Sunday, June 21, 2026

မြန်မာ့လျှပ်စစ်စွမ်းအင်ကဏ္ဍနှင့် လျှပ်စစ်ကား (EV) စနစ်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့ရှိ လျှပ်စစ်ကား(EV)များထုတ်လုပ်လျက်ရှိသော Leapmotor ကုမ္ပဏီ၏ EV ကားထုတ်လုပ်နေမှုများကို ဇွန် ၁၉ ရက်နံနက်ပိုင်းကကြည့်ရှုလေ့လာခဲ့ရာ မြန်မာနိုင်ငံတွင်လည်း...

ကမ္ဘာ့ဖလားအောင်ပွဲခံမှုများကြောင့် မက္ကဆီကိုစီးတီးတွင် လမ်းပေါ်အရက်သောက်စားမှု ထိန်းချုပ်ရန်...

မက္ကဆီကိုအသင်း ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းအတွက် ပရိသတ်ပေါင်း ၇၀၀,၀၀၀ ကျော်က မြို့လယ်ခေါင်တွင် စုဝေးအောင်ပွဲခံခဲ့ပြီးနောက် အများပြည်သူနေရာများ၌ အရက်ရောင်းချခြင်းနှင့် လမ်းပေါ်သောက်စားခြင်းများကို ထိန်းချုပ်ရန်...

ဒိုမီနီကန်ကမ်းခြေဟိုတယ် မီးလောင်မှုကြောင့် အီတလီအမျိုးသမီးတစ်ဦး သေဆုံး၊...

ဒိုမီနီကန်သမ္မတနိုင်ငံ၏ နာမည်ကျော် ကမ်းခြေအပန်းဖြေဒေသ Bayahibe ရှိ Viva Wyndham Dominicus Beach ဟိုတယ်တွင် မီးအကြီးအကျယ်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ အီတလီအမျိုးသမီးတစ်ဦး...

ဂျာမနီတွင် ကုန်တင်ရထားနှစ်စင်းတိုက်မိ၊ တံတားပေါ်မှ ရထားတွဲများပြုတ်ကျပြီး...

ဂျာမနီနိုင်ငံ မြူးနစ်မြို့အနီးရှိ တံတားတစ်စင်းပေါ်တွင် ကုန်တင်ရထားနှစ်စင်း တိုက်မိမှုဖြစ်ပွားခဲ့ရာ လူတစ်ဦး သေဆုံးခဲ့ပြီး ရထားတွဲအချို့မှာ တံတားအောက်ရှိ လမ်းပေါ်သို့ ပြုတ်ကျခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇွန်...
HomeMoviesသီရိလင်္ကာတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှု မြင့်တက်၊...

သီရိလင်္ကာတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှု မြင့်တက်၊ ယခုနှစ်အတွင်း လူနာ ၄၄,၀၀၀ ကျော်နှင့် သေဆုံးသူ ၂၈ ဦးရှိ

သီရိလင်္ကာနိုင်ငံတွင် ခြင်မှတစ်ဆင့် ကူးစက်တတ်သော သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု သိသိသာသာမြင့်တက်လျက်ရှိပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှစတင်၍ ရောဂါကူးစက်ခံရသူ ၄၄,၀၀၀ ကျော်နှင့် သေဆုံးသူ ၂၈ ဦးအထိ ရှိလာကြောင်း တာဝန်ရှိသူများက ထုတ်ပြန်ခဲ့သည်။

အဆိုပါ ရောဂါဖြစ်ပွားမှု မြင့်တက်လာခြင်းကြောင့် အစိုးရဆေးရုံများတွင် လူနာများပြားလာကာ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အပေါ် ဖိအားများ မြင့်တက်လျက်ရှိကြောင်း သိရသည်။

သီရိလင်္ကာနိုင်ငံတွင် မိုးရာသီကာလများ၌ သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များလေ့ရှိသော်လည်း ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်း ကျွန်းနိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့သည့် ဆိုက်ကလုန်းမုန်တိုင်း “ဒစ်ဝါ” ကြောင့် ဖြစ်ပေါ်ခဲ့သော ရေဝပ်ဒေသများနှင့် ပတ်ဝန်းကျင်အပျက်အစီးများက ယခုနှစ် ရောဂါဖြစ်ပွားမှု ပိုမိုမြင့်တက်စေခဲ့ကြောင်း အာဏာပိုင်များက သုံးသပ်ထားသည်။

နိုင်ငံတော်သွေးလွန်တုပ်ကွေးထိန်းချုပ်ရေးဌာန (NDCU) ၏ အချက်အလက်များအရ ဧပြီလအတွင်း ရောဂါဖြစ်ပွားသူ ၅,၆၅၁ ဦးရှိခဲ့ရာမှ ဇွန်လ ပထမနှစ်ပတ်အတွင်း ၁၀,၆၃၈ ဦးအထိ မြင့်တက်လာခဲ့ပြီး နှစ်ဆနီးပါး တိုးလာကြောင်း သိရသည်။

“ဆိုက်ကလုန်းမုန်တိုင်းအပြီးမှာ ရောဂါဖြစ်ပွားမှု မြင့်တက်လာတာကို သတိပြုမိခဲ့ပါတယ်။ ပတ်ဝန်းကျင်မှာ အပျက်အစီးတွေနဲ့ ရေဝပ်နေရာတွေ များပြားလာတာကြောင့် ခြင်ပေါက်ဖွားမှု ပိုမိုများပြားလာခဲ့ပါတယ်” ဟု NDCU ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ပရာရှီလာ ဆာမာရာဝီရာက Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။

၎င်းက ဆက်လက်၍ ၂၀၂၅ ခုနှစ် တစ်နှစ်လုံးတွင် သွေးလွန်တုပ်ကွေး လူနာ ၅၁,၀၀၀ ခန့်သာ မှတ်တမ်းတင်နိုင်ခဲ့သော်လည်း ယခုနှစ်တွင် နှစ်ဝက်မပြည့်မီ လူနာ ၄၄,၀၀၀ ကျော်ရှိလာခြင်းမှာ စိုးရိမ်ဖွယ်အခြေအနေဖြစ်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိ ရောဂါကူးစက်မှုနှုန်းသည် လာမည့် နှစ်ပတ်ခန့်အတွင်း ဆက်လက်မြင့်တက်နိုင်သေးကြောင်းနှင့် ထို့နောက်မှသာ တဖြည်းဖြည်း လျော့ကျလာဖွယ်ရှိကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ခန့်မှန်းထားသည်။

Ref: International / Reuters

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ့လျှပ်စစ်စွမ်းအင်ကဏ္ဍနှင့် လျှပ်စစ်ကား (EV) စနစ် အောင်မြင်ရေး ချိတ်ဆက်မှု ဆန်းစစ်ချက်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့ရှိ လျှပ်စစ်ကား(EV)များထုတ်လုပ်လျက်ရှိသော Leapmotor ကုမ္ပဏီ၏ EV ကားထုတ်လုပ်နေမှုများကို ဇွန် ၁၉ ရက်နံနက်ပိုင်းကကြည့်ရှုလေ့လာခဲ့ရာ မြန်မာနိုင်ငံတွင်လည်း နည်းပညာမြင့်မားသော EV ကားများထုတ်လုပ် တင်သွင်းရန်အခွင့်အလမ်းများရရှိလာနိုင်တော့မည့်အခြေအနေဖြစ်လာနိုင်သည်ဟုယူဆရသည်။EV ၏အောင်မြင်မှုသည် လျပ်စစ်ကဏ္ဍနှင့်လည်း များစွာ ဆက်စပ်နေသည်။ လက်ရှိအချိန်တွင် လျှပ်စစ်ကားများ ခေတ်စားလာသော်လည်း အိမ်သုံးလျှပ်စစ်မီးကို အလှည့်ကျစနစ်ဖြင့် ပေးနေရသည့် မြန်မာနိုင်ငံတွင် လျှပ်စစ်ကားကဏ္ဍ အောင်မြင်ရန်အတွက် လျှပ်စစ်စွမ်းအင်မျိုးစုံ လိုအပ်မည်ဖြစ်သည်။ အထူးသဖြင့် လတ်တလောတွင် နိုင်ငံတော်မဟာဓာတ်အားလိုင်းကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ လျှပ်စစ်ဓာတ်အား ရရှိနိုင်မည့် နည်းလမ်းများကိုပါ ထည့်သွင်းစဉ်းစားရမည်...

ကမ္ဘာ့ဖလားအောင်ပွဲခံမှုများကြောင့် မက္ကဆီကိုစီးတီးတွင် လမ်းပေါ်အရက်သောက်စားမှု ထိန်းချုပ်ရန် စီစဉ်

မက္ကဆီကိုအသင်း ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းအတွက် ပရိသတ်ပေါင်း ၇၀၀,၀၀၀ ကျော်က မြို့လယ်ခေါင်တွင် စုဝေးအောင်ပွဲခံခဲ့ပြီးနောက် အများပြည်သူနေရာများ၌ အရက်ရောင်းချခြင်းနှင့် လမ်းပေါ်သောက်စားခြင်းများကို ထိန်းချုပ်ရန် အစီအမံသစ်များ ချမှတ်ရန် မက္ကဆီကိုစီးတီးအစိုးရက စဉ်းစားနေကြောင်း သိရသည်။ မက္ကဆီကိုအသင်းက တောင်ကိုရီးယားအသင်းကို အနိုင်ရရှိပြီးနောက် ပရိသတ်များသည် မြို့တော်လမ်းမများပေါ်တွင် စုဝေးကာ အလံများဝှေ့ယမ်းခြင်း၊ နိုင်ငံတော်သီချင်းများ သီဆိုခြင်း၊ ဗူဗူဇလာများမှုတ်ခြင်းနှင့် မိုးရေထဲတွင် ကခုန်ခြင်းတို့ဖြင့် အောင်ပွဲခံခဲ့ကြသည်။ အောင်ပွဲခံပွဲအပြီး နောက်တစ်နေ့နံနက်တွင် မြို့တော်၏ အဓိကအထင်ကရနေရာတစ်ခုဖြစ်သည့် Reforma ရိပ်သာလမ်းမကြီးတစ်လျှောက် အမှိုက်သရိုက်များ ပြည့်နှက်နေခဲ့ပြီး မက္ကဆီကိုရိုးရာအထိမ်းအမှတ်ပန်းဖြစ်သည့် အဝါရောင်...

ဒိုမီနီကန်ကမ်းခြေဟိုတယ် မီးလောင်မှုကြောင့် အီတလီအမျိုးသမီးတစ်ဦး သေဆုံး၊ ခရီးသွား ၁,၇၀၀ နီးပါး ဘေးလွတ်ရာရွှေ့ပြောင်း

ဒိုမီနီကန်သမ္မတနိုင်ငံ၏ နာမည်ကျော် ကမ်းခြေအပန်းဖြေဒေသ Bayahibe ရှိ Viva Wyndham Dominicus Beach ဟိုတယ်တွင် မီးအကြီးအကျယ်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ အီတလီအမျိုးသမီးတစ်ဦး သေဆုံးပြီး ခရီးသွားဧည့်သည် ၁,၇၀၀ နီးပါးကို ဘေးလွတ်ရာသို့ အရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ဇွန် ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အရေးပေါ်ဆေးဘက်ဆိုင်ရာဌာန (DAEH) ၏ ထုတ်ပြန်ချက်အရ မီးလောင်မှုအတွင်း အသက် ၄၆ နှစ်အရွယ် အီတလီနိုင်ငံသူ ဖရန်ဆက်စ်ကာ ဗယ်လင်တီနို သေဆုံးခဲ့ကြောင်း သိရသည်။ ထို့ပြင် လူသုံးဦးကို ဆေးရုံသို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071