လာအိုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. Thongsavanh Phomvihane သည် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေ၏ ဖိတ်ကြားချက်အရ ဇွန်လ ၁၂ ရက်မှ ၁၃ ရက်အထိ မြန်မာနိုင်ငံသို့ တရားဝင်ခရီးစဉ် လာရောက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ခရီးစဉ်သည် မြန်မာ-လာအို နှစ်နိုင်ငံအကြား နှစ်ပေါင်း (၇၀) ကျော်ကြာ တည်ရှိလာခဲ့သည့် ချစ်ကြည်ရင်းနှီးမှုနှင့် အိမ်နီးချင်းနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာအားကောင်းစေရန် ရည်ရွယ်ထားကြောင်း သိရသည်။
