လုံခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များက ယနေ့ မေ ၂၈ ရက်ညနေပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသား (၂၈)ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသား(၂၃)ဦးတို့အား အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်အ သုံးပြုသည့် ဖုန်းမျိုးစုံ(၉၆)လုံး၊ All In One ကွန်ပျူ တာ(၃၅)လုံး၊ Laptop (၁)လုံး၊ Power Station အကြီး (၁)လုံး၊ Power Station အသေး(၁)လုံး၊ WiFi စက်(၃) လုံး၊ ဘတ္ထရီဆိုင်ကယ်(၅)စီးတို့နှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူး လွန်ရာတွင်ပါဝင်ပတ်သက်သည့် တရားမဝင်ပြည်ပနိုင် ငံသားများနှင့် ပြစ်မှုကျူးလွန်သူများအားလိုအပ်သည့် စစ်ဆေးမှုများဆောင်ရွက်ပြီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
