Thursday, July 2, 2026

ပြန်ပေးဆွဲခံရဟန်ဆောင်၍ မိဘထံမှ သိန်း(၁၀၀)ငွေလိမ်တောင်းခဲ့သည့် သားဖြစ်သူနှင့်...

ရန်ကုန်၊ ဇူလိုင် ၁ ပြန်ပေးဆွဲခံရဟန်ဆောင်ကာ မိဘများထံမှ ငွေကျပ်သိန်း(၁၀၀) လိမ်လည်တောင်းခံပြီး ငွေမပေးပါက ပြည်သူ့စစ်မှုထမ်းစာရင်းတွင် ထည့်သွင်းခံရမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သည့် သားဖြစ်သူနှင့် ၎င်း၏ရည်းစားဖြစ်သူကို သက်ဆိုင်ရာတာဝန်ရှိသူများက...

မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အကြိုဖျော်ဖြေပွဲကျင်းပနိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်ကြူကြူလှ တက်ရောက်အားပေး

လာမည့် ဇူလိုင် ၃ ရက်တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသည့် အကြိုလှုပ်ရှားမှုအဖြစ် "ပုလဲရတု စွမ်းအားပြု၊ ဂုဏ်ယူဝင့်ကြွား မြန်မာအမျိုးသမီးများ" ခေါင်းစဉ်ဖြင့်...

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ထိုင်းဘုရင့်တပ်မတော်မှ Lt....

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး အား မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သော (၃၈)ကြိမ်မြောက် မြန်မာ-ထိုင်းဒေသဆိုင်ရာနယ် ခြားကော်မတီအစည်းအဝေးတက်ရောက်ခဲ့သည့် ထိုင်းဘုရင့်တပ်မတော်မှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Lt. Gen. Warathep...

AHA Centre အနေဖြင့် မြန်မာပြည်သူများထံအကူအ...

AHA Centre အနေဖြင့် မြန်မာပြည်သူများထံအကူအ ညီများထိရောက်လျင်မြန်စွာရောက်ရှိရေး မြန်မာနိုင်ငံအစိုးရနှင့်ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေက တိုက် တွန်းပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးက အာဆီယံသဘာဝဘေးအန္တ ရာယ်စီမံခန့်ခွဲမှုဆိုင်ရာ...
HomeMovies၂၀၂၆ ခုနှစ် ပထမ...

၂၀၂၆ ခုနှစ် ပထမ (၅) လအတွင်း လာအို၏ စိုက်ပျိုးရေးထုတ်ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ သန်း ၇၅၀ ကျော် ရရှိ

လာအိုနိုင်ငံသည် ၂၀၂၆ ခုနှစ် ပထမငါးလအတွင်း သီးနှံနှင့် သီးနှံထွက်ပစ္စည်းများ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇၅၂ သန်း ရရှိခဲ့ပြီး ယင်းပမာဏသည် နှစ်စဉ်လျာထားချက်၏ ၆၂ ဒသမ ၆ ရာခိုင်နှုန်းနှင့် ညီမျှကြောင်း လာအိုစိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ Vientiane Mai သတင်းစာက ဖော်ပြခဲ့သည်။

လာအိုစိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနသည် စားနပ်ရိက္ခာဖူလုံရေးကို ခိုင်မာစေရန်နှင့် ပို့ကုန်ဦးတည်သည့် ကုန်စည်ထုတ်လုပ်မှု မြှင့်တင်ရန် ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဓိကတင်ပို့သည့် သီးနှံထွက်ကုန်များတွင် ငှက်ပျောသီး၊ ပီလောပီနံခြောက်၊ ဖရဲသီး၊ ပီ လောပီနံမှုန့်နှင့် ကော်ဖီတို့ ပါဝင်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် မွေးမြူရေးနှင့် မွေးမြူရေးထွက်ပစ္စည်းများ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈၁ ဒသမ ၂၁ သန်း ရရှိခဲ့ပြီး ၂၀၂၆ ခုနှစ် လျာထားချက်၏ ၄၀ ဒသမ ၆ ရာခိုင်နှုန်း ပြည့်မီခဲ့ကြောင်း သိရသည်။ သစ်နှင့် သစ်ထွက်ပစ္စည်းများအပြင် သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများ တင်ပို့မှုမှလည်း အမေရိကန်ဒေါ်လာ ၁၅၈ ဒသမ ၆၄ သန်း ရရှိခဲ့ပြီး လျာထားချက်၏ ၃၁ ဒသမ ၇ ရာခိုင်နှုန်း ပြည့်မီခဲ့သည်။

ဝန်ကြီးဌာန၏ အရေးပါသော အောင်မြင်မှုတစ်ရပ်အဖြစ် လာအိုနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများသို့ စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်အမျိုးအစား ၈၄ မျိုး တင်ပို့ခွင့်ရရှိထားပြီး ပို့ကုန်ဈေးကွက်များကို တိုးချဲ့နိုင်ခဲ့ကြောင်း သိရသည်။

စားနပ်ရိက္ခာဖူလုံရေးကို ပံ့ပိုးရန်နှင့် ထုတ်လုပ်မှုစွမ်းရည် တိုးမြှင့်ရန်အတွက် ဝန်ကြီးဌာနသည် ခြောက်သွေ့ရာသီတွင် စားသုံးသီးနှံနှင့် စီးပွားဖြစ်သီးနှံများ ပိုမိုစိုက်ပျိုးရေးကို အားပေးလျက်ရှိပြီး အထူးသဖြင့် ဆန်စပါး၊ ပဲမျိုးစုံနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် စိုက်ပျိုးထုတ်လုပ်ရေးအဖွဲ့များနှင့် သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ခေတ်မီနည်းပညာများ အသုံးပြုရေးနှင့် သန့်ရှင်းသော စိုက်ပျိုးရေးနည်းလမ်းများ ကျင့်သုံးရေးတို့ကိုလည်း အားပေးမြှင့်တင်လျက်ရှိကြောင်း သိရသည်။

ကုန်ပစ္စည်းအရည်အသွေး မြှင့်တင်ရန်နှင့် ပို့ကုန်စံချိန်စံညွှန်းများနှင့် ကိုက်ညီစေရန် ဝန်ကြီးဌာနသည် ခေတ်မီနည်းပညာများနှင့် သန့်ရှင်းသော စိုက်ပျိုးရေးလုပ်ထုံးလုပ်နည်းများ အသုံးပြုရေးကို ဆက်လက်မြှင့်တင်လျက်ရှိသည်။

ကုန်သွယ်မှုကို ပိုမိုလွယ်ကူချောမွေ့စေရန် လာအိုနိုင်ငံသည် စိုက်ပျိုးရေးထွက်ကုန်များအတွက် တင်သွင်း၊ တင်ပို့ခွင့်ပြုချက်နှင့် စောင့်ကြည့်ကြပ်မတ်ရေးစနစ်တစ်ရပ်ကို ဖော်ဆောင်လျက်ရှိပြီး ယင်းစနစ်သည် ကုန်သွယ်မှုလုပ်ငန်းစဉ်များ ပိုမိုထိရောက်စေရန်နှင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

Ref: Xinhua

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြန်ပေးဆွဲခံရဟန်ဆောင်၍ မိဘထံမှ သိန်း(၁၀၀)ငွေလိမ်တောင်းခဲ့သည့် သားဖြစ်သူနှင့် ရည်းစားဖြစ်သူ ဖမ်းဆီးခံရ

ရန်ကုန်၊ ဇူလိုင် ၁ ပြန်ပေးဆွဲခံရဟန်ဆောင်ကာ မိဘများထံမှ ငွေကျပ်သိန်း(၁၀၀) လိမ်လည်တောင်းခံပြီး ငွေမပေးပါက ပြည်သူ့စစ်မှုထမ်းစာရင်းတွင် ထည့်သွင်းခံရမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သည့် သားဖြစ်သူနှင့် ၎င်း၏ရည်းစားဖြစ်သူကို သက်ဆိုင်ရာတာဝန်ရှိသူများက ဇွန် ၃၀ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ စုံစမ်းသိရှိရသည့်အချက်များအရ ဇွန် ၂၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ကန်းကျွန်းမြို့နယ်နေ မောင်ငြိမ်းချမ်းဦးသည် အလုပ်သွားစဉ် မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်ခဲ့သဖြင့် မိသားစုဝင်များက လူပျောက်ကြော်ငြာများကို လူမှုကွန်ရက်မှတစ်ဆင့် ဖြန့်ဝေခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ယင်းသို့ စစ်ဆေးနေစဉ် ဇွန် ၂၇ ရက်တွင်...

မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အကြိုဖျော်ဖြေပွဲကျင်းပနိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်ကြူကြူလှ တက်ရောက်အားပေး

လာမည့် ဇူလိုင် ၃ ရက်တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသည့် အကြိုလှုပ်ရှားမှုအဖြစ် "ပုလဲရတု စွမ်းအားပြု၊ ဂုဏ်ယူဝင့်ကြွား မြန်မာအမျိုးသမီးများ" ခေါင်းစဉ်ဖြင့် ဝတ်စားဆင်ယင်မှုပြပွဲနှင့် ရုပ်ရှင်၊ သဘင်၊ ဂီတဖျော်ဖြေပွဲကို ယနေ့ ဇူလိုင် ၁ ရက် နေ့လယ်ပိုင်းက နေပြည်တော်ရှိ MICC-1 ၌ ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်က စီစဉ်တင်ဆက်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ဇနီး၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှ တက်ရောက်အားပေးခဲ့ကြောင်း...

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ထိုင်းဘုရင့်တပ်မတော်မှ Lt. Gen. Warathep Boonya တို့တွေ့ဆုံမြန်မာ-ထိုင်းနှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးကို အောင်မြင်စွာဆောင်ရွက်ရန်ဆွေးနွေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး အား မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သော (၃၈)ကြိမ်မြောက် မြန်မာ-ထိုင်းဒေသဆိုင်ရာနယ် ခြားကော်မတီအစည်းအဝေးတက်ရောက်ခဲ့သည့် ထိုင်းဘုရင့်တပ်မတော်မှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Lt. Gen. Warathep Boonya က ယနေ့ ဇူလိုင် ၁ ရက်တွင်လာရောက်ဂါရဝပြုတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဥ် မြန်မာ-ထိုင်းနှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြားပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ပြီး နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အ ကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာများကိုအောင်မြင်စွာဆောင်ရွက်နိုင်မည့်အခြေအနေများ၊ တရားမဝင်ကုန်သွယ်မှု၊ မူးယစ်ဆေးဝါးနှင့်အွန်လိုင်းလိမ်လည်လောင်း ကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် နှစ်နိုင်ငံအ စိုးရနှင့် တပ်မတော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသော (၃၈) ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာနယ်ခြားကော် မတီအစည်းအဝေးအောင်မြင်စွာကျင်းပနိုင်ခဲ့မှု၊ နှစ်နိုင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071