Sunday, May 24, 2026

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်သည့် တရုတ်နိုင်ငံသား (၂၇)ဦးကို ပြည်နှင်နိုင်ရေးစစ်ဆေး လဝက...

ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်များအတွင်းသို့ တရားမဝင်ဝင်ရောက်လာပြီး အွန်လိုင်းလိမ်လည်မှုကျူးလွန်ခဲ့သည့် တရုတ်နိုင်ငံသား(၂၇)ဦီးကိုထိန်းသိမ်းနိုင်ခဲ့ပြီးနောက် ပြည်နှင်နိုင်ရေးအတွက်စစ်ဆေးခဲ့ကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ ၂၀၂၆...

မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရေးနှင့် ဇီဝဓာတ်ငွေ့လျှပ်စစ်ထုတ်လုပ်ရေး နိုင်ငံတော်သမ္မတ...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မေ ၂၄ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တိရစ္ဆာန်အညစ်အကြေးများမှ ဇီဝဓာတ်ငွေ့ထုတ်လုပ်ကာ လျှပ်စစ်မီးအဖြစ်...

ဟင်္သာတပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်များ ကွင်းဆင်းကုသမှုဆောင်ရွက်၊ ကျေးရွာပြည်သူ...

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဖြိုးဝေဝင်း ဦးဆောင်သော အထူးကုဆရာဝန်ကြီးများ၊ အထူးကုဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သည့်အဖွဲ့သည် ဟင်္သာတမြို့နယ်၊...

ဟင်္သာတပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်များ ကွင်းဆင်းကုသမှုဆောင်ရွက်၊ ကျေးရွာပြည်သူ...

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဖြိုးဝေဝင်း ဦးဆောင်သော အထူးကုဆရာဝန်ကြီးများ၊ အထူးကုဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သည့်အဖွဲ့သည် ဟင်္သာတမြို့နယ်၊...
HomeMoviesကယ်လီဖိုးနီးယားပြည်နယ် Garden Grove...

ကယ်လီဖိုးနီးယားပြည်နယ် Garden Grove မြို့ရှိ စက်ရုံတစ်ခုတွင် ဓာတုပစ္စည်းပါသော မီးလောင်မှုဖြစ်ပွား၍ အရေးပေါ်အခြေအနေကြေညာ၊ ဒေသခံ ၅ သောင်းခန့် ဘေးလွတ်ရာရွှေ့ပြောင်းရန် သတိပေးအမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ Orange County၊ Garden Grove မြို့ရှိ စက်ရုံတစ်ခုတွင် Methyl methacrylate (မီသိုင်း မက်သကရီလိတ်) ဓာတုပစ္စည်းများ ပါဝင်သော မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး အဆိပ်သင့်စေနိုင်သည့် ဓါတ်ငွေ့များ ပါဝင်သော ဓါတ်ပေါင်းဖိုတစ်ခုမှာ အပူချိန်အလွန်အမင်း မြင့်မားကာ ပေါက်ကွဲနိုင်ခြေရှိသည့် အန္တရာယ်ရှိသော အခြေအနေသို့ ရောက်ရှိနေကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် Orange County မီးသတ်ဌာနက မီးလောင်မှုဖြစ်ပွားရာ ဝန်းကျင်တစ်ဝိုက်ရှိ ဒေသခံပြည်သူ ၅၀,၀၀၀ (ငါးသောင်း) ခန့်အား ဘေးကင်းရာသို့ အရေးပေါ် ပြောင်းရွှေ့ကြရန် သတိပေးချက် ထုတ်ပြန်ထားပြီး၊ ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး Gavin Newsom ကလည်း Orange County အတွင်း မေလ ၂၃ ရက်နေ့တွင် အရေးပေါ်အခြေအနေ (State of Emergency) အဖြစ် တရားဝင် ကြေညာထားသည်။

မြန်မာနိုင်ငံသားများအတွက် လော့စ်အိန်ဂျလိစ်မြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး သတိပေးချက်

လော့စ်အိန်ဂျလိစ်မြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးကလည်း Orange County အတွင်း နေထိုင်ကြသော မြန်မာနိုင်ငံသားများအနေဖြင့် သက်ဆိုင်ရာ အမေရိကန်အာဏာပိုင်ဌာနများက ထုတ်ပြန်သည့် တရားဝင် အရေးပေါ် ထုတ်ပြန်ချက်များကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်ကြရန်နှင့် အထူးလိုက်နာ ဆောင်ရွက်ကြရန် အသိပေးထားသည်။

အရေးပေါ် ရွှေ့ပြောင်းရန် လိုအပ်ပါက အောက်ပါ သတ်မှတ်ထားသော ကယ်ဆယ်ရေးစခန်း (Evacuation Centers) များသို့ ဆက်သွယ်ရွှေ့ပြောင်းနိုင်ပြီး၊ အကူအညီလိုအပ်ပါက မြန်မာကောင်စစ်ဝန်ချုပ်ရုံး၏ Hot Line ဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်ထားသည် ။

ယာယီကယ်ဆယ်ရေးစခန်းများ

(Evacuation Centers)

Garden Grove Sports and Recreation Center Address: 13641 Deodara Dr. Garden Grove, CA 92844
Cypress Recreation and Community Center Address: 5700 Orange Ave. Cypress, CA 90630

Public Information Hotline: 714-628-7085
24-Hour Call Center: 714-741-5444

📞 မြန်မာကောင်စစ်ဝန်ချုပ်ရုံး အရေးပေါ် Hot Line ဖုန်းနံပါတ်များ
၂၁၃ ၄၁၀ ၆၁၄၃
၂၁၃ ၃၈၇ ၀၀၄၃ (ရုံးဖုန်းနံပါတ်)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်သည့် တရုတ်နိုင်ငံသား (၂၇)ဦးကို ပြည်နှင်နိုင်ရေးစစ်ဆေး လဝက ဥပဒေ၊ မူးယစ်ဥပဒေတို့ဖြင့်အရေးယူထားသည့် ပြည်ပနိုင်ငံသား(၆၆၂)ဦးရှိ

ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်များအတွင်းသို့ တရားမဝင်ဝင်ရောက်လာပြီး အွန်လိုင်းလိမ်လည်မှုကျူးလွန်ခဲ့သည့် တရုတ်နိုင်ငံသား(၂၇)ဦီးကိုထိန်းသိမ်းနိုင်ခဲ့ပြီးနောက် ပြည်နှင်နိုင်ရေးအတွက်စစ်ဆေးခဲ့ကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ ၂၀၂၆ ခုနှစ်၊ မေ ၂၄ ရက်အထိ မြဝတီမြို့နယ်အတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား(၁၄,၆၈၅)ဦးကိုထိန်းသိမ်းနိုင်ခဲ့ပြီး ၎င်းတို့အနက် (၁၃,၅၂၁)ဦးအား ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီပြည်နှင်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ လွှဲပြောင်းပေးအပ်ရန်ကျန်ရှိသည့် ပြည်ပနိုင်ငံသား (၁,၁၆၄)ဦးတွင် လူဝင်မှုကြီးကြပ်ရေး(လတ်တလော) ပြဌာန်းချက်များအက်ဥပဒေပုဒ်မ ၃(၁)/၁၃(၁)နှင့် မူး ယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အပြစ်ပေးအရေးယူခဲ့သည့် ပြည်ပနိုင်ငံသား(၆၆၂)ဦးရှိကြောင်း သိရသည်။ ထို့ကြောင့်...

မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရေးနှင့် ဇီဝဓာတ်ငွေ့လျှပ်စစ်ထုတ်လုပ်ရေး နိုင်ငံတော်သမ္မတ တိုက်တွန်း

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မေ ၂၄ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တိရစ္ဆာန်အညစ်အကြေးများမှ ဇီဝဓာတ်ငွေ့ထုတ်လုပ်ကာ လျှပ်စစ်မီးအဖြစ် ပြန်လည်အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတသည် ရွှေမြို့မွေးမြူရေးဇုန်ရှိ Sunlight Venture Co., Ltd. ၏ ဆိတ်မွေးမြူရေးခြံ၊ ယင်းဇုန်အတွင်းရှိ နယ်မြေခံတပ်ရင်း၏ ဝက်မွေးမြူရေးခြံ၊ တပ်ကုန်းမြို့နယ် အမှတ်(၁)ကံကြီးမွေးမြူရေးဇုန်ရှိ ဦးတွမ်ခင်ဝင်း၏ ဖန်ဟွနို့စားနွားမွေးမြူရေးခြံ၊ ဦးမြတ်စံ၏ ကြက်မွေးမြူရေးခြံနှင့် ဦးတင်မြိုင်၏ အသားတိုးဝက်မွေးမြူရေးခြံများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ခေတ်မီမွေးမြူရေးစနစ်များ ကျင့်သုံးရန်၊...

ဟင်္သာတပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်များ ကွင်းဆင်းကုသမှုဆောင်ရွက်၊ ကျေးရွာပြည်သူ ၅၀၀ ကျော် အခမဲ့ဆေးကုသမှုခံယူ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဖြိုးဝေဝင်း ဦးဆောင်သော အထူးကုဆရာဝန်ကြီးများ၊ အထူးကုဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သည့်အဖွဲ့သည် ဟင်္သာတမြို့နယ်၊ လိပ်ချောင်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ပြည်သူများအား စလင်းကျောင်းကြီးကျောင်းတိုက်၌ ယနေ့ နံနက် ၉ နာရီမှစတင်ကာ ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ပြည်သူ့အကျိုးပြု နယ်လှည့်ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်အတွင်း ဒေသခံပြည်သူများ လာရောက်ဆေးကုသမှုခံယူခဲ့ကြရာ အထွေထွေရောဂါလူနာ ၁၇၁ ဦး၊ ခွဲစိတ်လူနာ ၃၃ ဦး၊ ကလေးလူနာ ၃၃ ဦး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071