Tuesday, June 9, 2026

ပဲခူးတိုင်းတွင် မိုးတွင်းရေကြီးမှုအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုများ စနစ်တကျ...

ပဲခူးတိုင်းဒေသကြီးအတွင်း မိုးတွင်းကာလတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများအတွက် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများကို စနစ်တကျ ကြိုတင်ပြင်ဆင်ထားကြောင်း ပဲခူးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ပြောသည်။ မိုးသည်းထန်စွာ...

မြန်မာ-ထိုင်းချစ်ကြည်ရေးအသင်းရုံးခန်းဖွင့်လှစ်

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ (၄)ရပ်ကွက်၊ ပါရမီလမ်းနှင့် ဝေဇယန္တာလမ်းတောင့်ရှိ Inno City ၌ မြန်မာ-ထိုင်းချစ်ကြည်ရေးအသင်းရုံးခန်းကို ယနေ့ ဇွန် ၉ ရက်နံနက်ပိုင်းကဖွင့်လှစ်ခဲ့သည်။ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်မှ...

ဘင်းမ်စတက် (၂၉) နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားသို့...

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ Hotel Sheraton ၌ ၂၀၂၆ ခုနှစ် ဇွန်လ ၈ ရက်က ကျင်းပသည့် ဘင်းမ်စတက် (BIMSTEC)...

မိုးရာသီ၌ မြစ်ရေကြီးမှုအန္တရာယ် ကြိုတင်သတိပြုနိုင်ရေး အသိပေးနှိုးဆော်

မိုးရာသီအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မြစ်ရေမျက်နှာပြင် မြင့်တက်လာနိုင်သဖြင့် မြစ်ကမ်းနားနှင့် မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်သူများအနေဖြင့် ရေဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်ကြရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က အသိပေးနှိုးဆော်ထားသည်။ ရေကြီးရေလျှံမှု ဖြစ်ပေါ်နိုင်သည့်...
HomeMoviesUFC Freedom250 ပွဲစဉ်များကို...

UFC Freedom250 ပွဲစဉ်များကို ရန်ကုန်အမေရိကန်စင်တာတွင် အတူတကွကြည့်ရှုနိုင်ရန် အမေရိကန်သံရုံး ဖိတ်ခေါ်

အမေရိကန်နိုင်ငံ၏ လွတ်လပ်ရေးနှစ် (၂၅၀) ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပမည့် UFC Freedom250 ခေါင်ပွဲစဉ်များကို ရန်ကုန်မြို့ရှိ အမေရိကန်စင်တာ၌ အတူတကွကြည့်ရှုနိုင်ရန် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဖိတ်ခေါ်ထားကြောင်း သိရသည်။

အဆိုပါ အစီအစဉ်ကို ဇွန်လ ၁၅ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး တက်ရောက်သူများအနေဖြင့် မနက်စာသုံးဆောင်ရင်း အိမ်ဖြူတော်တောင်ဘက် မြက်ခင်းပြင်မှ တိုက်ရိုက်ထုတ်လွှင့်မည့် UFC Freedom250 ပွဲစဉ်များကို ကြည့်ရှုနိုင်မည်ဖြစ်သည်။

ထို့ပြင် Freedom250 အထိမ်းအမှတ် လက်ဆောင်ပစ္စည်းများ ရယူနိုင်မည့်အပြင် မြန်မာနိုင်ငံရှိ MMA (Mixed Martial Arts) ဝါသနာရှင်များနှင့် တွေ့ဆုံရင်းနှီးခွင့်လည်း ရရှိမည်ဖြစ်ကြောင်း သိရသည်။

ပွဲကို ဇွန်လ ၁၅ ရက် နံနက် ၆ နာရီခွဲမှ ၁၀ နာရီခွဲအထိ ရန်ကုန်အမေရိကန်စင်တာ (အမှတ် ၁၄၀၊ အင်းယားလမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းထောင့်၊ ကမာရွတ်မြို့နယ်) တွင် ကျင်းပမည်ဖြစ်သည်။

တက်ရောက်ခွင့် အခမဲ့ဖြစ်သော်လည်း နေရာအကန့်အသတ်ရှိသဖြင့် ကြိုတင်စာရင်းပေးသွင်းရန် လိုအပ်ကြောင်းနှင့် စင်တာအတွင်း ဝင်ရောက်ရာတွင် ဓာတ်ပုံပါ သက်သေခံကတ်ပြားတစ်ခုခု ယူဆောင်လာရမည်ဖြစ်ကြောင်း အမေရိကန်သံရုံးက အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပဲခူးတိုင်းတွင် မိုးတွင်းရေကြီးမှုအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုများ စနစ်တကျ ဆောင်ရွက်ထား စက်တပ်လှေ ၇၉ စီး၊ မီးစက် ၂၀ လုံး၊ ရေစုပ်စက် ၁၈ လုံး အသင့်ပြင်ထား

ပဲခူးတိုင်းဒေသကြီးအတွင်း မိုးတွင်းကာလတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများအတွက် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများကို စနစ်တကျ ကြိုတင်ပြင်ဆင်ထားကြောင်း ပဲခူးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ပြောသည်။ မိုးသည်းထန်စွာ ရွာသွန်းလာပါက ရေကြီးရေလျှံမှုများအတွက် တိုင်းဒေသကြီးတစ်ဝန်း ကယ်ဆယ်ရေးပစ္စည်းများ ကြိုတင်စီစဉ်ထားကြောင်း သိရသည်။ ပဲခူးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသောင်းရွှေက “မိုးများသည်းထန်စွာ ရွာသွန်းလာပါက ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်သည့် ဒေသများတွင် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ အဆင်သင့်ဖြစ်စေရန် ကြိုတင်ပြင်ဆင်ထားရှိပြီး ဖြစ်သည်” ဟု ပြောကြားသည်။ ဇွန်လ ၆ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးအတွင်း မိုးရွာသွန်းခဲ့ပြီးနောက်...

မြန်မာ-ထိုင်းချစ်ကြည်ရေးအသင်းရုံးခန်းဖွင့်လှစ်

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ (၄)ရပ်ကွက်၊ ပါရမီလမ်းနှင့် ဝေဇယန္တာလမ်းတောင့်ရှိ Inno City ၌ မြန်မာ-ထိုင်းချစ်ကြည်ရေးအသင်းရုံးခန်းကို ယနေ့ ဇွန် ၉ ရက်နံနက်ပိုင်းကဖွင့်လှစ်ခဲ့သည်။ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်မှ ဒု-ပါမောက္ခ ချုပ်ဆရာတော်ဒေါက်တာဘဒ္ဒန္တဇောတိကအမှူးပြုသည့် ဆရာတော်၊ သံဃာတော်များက အန္တရာယ်ကင်းပ ရိတ်တရားတော်များကိုရွတ်ဖတ်ပေးတော်မူကြပြီးနောက် မြန်မာ-ထိုင်းချစ်ကြည်ရေးအသင်းဥက္ကဋ္ဌဦးတင်ဝင်း(သံအမတ်ကြီး-ငြိမ်း)နှင့် အဖွဲ့ဝင်များကလှူ ဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ မြန် မာ-ထိုင်းချစ်ကြည်ရေးအသင်း ဒု-ဥက္ကဋ္ဌ(၁)ဗိုလ်မှူးချုပ်ဝင်းမောင်(သံအမတ်ကြီး-ငြိမ်း)၊ အတွင်းရေးမှူးဦးမျိုးမင်းဝင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှသံရုံးယာယီတာဝန်ခံ Mr.Yordying Suposri တို့တက်ရောက်ခဲ့ကြသည်။ Photo-Ko Aung Myint

ဘင်းမ်စတက် (၂၉) နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ မြန်မာသံအမတ်ကြီး တက်ရောက်၊ မြန်မာ့လက်မှုပစ္စည်းများ ပြသ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ Hotel Sheraton ၌ ၂၀၂၆ ခုနှစ် ဇွန်လ ၈ ရက်က ကျင်းပသည့် ဘင်းမ်စတက် (BIMSTEC) အဖွဲ့ တည်ထောင်ခြင်း (၂၉) နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုး တက်ရောက်ခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ Hon’ble State Minister H.E. Ms. Shama Obaed Islam က အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပြီး ဒါကာမြို့အခြေစိုက် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၏ သံရုံးအကြီးအကဲများ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071