထပ်မံဆက်သွယ်ကာ ငွေမလွှဲပေးပါက ပြည်သူ့စစ်မှုထမ်းစာရင်းတွင် ပါဝင်သွားမည်ဟု ခြိမ်းခြောက်ပြောဆိုပြီး ငွေကျပ်သိန်း(၁၀၀)ကို ၎င်း၏ KBZ Pay အကောင့်သို့ လွှဲပေးရန် တောင်းဆိုခဲ့သဖြင့် တာဝန်ရှိသူများက ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းနောက် ဇွန် ၃၀ ရက် မွန်းတည့်ပိုင်းတွင် တာမွေမြို့နယ်ရှိ ဟိုတယ်တစ်ခု၌ ငြိမ်းချမ်းဦးနှင့် ဒေါက်တာခိုင်ဆုရည်တို့ကို ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ရည်းစားဖြစ်သူနှင့် အချိန်ကြာမြင့်စွာ တွေ့ဆုံနေထိုင်လိုသည့်အတွက် မိသားစုနှင့် အဆက်အသွယ်ဖြတ်ကာ ပြန်ပေးဆွဲခံရဟန်ဆောင်၍ ငွေလိမ်လည်တောင်းခံခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် ၎င်းတို့အား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အကြိုဖျော်ဖြေပွဲကျင်းပနိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်ကြူကြူလှ တက်ရောက်အားပေး

လာမည့် ဇူလိုင် ၃ ရက်တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသည့် အကြိုလှုပ်ရှားမှုအဖြစ် "ပုလဲရတု စွမ်းအားပြု၊ ဂုဏ်ယူဝင့်ကြွား မြန်မာအမျိုးသမီးများ" ခေါင်းစဉ်ဖြင့် ဝတ်စားဆင်ယင်မှုပြပွဲနှင့် ရုပ်ရှင်၊ သဘင်၊ ဂီတဖျော်ဖြေပွဲကို ယနေ့ ဇူလိုင် ၁ ရက် နေ့လယ်ပိုင်းက နေပြည်တော်ရှိ MICC-1 ၌ ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်က စီစဉ်တင်ဆက်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ဇနီး၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှ တက်ရောက်အားပေးခဲ့ကြောင်း...

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ထိုင်းဘုရင့်တပ်မတော်မှ Lt. Gen. Warathep Boonya တို့တွေ့ဆုံမြန်မာ-ထိုင်းနှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးကို အောင်မြင်စွာဆောင်ရွက်ရန်ဆွေးနွေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး အား မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သော (၃၈)ကြိမ်မြောက် မြန်မာ-ထိုင်းဒေသဆိုင်ရာနယ် ခြားကော်မတီအစည်းအဝေးတက်ရောက်ခဲ့သည့် ထိုင်းဘုရင့်တပ်မတော်မှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Lt. Gen. Warathep Boonya က ယနေ့ ဇူလိုင် ၁ ရက်တွင်လာရောက်ဂါရဝပြုတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဥ် မြန်မာ-ထိုင်းနှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြားပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ပြီး နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အ ကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာများကိုအောင်မြင်စွာဆောင်ရွက်နိုင်မည့်အခြေအနေများ၊ တရားမဝင်ကုန်သွယ်မှု၊ မူးယစ်ဆေးဝါးနှင့်အွန်လိုင်းလိမ်လည်လောင်း ကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် နှစ်နိုင်ငံအ စိုးရနှင့် တပ်မတော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသော (၃၈) ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာနယ်ခြားကော် မတီအစည်းအဝေးအောင်မြင်စွာကျင်းပနိုင်ခဲ့မှု၊ နှစ်နိုင်...

AHA Centre အနေဖြင့် မြန်မာပြည်သူများထံအကူအ ညီများထိရောက်လျင်မြန်စွာရောက်ရှိရေး မြန်မာနိုင်ငံအစိုးရနှင့်ပူးပေါင်းဆောင်ရွက်ရန် MOFA ပြည်ထောင် စုဝန်ကြီးတိုက်တွန်း

AHA Centre အနေဖြင့် မြန်မာပြည်သူများထံအကူအ ညီများထိရောက်လျင်မြန်စွာရောက်ရှိရေး မြန်မာနိုင်ငံအစိုးရနှင့်ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေက တိုက် တွန်းပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးက အာဆီယံသဘာဝဘေးအန္တ ရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးညှိနှိုင်းမှုဗဟိုဌာန(AHA Centre)၏ အမှုဆောင်ဒါရိုက်တာ မစ္စတာလီယန်မင်း အား ယနေ့ ဇူလိုင် ၁ ရက်နံနက်ပိုင်းကတွေ့ဆုံစဥ် တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။ AHA Centre အနေဖြင့် အမှန်တကယ်အကူအညီလို အပ်နေသည့် မြန်မာပြည်သူများထံ အကူအညီများထိရောက်လျင်မြန်စွာရောက်ရှိရေးအတွက် မြန်မာနိုင်ငံအ စိုးရနှင့် နီးကပ်စွာဆက်လက်ပူးပေါင်းဆောင်ရွက်ရန်၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးရာတွင် မြန်မာနိုင်ငံ၏ ဦးစားပေးလိုအပ်ချက်နှင့် ကိုက်ညီမှုရှိစေရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်အရေးကြီးသည်ဟု တိုက်တွန်းပြောကြားသည်။ ထို့ပြင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071