Sunday, June 21, 2026

မြန်မာ့လျှပ်စစ်စွမ်းအင်ကဏ္ဍနှင့် လျှပ်စစ်ကား (EV) စနစ်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့ရှိ လျှပ်စစ်ကား(EV)များထုတ်လုပ်လျက်ရှိသော Leapmotor ကုမ္ပဏီ၏ EV ကားထုတ်လုပ်နေမှုများကို ဇွန် ၁၉ ရက်နံနက်ပိုင်းကကြည့်ရှုလေ့လာခဲ့ရာ မြန်မာနိုင်ငံတွင်လည်း...

ဒိုမီနီကန်ကမ်းခြေဟိုတယ် မီးလောင်မှုကြောင့် အီတလီအမျိုးသမီးတစ်ဦး သေဆုံး၊...

ဒိုမီနီကန်သမ္မတနိုင်ငံ၏ နာမည်ကျော် ကမ်းခြေအပန်းဖြေဒေသ Bayahibe ရှိ Viva Wyndham Dominicus Beach ဟိုတယ်တွင် မီးအကြီးအကျယ်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ အီတလီအမျိုးသမီးတစ်ဦး...

သီရိလင်္ကာတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှု မြင့်တက်၊ ယခုနှစ်အတွင်း...

သီရိလင်္ကာနိုင်ငံတွင် ခြင်မှတစ်ဆင့် ကူးစက်တတ်သော သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု သိသိသာသာမြင့်တက်လျက်ရှိပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှစတင်၍ ရောဂါကူးစက်ခံရသူ ၄၄,၀၀၀ ကျော်နှင့် သေဆုံးသူ...

ဂျာမနီတွင် ကုန်တင်ရထားနှစ်စင်းတိုက်မိ၊ တံတားပေါ်မှ ရထားတွဲများပြုတ်ကျပြီး...

ဂျာမနီနိုင်ငံ မြူးနစ်မြို့အနီးရှိ တံတားတစ်စင်းပေါ်တွင် ကုန်တင်ရထားနှစ်စင်း တိုက်မိမှုဖြစ်ပွားခဲ့ရာ လူတစ်ဦး သေဆုံးခဲ့ပြီး ရထားတွဲအချို့မှာ တံတားအောက်ရှိ လမ်းပေါ်သို့ ပြုတ်ကျခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇွန်...
HomeMoviesကမ္ဘာ့ဖလားအောင်ပွဲခံမှုများကြောင့် မက္ကဆီကိုစီးတီးတွင် လမ်းပေါ်အရက်သောက်စားမှု...

ကမ္ဘာ့ဖလားအောင်ပွဲခံမှုများကြောင့် မက္ကဆီကိုစီးတီးတွင် လမ်းပေါ်အရက်သောက်စားမှု ထိန်းချုပ်ရန် စီစဉ်

မက္ကဆီကိုအသင်း ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းအတွက် ပရိသတ်ပေါင်း ၇၀၀,၀၀၀ ကျော်က မြို့လယ်ခေါင်တွင် စုဝေးအောင်ပွဲခံခဲ့ပြီးနောက် အများပြည်သူနေရာများ၌ အရက်ရောင်းချခြင်းနှင့် လမ်းပေါ်သောက်စားခြင်းများကို ထိန်းချုပ်ရန် အစီအမံသစ်များ ချမှတ်ရန် မက္ကဆီကိုစီးတီးအစိုးရက စဉ်းစားနေကြောင်း သိရသည်။

မက္ကဆီကိုအသင်းက တောင်ကိုရီးယားအသင်းကို အနိုင်ရရှိပြီးနောက် ပရိသတ်များသည် မြို့တော်လမ်းမများပေါ်တွင် စုဝေးကာ အလံများဝှေ့ယမ်းခြင်း၊ နိုင်ငံတော်သီချင်းများ သီဆိုခြင်း၊ ဗူဗူဇလာများမှုတ်ခြင်းနှင့် မိုးရေထဲတွင် ကခုန်ခြင်းတို့ဖြင့် အောင်ပွဲခံခဲ့ကြသည်။

အောင်ပွဲခံပွဲအပြီး နောက်တစ်နေ့နံနက်တွင် မြို့တော်၏ အဓိကအထင်ကရနေရာတစ်ခုဖြစ်သည့် Reforma ရိပ်သာလမ်းမကြီးတစ်လျှောက် အမှိုက်သရိုက်များ ပြည့်နှက်နေခဲ့ပြီး မက္ကဆီကိုရိုးရာအထိမ်းအမှတ်ပန်းဖြစ်သည့် အဝါရောင် Cempasúchil ပန်းများစွာ ပျက်စီးခဲ့ကြောင်း သိရသည်။ အာဏာပိုင်များသည် သမိုင်းဝင်မြို့လယ်ဧရိယာတစ်ဝိုက်မှ အမှိုက်တန်ချိန် ၄၀ ခန့်ကို ရှင်းလင်းသိမ်းဆည်းခဲ့ရသည်။

မက္ကဆီကိုစီးတီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဆက်ဆာ ခရာဗီယက်တိုက ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း အများပြည်သူလုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအတွက် ကြိုတင်ကာကွယ်ရေးအစီအမံများ လိုအပ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက လမ်းဘေးတရားမဝင် အရက်ရောင်းချမှုများကို ထိန်းချုပ်သွားမည်ဖြစ်ပြီး စားသောက်ဆိုင်များနှင့် ဘားများအား ဆိုင်ပြင်ပသို့ အရက်ထုတ်ယူရောင်းချခြင်း မပြုရန် တောင်းဆိုသွားမည်ဟု ဆိုသည်။ ထို့ပြင် ကုန်စုံဆိုင်များကိုလည်း ပွဲမစမီ နာရီပိုင်းအလိုတွင် အရက်ရောင်းချမှု ယာယီရပ်နားရန် ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပရိသတ်များ စုဝေးမှုကို လျှော့ချနိုင်ရန် မြို့လယ်ခေါင်ရှိ ရုပ်သံဖန်သားပြင်ကြီး ၁၂ ခုအပြင် နောက်ထပ် ၇ ခု ထပ်မံတပ်ဆင်သွားမည်ဖြစ်ပြီး လမ်းဘေးဈေးသည်များ၏ ဘီယာရောင်းချမှုကို စောင့်ကြည့်ထိန်းချုပ်ရန် ဝန်ထမ်းအင်အားများကိုလည်း တိုးချဲ့ချထားသွားမည်ဖြစ်ကြောင်း သိရသည်။

“ပရိသတ်တွေအနေနဲ့ အရက်အလွန်အကျွံ သောက်စားခြင်းမရှိဘဲ ပျော်ရွှင်စွာ အားပေးနိုင်ဖို့ ကျွန်တော်တို့ ဆက်လက်တိုက်တွန်းသွားမှာပါ” ဟု ဆက်ဆာ ခရာဗီယက်တိုက ပြောကြားခဲ့သည်။

Ref: FMT

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ့လျှပ်စစ်စွမ်းအင်ကဏ္ဍနှင့် လျှပ်စစ်ကား (EV) စနစ် အောင်မြင်ရေး ချိတ်ဆက်မှု ဆန်းစစ်ချက်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့ရှိ လျှပ်စစ်ကား(EV)များထုတ်လုပ်လျက်ရှိသော Leapmotor ကုမ္ပဏီ၏ EV ကားထုတ်လုပ်နေမှုများကို ဇွန် ၁၉ ရက်နံနက်ပိုင်းကကြည့်ရှုလေ့လာခဲ့ရာ မြန်မာနိုင်ငံတွင်လည်း နည်းပညာမြင့်မားသော EV ကားများထုတ်လုပ် တင်သွင်းရန်အခွင့်အလမ်းများရရှိလာနိုင်တော့မည့်အခြေအနေဖြစ်လာနိုင်သည်ဟုယူဆရသည်။EV ၏အောင်မြင်မှုသည် လျပ်စစ်ကဏ္ဍနှင့်လည်း များစွာ ဆက်စပ်နေသည်။ လက်ရှိအချိန်တွင် လျှပ်စစ်ကားများ ခေတ်စားလာသော်လည်း အိမ်သုံးလျှပ်စစ်မီးကို အလှည့်ကျစနစ်ဖြင့် ပေးနေရသည့် မြန်မာနိုင်ငံတွင် လျှပ်စစ်ကားကဏ္ဍ အောင်မြင်ရန်အတွက် လျှပ်စစ်စွမ်းအင်မျိုးစုံ လိုအပ်မည်ဖြစ်သည်။ အထူးသဖြင့် လတ်တလောတွင် နိုင်ငံတော်မဟာဓာတ်အားလိုင်းကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ လျှပ်စစ်ဓာတ်အား ရရှိနိုင်မည့် နည်းလမ်းများကိုပါ ထည့်သွင်းစဉ်းစားရမည်...

ဒိုမီနီကန်ကမ်းခြေဟိုတယ် မီးလောင်မှုကြောင့် အီတလီအမျိုးသမီးတစ်ဦး သေဆုံး၊ ခရီးသွား ၁,၇၀၀ နီးပါး ဘေးလွတ်ရာရွှေ့ပြောင်း

ဒိုမီနီကန်သမ္မတနိုင်ငံ၏ နာမည်ကျော် ကမ်းခြေအပန်းဖြေဒေသ Bayahibe ရှိ Viva Wyndham Dominicus Beach ဟိုတယ်တွင် မီးအကြီးအကျယ်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ အီတလီအမျိုးသမီးတစ်ဦး သေဆုံးပြီး ခရီးသွားဧည့်သည် ၁,၇၀၀ နီးပါးကို ဘေးလွတ်ရာသို့ အရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ဇွန် ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အရေးပေါ်ဆေးဘက်ဆိုင်ရာဌာန (DAEH) ၏ ထုတ်ပြန်ချက်အရ မီးလောင်မှုအတွင်း အသက် ၄၆ နှစ်အရွယ် အီတလီနိုင်ငံသူ ဖရန်ဆက်စ်ကာ ဗယ်လင်တီနို သေဆုံးခဲ့ကြောင်း သိရသည်။ ထို့ပြင် လူသုံးဦးကို ဆေးရုံသို့...

သီရိလင်္ကာတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှု မြင့်တက်၊ ယခုနှစ်အတွင်း လူနာ ၄၄,၀၀၀ ကျော်နှင့် သေဆုံးသူ ၂၈ ဦးရှိ

သီရိလင်္ကာနိုင်ငံတွင် ခြင်မှတစ်ဆင့် ကူးစက်တတ်သော သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု သိသိသာသာမြင့်တက်လျက်ရှိပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှစတင်၍ ရောဂါကူးစက်ခံရသူ ၄၄,၀၀၀ ကျော်နှင့် သေဆုံးသူ ၂၈ ဦးအထိ ရှိလာကြောင်း တာဝန်ရှိသူများက ထုတ်ပြန်ခဲ့သည်။ အဆိုပါ ရောဂါဖြစ်ပွားမှု မြင့်တက်လာခြင်းကြောင့် အစိုးရဆေးရုံများတွင် လူနာများပြားလာကာ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အပေါ် ဖိအားများ မြင့်တက်လျက်ရှိကြောင်း သိရသည်။ သီရိလင်္ကာနိုင်ငံတွင် မိုးရာသီကာလများ၌ သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များလေ့ရှိသော်လည်း ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်း ကျွန်းနိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့သည့် ဆိုက်ကလုန်းမုန်တိုင်း “ဒစ်ဝါ” ကြောင့် ဖြစ်ပေါ်ခဲ့သော ရေဝပ်ဒေသများနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071