Tuesday, June 9, 2026

ပဲခူးတိုင်းတွင် မိုးတွင်းရေကြီးမှုအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုများ စနစ်တကျ...

ပဲခူးတိုင်းဒေသကြီးအတွင်း မိုးတွင်းကာလတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများအတွက် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများကို စနစ်တကျ ကြိုတင်ပြင်ဆင်ထားကြောင်း ပဲခူးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ပြောသည်။ မိုးသည်းထန်စွာ...

မြန်မာ-ထိုင်းချစ်ကြည်ရေးအသင်းရုံးခန်းဖွင့်လှစ်

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ (၄)ရပ်ကွက်၊ ပါရမီလမ်းနှင့် ဝေဇယန္တာလမ်းတောင့်ရှိ Inno City ၌ မြန်မာ-ထိုင်းချစ်ကြည်ရေးအသင်းရုံးခန်းကို ယနေ့ ဇွန် ၉ ရက်နံနက်ပိုင်းကဖွင့်လှစ်ခဲ့သည်။ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်မှ...

UFC Freedom250 ပွဲစဉ်များကို ရန်ကုန်အမေရိကန်စင်တာတွင်...

အမေရိကန်နိုင်ငံ၏ လွတ်လပ်ရေးနှစ် (၂၅၀) ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပမည့် UFC Freedom250 ခေါင်ပွဲစဉ်များကို ရန်ကုန်မြို့ရှိ အမေရိကန်စင်တာ၌ အတူတကွကြည့်ရှုနိုင်ရန် မြန်မာနိုင်ငံဆိုင်ရာ...

ဘင်းမ်စတက် (၂၉) နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားသို့...

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ Hotel Sheraton ၌ ၂၀၂၆ ခုနှစ် ဇွန်လ ၈ ရက်က ကျင်းပသည့် ဘင်းမ်စတက် (BIMSTEC)...
HomeMoviesဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၃ဒသမ...

ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၃ဒသမ ၆ သန်းကျော်ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချ

ဗဟိုဘဏ်က CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၃ဒသမ ၆ သန်းကျော်(၃,၆၄၉,၅၀၀.၀၀) ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် အမေရိကန်ဒေါ်လာ ၅၁,၂၁၀.၀၀ ကို CMP ကုမ္ပဏီများထံသို့လည်းကောင်း၊ အမေရိကန်ဒေါ်လာ ၃၈၄.၂၄ ကို Non Trade Transaction များအတွက်လည်းကောင်း ရောင်းချပေးခဲ့ကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။

ယနေ့ FX Trading တွင် နိုင်ငံခြားငွေ ဝယ်ယူရရှိမှုအခြေအနေအရ စားသုံးဆီကဏ္ဍမှ (၃၇ ရာခိုင်နှုန်း) ဖြင့် အများဆုံးဝယ်ယူရရှိခဲ့ပြီး၊ စက်သုံးဆီကဏ္ဍမှ (၃၀ ရာခိုင်နှုန်း)၊ ဆေးနှင့် ဆေးဝါးကုန်ကြမ်းပစ္စည်းများမှ (၆ ရာခိုင်နှုန်း)၊ စက်မှုကုန်ကြမ်းမှ (၄ ရာခိုင်နှုန်း)၊ စားသုံးကုန်စည်မှ (၈ ရာခိုင်နှုန်း)၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းမှ (၃ ရာခိုင်နှုန်း)၊ ထုတ်ပိုးမှုပစ္စည်းများမှ (၂ ရာခိုင်နှုန်း) နှင့် အခြားကုန်ပစ္စည်းများနှင့် Non Trade Transaction များမှ (၁၀ ရာခိုင်နှုန်း) အသီးသီး ဝယ်ယူရရှိခဲ့ကြောင်း သိရသည်။

ဗဟိုဘဏ်အနေဖြင့် ပြည်တွင်းလိုအပ်ချက်များနှင့် ဈေးကွက်တည်ငြိမ်ရေးအတွက် နိုင်ငံခြားငွေ ရောင်းဝယ်မှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပဲခူးတိုင်းတွင် မိုးတွင်းရေကြီးမှုအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုများ စနစ်တကျ ဆောင်ရွက်ထား စက်တပ်လှေ ၇၉ စီး၊ မီးစက် ၂၀ လုံး၊ ရေစုပ်စက် ၁၈ လုံး အသင့်ပြင်ထား

ပဲခူးတိုင်းဒေသကြီးအတွင်း မိုးတွင်းကာလတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများအတွက် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများကို စနစ်တကျ ကြိုတင်ပြင်ဆင်ထားကြောင်း ပဲခူးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ပြောသည်။ မိုးသည်းထန်စွာ ရွာသွန်းလာပါက ရေကြီးရေလျှံမှုများအတွက် တိုင်းဒေသကြီးတစ်ဝန်း ကယ်ဆယ်ရေးပစ္စည်းများ ကြိုတင်စီစဉ်ထားကြောင်း သိရသည်။ ပဲခူးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသောင်းရွှေက “မိုးများသည်းထန်စွာ ရွာသွန်းလာပါက ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်သည့် ဒေသများတွင် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ အဆင်သင့်ဖြစ်စေရန် ကြိုတင်ပြင်ဆင်ထားရှိပြီး ဖြစ်သည်” ဟု ပြောကြားသည်။ ဇွန်လ ၆ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးအတွင်း မိုးရွာသွန်းခဲ့ပြီးနောက်...

မြန်မာ-ထိုင်းချစ်ကြည်ရေးအသင်းရုံးခန်းဖွင့်လှစ်

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ (၄)ရပ်ကွက်၊ ပါရမီလမ်းနှင့် ဝေဇယန္တာလမ်းတောင့်ရှိ Inno City ၌ မြန်မာ-ထိုင်းချစ်ကြည်ရေးအသင်းရုံးခန်းကို ယနေ့ ဇွန် ၉ ရက်နံနက်ပိုင်းကဖွင့်လှစ်ခဲ့သည်။ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်မှ ဒု-ပါမောက္ခ ချုပ်ဆရာတော်ဒေါက်တာဘဒ္ဒန္တဇောတိကအမှူးပြုသည့် ဆရာတော်၊ သံဃာတော်များက အန္တရာယ်ကင်းပ ရိတ်တရားတော်များကိုရွတ်ဖတ်ပေးတော်မူကြပြီးနောက် မြန်မာ-ထိုင်းချစ်ကြည်ရေးအသင်းဥက္ကဋ္ဌဦးတင်ဝင်း(သံအမတ်ကြီး-ငြိမ်း)နှင့် အဖွဲ့ဝင်များကလှူ ဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ မြန် မာ-ထိုင်းချစ်ကြည်ရေးအသင်း ဒု-ဥက္ကဋ္ဌ(၁)ဗိုလ်မှူးချုပ်ဝင်းမောင်(သံအမတ်ကြီး-ငြိမ်း)၊ အတွင်းရေးမှူးဦးမျိုးမင်းဝင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှသံရုံးယာယီတာဝန်ခံ Mr.Yordying Suposri တို့တက်ရောက်ခဲ့ကြသည်။ Photo-Ko Aung Myint

UFC Freedom250 ပွဲစဉ်များကို ရန်ကုန်အမေရိကန်စင်တာတွင် အတူတကွကြည့်ရှုနိုင်ရန် အမေရိကန်သံရုံး ဖိတ်ခေါ်

အမေရိကန်နိုင်ငံ၏ လွတ်လပ်ရေးနှစ် (၂၅၀) ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပမည့် UFC Freedom250 ခေါင်ပွဲစဉ်များကို ရန်ကုန်မြို့ရှိ အမေရိကန်စင်တာ၌ အတူတကွကြည့်ရှုနိုင်ရန် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဖိတ်ခေါ်ထားကြောင်း သိရသည်။ အဆိုပါ အစီအစဉ်ကို ဇွန်လ ၁၅ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး တက်ရောက်သူများအနေဖြင့် မနက်စာသုံးဆောင်ရင်း အိမ်ဖြူတော်တောင်ဘက် မြက်ခင်းပြင်မှ တိုက်ရိုက်ထုတ်လွှင့်မည့် UFC Freedom250 ပွဲစဉ်များကို ကြည့်ရှုနိုင်မည်ဖြစ်သည်။ ထို့ပြင် Freedom250 အထိမ်းအမှတ် လက်ဆောင်ပစ္စည်းများ ရယူနိုင်မည့်အပြင် မြန်မာနိုင်ငံရှိ MMA (Mixed Martial Arts)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071