Monday, June 1, 2026

​အာရှမြေမှာ ပထမဆုံးခြေလှမ်းစမည့် ဘရာဇီးလ်နောက်ခံလူ Gilmar...

​၎င်းသည် ရန်ကုန်စီးတီးအသင်းအတွက် ပထမဆုံးသော ပြည်ပကစားသမား ခေါ်ယူမှုလည်း ဖြစ်ပြီး၊ Gilmar သည် ဘရာဇီးလ်ပြည်တွင်းကလပ်များဖြစ်သည့် Trem၊ Cordino၊ Moto Club-MA၊...

ရက် (၁၀၀) ကာလ “လမင်းစီမံချက်”...

နိုင်ငံတော်အစိုးရ၏ ရက်ပေါင်း (၁၀၀) ကာလအတွင်း “လမင်းစီမံချက်” ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနေမှုကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေသည်။ ထိုသို့ဆောင်ရွက်နေရာ ရန်ကုန်တိုင်း၊ သာကေတမြို့ရှိအမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/သူများအား...

​ရန်ကုန်ဆေးရုံကြီးတွင် လူနာတင်ယာဉ်အခက်အခဲများဖြေရှင်းနိုင်ရန် တိုင်းလွှတ်တော်ကိုယ်စားလှယ်များနှင့်ပရဟိတအဖွဲ့များ  တွေ့ဆုံဆွေးနွေး​​

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် လူနာရှင်များ ဆေးရုံဆင်းချိန်နှင့် ရုပ်အလောင်း (Dead Body)များသယ်ဆောင်ရာ၌ ကြုံ တွေ့နေရသည့် အခက်အခဲများအပါအ ဝင် လူနာတင်ယာဉ် အမည်ခံကာ အဆ...

မြဝတီခရိုင်၌ ယခုပညာသင်နှစ်တွင် စာသင်ကျောင်း (၈၆)ကျောင်းဖွင့်လှစ်

ကရင်ပြည်နယ်၊ မြဝတီခရိုင်၌ ယနေ့ ဇွန် ၁ ရက်ကစ တင်သည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် စာသင် ကျောင်း(၈၆)ကျောင်းဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။ အခြေခံပညာကျောင်း(၇၄)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၅)ကျောင်း၊...
HomeMovies​ပင်လောင်းမြို့နယ် ငလျင်ဘေးသင့်အိမ် ထောင်စု...

​ပင်လောင်းမြို့နယ် ငလျင်ဘေးသင့်အိမ် ထောင်စု (၃၈၀)ကျော်ကို ကြက်ခြေနီ အသင်းက ထောက်ပံ့ပစ္စည်းများပေးအပ်​​ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်အတွင်း ပြင်းထန်ငလျင်ကြောင့် ထိခိုက်ခံစားခဲ့ရသည့် ဒေသခံပြည်သူများအတွက် ပြန်လည်ထူထောင်ရေး အ သုံးအဆောင်ပစ္စည်းများကို မြန်မာနိုင်ငံကြက်ခြေနီအသင်းကကွင်းဆင်းထောက် ပံ့ပေးခဲ့ကြောင်း သိရသည်။

​အဆိုပါထောက်ပံ့မှုကို မေလ (၂၈) ရက်မှ (၃၀) ရက်အထိ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပင်လောင်းမြို့နယ်ရှိကျေးရွာပေါင်း (၄၃)  ရွာနှင့် ရပ်ကွက် (၂) ခုမှ အိမ်ထောင်စုပေါင်း (၃၈၅) စုထံသို့ လက်ဝယ်အရောက် ပေးအပ်ခဲ့ခြင်းဖြစ်သည်။

​ထောက်ပံ့ပေးအပ်ခဲ့သည့် ပစ္စည်းများမှာ
​တစ်ကိုယ်ရည်သန့်ရှင်းရေးအမျိုးသမီးဂုဏ်သိက္ခာထိန်းပစ္စည်း (၃၆၉) စုံ၊ အမျိုး သားနှင့် မိသားစုတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၇၀၀ )ကျော်၊​ စောင်၊ ခြင်ထောင်၊ ဖျာ၊ အနွေးထည်၊ ဆိုလာမီး အိမ်နှင့် သောက်ရေထည့်ပုံးများ၊ အိမ် ဆောက်အထောက်အကူပြုပစ္စည်း (၃၈၅) စုံ၊ တာပေါ်လင်စ (၃၈၅) ခုနှင့် မီး ဖိုချောင်သုံးပစ္စည်းများ၊ စိတ်ပိုင်းဆိုင်ရာ အားပေးကူညီသည့်အိတ် (၆၄) အိတ်တို့ကို ထောက်ပံ့ခဲ့ကြောင်း အသိပေးချက်တွင်ဖော်ပြထားသည်။

​အဆိုပါ ကူညီမှုများကို မြန်မာနိုင်ငံကြက် ခြေနီအသင်းအနေဖြင့် အပြည်ပြည်ဆိုင် ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (IFRC) နှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ ပံ့ပိုးမှုဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

​ထို့ပြင် ဘေးသင့်ပြည်သူများအတွက် “ကန့်သတ်ချက်မဲ့ ငွေသားထောက်ပံ့ခြင်း” (Unconditional Cash Grant) လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက်လည်း ကြက်ခြေနီစေတ နာလုပ်အားရှင်များနှင့် ဝန်ထမ်းများက သက်ဆိုင်ရာကျေးရွာများအတွင်း ကွင်းဆင်း၍ စနစ်တကျ ဆန်းစစ်လေ့လာမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

​အာရှမြေမှာ ပထမဆုံးခြေလှမ်းစမည့် ဘရာဇီးလ်နောက်ခံလူ Gilmar ကို ရန်ကုန်စီးတီး ခေါ်ယူ​​မြန်မာနေရှင်နယ်လိဂ် (MNL)သို့ တက်လှမ်းလာသည့် တန်းတက်ကလပ် ရန်ကုန်စီးတီးအသင်း (Yangon City FC) သည် လာမည့်ရာသီသစ်အတွက် အသင်း၏ ခံစစ်ပိုင်းကို အားဖြည့်ရန် ဘရာဇီးလ်နိုင်ငံသား ဗဟိုနောက်ခံလူ Gilmar Rodrigues de...

​၎င်းသည် ရန်ကုန်စီးတီးအသင်းအတွက် ပထမဆုံးသော ပြည်ပကစားသမား ခေါ်ယူမှုလည်း ဖြစ်ပြီး၊ Gilmar သည် ဘရာဇီးလ်ပြည်တွင်းကလပ်များဖြစ်သည့် Trem၊ Cordino၊ Moto Club-MA၊ Decisão FC နှင့် Miramar EC အစရှိသည့်အသင်းများတွင်ကျင်လည်ခဲ့ပြီး ကစားသမားဘဝတစ်လျှောက် စုစုပေါင်း (၈၆) ပွဲ ကစားကာ (၁၂) ဂိုး အထိ သွင်းယူထားနိုင်သည့် နောက်ခံလူတစ်ဦးဖြစ် သည်။ ​ယခု ရန်ကုန်စီးတီးအသင်းသို့ ပြောင်းရွှေ့လာခြင်းသည် ၎င်း၏ ကစားသမားဘဝတွင် အာရှဒေသသို့ပထမဆုံးအကြိမ်လာ ရောက်ကစားခြင်းလည်း ဖြစ်သည်။ ​​ရန်ကုန်စီးတီးအသင်းသည် လာမည့်ရာသီ MNL...

ရက် (၁၀၀) ကာလ “လမင်းစီမံချက်” ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနေမှုကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ

နိုင်ငံတော်အစိုးရ၏ ရက်ပေါင်း (၁၀၀) ကာလအတွင်း “လမင်းစီမံချက်” ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနေမှုကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေသည်။ ထိုသို့ဆောင်ရွက်နေရာ ရန်ကုန်တိုင်း၊ သာကေတမြို့ရှိအမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် e-ID စနစ်ဆိုင်ရာ Unique ID (UID) ကတ်များ One Stop Service စနစ်ဖြင့် နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးနေသည်။ ဆောင်ရွက်ပေးနေမှုကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် နှင့်အတူ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းအဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်...

​ရန်ကုန်ဆေးရုံကြီးတွင် လူနာတင်ယာဉ်အခက်အခဲများဖြေရှင်းနိုင်ရန် တိုင်းလွှတ်တော်ကိုယ်စားလှယ်များနှင့်ပရဟိတအဖွဲ့များ  တွေ့ဆုံဆွေးနွေး​​

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် လူနာရှင်များ ဆေးရုံဆင်းချိန်နှင့် ရုပ်အလောင်း (Dead Body)များသယ်ဆောင်ရာ၌ ကြုံ တွေ့နေရသည့် အခက်အခဲများအပါအ ဝင် လူနာတင်ယာဉ် အမည်ခံကာ အဆ မတန် ငွေကြေးတောင်းခံနေမှုများကို ဖြေရှင်းနိုင်ရန်အတွက် သက်ဆိုင်ရာ တာ ဝန်ရှိသူများ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားများနှင့်ပရဟိတအသင်းအဖွဲ့များ ယနေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် လူနာရှင်များ ဆေးရုံဆင်းချိန်နှင့် ရုပ်အလောင်းများ သယ်ဆောင်ရာ တွင် ကြုံတွေ့နေရသည့်အခက်အခဲများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့အပြင် ​ငွေကြေးခေါင်းပုံဖြတ်မှု တိုက်ဖျက်ရေး အစီအစဉ်အရ ပရဟိတ လူနာ တင်ယာဉ်အမည်ခံကာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071