Sunday, June 28, 2026

သက်ကြီးဂီတပညာရှင်(၁၅၈)ဦးကို ပူဇော်ကန်တော့ နိုင်ငံတော်သမ္မတနှင့် ဇနီး၊...

မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၏ (၁၆)ကြိမ်မြောက် သက်ကြီးဂီတပညာရှင်ကြီးများအား ပူဇော်ကန် တော့ပွဲကို ယနေ့ ဇွန် ၂၇ ရက်က ရန်ကုန်မြို့၌ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ ပူဇော်ကန်တော့ပွဲသို့ နိုင်ငံတော်သမ္မတ...

MSME လုပ်ငန်းရှင်များ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုကြရန် နိုင်ငံတော်သမ္မတ...

MSME လုပ်ငန်းရှင်များ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇွန် ၂၇ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ MICC-1 ၌ကျင်းပသည့် ကမ္ဘာ့အသေးစား၊...

Save the Children က...

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှ Grade- 1 မှ Grade-5 အထိ ကျောင်းသား/သူများကို Save the Children က Student...
HomeMoviesနိုင်ငံတော်အစိုးရအနေဖြင့် MSME လုပ်ငန်းများ...

နိုင်ငံတော်အစိုးရအနေဖြင့် MSME လုပ်ငန်းများ ကမ္ဘာ့ဈေးကွက်အထိထိုးဖောက်ယှဉ်ပြိုင်နိုင်စွမ်းရှိလာရန် အ စွမ်းကုန်ဆက်လက်ပံ့ပိုးကူညီပေးသွားမည်ဟု နိုင်ငံ တော်သမ္မတပြော

နိုင်ငံတော်အစိုးရအနေဖြင့် MSME လုပ်ငန်းများ ကမ္ဘာ့ဈေးကွက်အထိထိုးဖောက်ယှဉ်ပြိုင်နိုင်စွမ်းရှိလာရန် အ စွမ်းကုန်ဆက်လက်ပံ့ပိုးကူညီပေးသွားမည်ဟု နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။

ယနေ့ ဇွန် ၂၇ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ MICC-1 ၌ အသေးစား၊ အငယ်စားနှင့် အလတ်စား စီး ပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မ တီကကြီးမှူးကျင်းပသည့် ကမ္ဘာ့အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနေ့အထိမ်းအ မှတ်အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ MSME လုပ်ငန်းများသည် စိန်ခေါ်မှုများစွာရှိနေရာ ယင်း စိန်ခေါ်မှုများကိုကျော်လွှားနိုင်ရန် နိုင်ငံ တော်နှင့် ပုဂ္ဂလိကတို့ပူးပေါင်းပြီး စုပေါင်းလုပ်ဆောင်သည့် စနစ်၊ စိတ်တူသဘောတူများ သမဝါယမပုံစံနှင့် လုပ်ဆောင်ခြင်းဖြင့်အောင်မြင်အောင်ဆောင်ရွက်နိုင် သည်ဟု ပြောကြားခဲ့သည်။

” နိုင်ငံတော်အစိုးရအနေနဲ့ ပြည်တွင်း MSME လုပ်ငန်းတွေက်ု ဘက်စုံကဏ္ဍစုံကနေ ဖွံ့ဖြိုးတိုးတက်လာပြီး ကမ္ဘာ့ဈေးကွက်အထိထိုးဖောက်ယှဉ်ပြိုင်နိုင်စွမ်းရှိလာအောင် အစွမ်းကုန်ဆက်လက်ပံ့ပိုးကူညီပေးသွားပါမယ်။ MSME တွေဟာ မြန်မာနိုင်ငံစီးပွားရေးရဲ့ ပဓာနကျတဲ့ ကျောရိုးမဏ္ဍိုင်ကြီးဖြစ်ပါတယ်”ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

ထို့ပြင် သွင်းအားစုများဖြစ်သည့် စက်သုံးဆီ၊ လျှပ်စစ် မီး၊ မြေဩဇာနှင့် ကုန်ထုတ်လုပ်မှုစက်ကိရိယာ အစိတ် အပိုင်းများကို သင့်တော်သည့်နည်းလမ်းများဖြင့် တီ ထွင်ကြံဆလုပ်ဆောင်ရမည်ဖြစ်ကာ ကုန်ထုတ်လုပ်မှု စရိတ်စကများလျှော့ချနိုင်ရေးနှင့် ကုန်ထုတ်စွမ်းအားပိုမိုတိုးတက်လာရေးအတွက် လျှပ်စစ်နှင့် စွမ်းအင်က ဏ္ဍများဖြည့်ဆည်းပေးနိုင်ရေးကို သက်ဆိုင်ရာဝန်ကြီး ဌာနများက အထူးအလေးထားဆောင်ရွက်ပေးရမည်ဟု ပြောကြားခဲ့သည်။

လက်ရှိအချိန်၌ ပြည်တွင်း MSME များသည် ကမ္ဘာ့ MSME များနည်းတူ ငွေကြေးအရင်းအနှီးအခက်အခဲများရှိနေခြင်း၊ နည်းပညာနောက်ကျနေခြင်း၊ ဈေးကွက်ဝင်ရောက်နိုင်မှုအားနည်းခြင်း၊ ကျွမ်းကျင်လုပ်သားမလုံလောက်ခြင်း၊ ထောက်ပံ့ဖြည့်ဆည်းမှုကွင်းဆက်အားနည်းခြင်း၊ ကမ္ဘာ့စီးပွားရေးဆိုင်ရာသက်ရောက်မှုများကြုံတွေ့နေရခြင်းများကိုရင်ဆိုင်နေရပြီး ယင်းအခက်အခဲများကိုကျော်လွှားပြီး အခွင့်အလမ်းအဖြစ် ပြောင်းလဲကာ ကမ္ဘာ့ဈေးကွက်တွင် နေရာတစ်ခုရရှိအောင်ကြိုးပမ်းအားထုတ်ကြရမည်ဟု ပြောကြားခဲ့သည်။

နိုင်ငံတစ်ဝန်းလုံးရှိ အသေးစား၊ အငယ်စား လုပ်ငန်းရှင်များ၊ စတင်ပျိုးထောင်စလုပ်ငန်းတည်ထောင်သူများနှင့် MSME လုပ်ငန်းများအားလုံးကို နိုင်ငံတော်ကိုယ် စားအထူးကျေးဇူးတင်ကာ လုပ်ငန်းများ၏ တီထွင်ဖန် တီးမှု၊ ကြိုးစားအားထုတ်မှုနှင့် ကြံ့ကြံ့ခံနိုင်စွမ်းတို့သည် မိမိတို့၏ မြို့ရွာဒေသများကို ပြောင်းလဲတိုးတက်စေရုံတင်မက နိုင်ငံတော်၏ စီးပွားရေးတစ်ခုလုံးကိုရှေ့သို့ မောင်းနှင်ပေးနေခြင်းဖြစ်သည်ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သက်ကြီးဂီတပညာရှင်(၁၅၈)ဦးကို ပူဇော်ကန်တော့ နိုင်ငံတော်သမ္မတနှင့် ဇနီး၊ မိသားစုက အလှူငွေကျပ်သိန်း(၁၀၀)လှူဒါန်း

မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၏ (၁၆)ကြိမ်မြောက် သက်ကြီးဂီတပညာရှင်ကြီးများအား ပူဇော်ကန် တော့ပွဲကို ယနေ့ ဇွန် ၂၇ ရက်က ရန်ကုန်မြို့၌ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ ပူဇော်ကန်တော့ပွဲသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ မိသားစုကလှူဒါန်းသည့် အလှူငွေကျပ်သိန်း(၁၀၀)အား မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ညွှန်ကြားရေးမှူးချုပ်က(ကိုယ်စား) ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) ဥက္ကဋ္ဌကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ယနေ့ ပူဇော်ကန်တော့ပွဲသို့ ပြန်ကြားရေးဝန်ကြီး ဌာနက အလှူငွေကျပ်သိန်း(၃၀)၊ ရန်ကုန်တိုင်းအစိုးရအ ဖွဲ့က အလှူငွေကျပ်(၁၅၈)သိန်း၊ ရန်ကုန်တိုင်း USDP ပါ တီကအလှူငွေကျပ်(၅)သိန်းတို့အပါအဝင် အလှူငွေကျပ်သိန်း(၃၀၀)ကျော်နှင့် အလှူပစ္စည်းများကို...

MSME လုပ်ငန်းရှင်များ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တိုက် တွန်း

MSME လုပ်ငန်းရှင်များ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇွန် ၂၇ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ MICC-1 ၌ကျင်းပသည့် ကမ္ဘာ့အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနေ့အထိမ်းအမှတ်အခမ်းအနားတွင် တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။ MSME လုပ်ငန်းရှင်များအနေဖြင့် ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍများတွင် ငွေကြေးစီးဆင်းမှုမြန်ဆန် ချောမွေ့စေရေးအတွက် ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်များကိုကျယ်ကျယ်ပြန့်ပြန့်အသုံးပြုရန် တိုက်တွန်းပြောကြားခဲ့သည်။ "ကုန်ပစ္စည်းတွေကို ဒေသတွင်းကနေ ကမ္ဘာ့ဈေးကွက်အထိထိုးဖောက်နိုင်ဖို့အတွက် ဒစ်ဂျစ်တယ် ရောင်းဝယ် ဖောက်ကားမှုပလက်ဖောင်းတွေကို လက်တွေ့အသုံးချပြီး ဈေးကွက်ရှာဖွေတာတွေကို ဆက်လက်လုပ်ဆောင်ကြဖို့လိုပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။ ထို့ကြောင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဆိုင် ရာတာဝန်ရှိသူများအနေဖြင့် MSME လုပ်ငန်းရှင်များ၊...