Sunday, May 24, 2026

ဟင်္သာတပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်များ ကွင်းဆင်းကုသမှုဆောင်ရွက်၊ ကျေးရွာပြည်သူ...

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဖြိုးဝေဝင်း ဦးဆောင်သော အထူးကုဆရာဝန်ကြီးများ၊ အထူးကုဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သည့်အဖွဲ့သည် ဟင်္သာတမြို့နယ်၊...

အာဟာရပြည့်မီစွာနှင့် ဈေးနှုန်းသက်သာစွာစားသုံးနိုင်ရန် နို့နှင့် ကြက်ဥတို့ကို...

အာဟာရပြည့်မီစွာနှင့် ဈေးနှုန်းသက်သာစွာစားသုံးနိုင်ရန် နို့နှင့် ကြက်ဥတို့ကို အပြည့်အဝရရှိအောင်ဆောင် ရွက်ပေးရမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၂၄ ရက်တွင် နေပြည်တော်ရှိ...

မြစိမ်းရောင်သာသနာ့နယ်မြေ၌ သီဟရာဇာအလိုတော်ပြည့်ဘုရား ရွှေထီးတော်တင်လှူ၊ သာသနာပြုလုပ်ငန်းမှတ်တမ်းကျောက်စာတိုင်...

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့ရှိ မြစိမ်းရောင်သာသနာ့နယ်မြေအတွင်း တည်ထားကိုးကွယ်သည့် သီဟရာဇာအလိုတော်ပြည့်ဘုရား၏ ရွှေထီးတော်တင်လှူပွဲ အခမ်းအနားကို ယနေ့ ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့်...

ဆီဆိုင်မြို့နယ်၌ မိုးကြိုးစက်ကွင်းမိ၍ နွားများသေဆုံးခဲ့ခြင်းအတွက် နွားပိုင်ရှင်များကို...

ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ လွယ်ပွတ်ကျေးရွာအုပ်စု၊ ကောင်ဝါးတောင်ကျေးရွာတွင် မေ ၂၁ ရက်က မိုးကြိုးစက်ကွင်း (၂)ကြိမ်မိ၍ နွားအကောင်ရေ(၇၀)ခန့် သေဆုံးခဲ့သည်။ ထို့ကြောင့် KBZ...
HomeMoviesပါကစ္စတန်တွင် ရထားဗုံးပေါက်ကွဲ၍ လူ...

ပါကစ္စတန်တွင် ရထားဗုံးပေါက်ကွဲ၍ လူ ၂၄ ဦး ‌ေ-သဆုံး

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘလူချစ္စတန်ပြည်နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များကို တင်ဆောင်လာသော လွန်းပျံရထားတစ်စင်းသည် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း အရာရှိများက ပြောကြားခဲ့ပြီး ခွဲထွက်ရေးစစ်သွေးကြွများ၏ လက်ချက်ဟုသတင်းထုတ်ပြန်ထားသည်။
        
တိုက်ခိုက်မှုကြောင့် လူ ၂၄ ဦး‌ေ-သဆုံးခဲ့ပြီး ၇၀ ဦး ဒ-ဏ်ရာရရှိခဲ့သည်ဟု အမည်မဖော်လိုသည့် ပြည်နယ်အစိုးရနှင့် လုံခြုံရေးအရာရှိ သုံးဦးက ပြောကြားခဲ့သည်။
       
အီရန်၊ အာဖဂန်နစ္စတန်တို့နှင့် နယ်နိမိတ်ထိပ်စပ်နေပြီး သတ္ထု့တွင်းထွက်ပစ္စည်းကြွယ်ဝသော ပြည်နယ်တွင် ရထားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အခြေခံအဆောက်အဦးများအပေါ် ကြီးမားသောတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပေါ်နေချိန်တွင် ယခုတိုက်ခိုက်မှုထပ်မံပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ နှစ်များစွာအတွင်း အသေအပျောက်အများဆုံး တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် ပါကစ္စတန်အစိုးရက ပုန်ကန်မှုတန်ပြန်ချေမှုန်းရေး စစ်ဆင်ရေးများ စတင်နေချိန်လည်းဖြစ်သည်။
      
ခွဲထွက်ရေးစစ်သွေးကြွအဖွဲ့ ဘာလော့ချ် လွတ်မြောက်ရေးတပ်မတော်(ဘီအယ်လ်အေ) က ယခုတိုက်ခိုက်မှုကို ၎င်းတို့လုပ်ဆောင်ခဲ့ကြောင်းနှင့် အ‌ေ-သခံဗုံးခွဲမှုဖြစ်ကြောင်း မီဒီယာကို ပြောကြားခဲ့သည်။
      
ကွက်တာမြို့ တပ်စခန်းဒေသတစ်မှ ခရီးသည်များကို တင်ဆောင်လာကာ Jaffar Express အဝေးပြေးရထားနှင့် ချိတ်ဆက်ရန် ခုတ်မောင်းလာသော လွန်းပျံရထားသည် ပြည်နယ်မြို့တော်ရှိ ရထားလမ်းအနီးတွင် ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း ပါကစ္စတန်မီးရထားဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့သည်။
     
ပေါက်ကွဲမှုကြောင့် စက်ခေါင်းနှင့် တွဲသုံးတွဲ လမ်းချော်ခဲ့ပြီး တွဲနှစ်တွဲ တိမ်းမှောက်သွားခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များက အခင်းဖြစ်နေရာကို ပိတ်ဆို့၍ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း ဆက်လက်ပြောကြားခဲ့သည်။
        
ဖောက်ခွဲရေးပစ္စည်းများ တပ်ဆင်ထားသော ယာဉ်တစ်စီးသည် လူနေရပ်ကွက်တစ်ခုအရောက်တွင် ရထားတွဲတစ်ခုကို ဝင်တိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများထဲမှ အချို့သည် အနီးအနား တိုက်ခန်းအဆောက်အအုံတွင် နေထိုင်သူများဖြစ်ကြောင်း လုံခြုံရေးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

Ref: ရို-က်တာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဟင်္သာတပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်များ ကွင်းဆင်းကုသမှုဆောင်ရွက်၊ ကျေးရွာပြည်သူ ၅၀၀ ကျော် အခမဲ့ဆေးကုသမှုခံယူ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဖြိုးဝေဝင်း ဦးဆောင်သော အထူးကုဆရာဝန်ကြီးများ၊ အထူးကုဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သည့်အဖွဲ့သည် ဟင်္သာတမြို့နယ်၊ လိပ်ချောင်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ပြည်သူများအား စလင်းကျောင်းကြီးကျောင်းတိုက်၌ ယနေ့ နံနက် ၉ နာရီမှစတင်ကာ ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ပြည်သူ့အကျိုးပြု နယ်လှည့်ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်အတွင်း ဒေသခံပြည်သူများ လာရောက်ဆေးကုသမှုခံယူခဲ့ကြရာ အထွေထွေရောဂါလူနာ ၁၇၁ ဦး၊ ခွဲစိတ်လူနာ ၃၃ ဦး၊ ကလေးလူနာ ၃၃ ဦး၊...

အာဟာရပြည့်မီစွာနှင့် ဈေးနှုန်းသက်သာစွာစားသုံးနိုင်ရန် နို့နှင့် ကြက်ဥတို့ကို အပြည့်အဝရရှိအောင်ဆောင် ရွက်ပေးရမည်ဟု နိုင်ငံတော်သမ္မတမှာကြား

အာဟာရပြည့်မီစွာနှင့် ဈေးနှုန်းသက်သာစွာစားသုံးနိုင်ရန် နို့နှင့် ကြက်ဥတို့ကို အပြည့်အဝရရှိအောင်ဆောင် ရွက်ပေးရမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၂၄ ရက်တွင် နေပြည်တော်ရှိ မွေးမြူရေးလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နေမှုကိုကြည့်ရှုစစ်ဆေးစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် နို့နှင့်နို့ထွက်ပစ္စည်းများကို နှစ်စဉ်ပြည်ပမှပမာဏများစွာတင်သွင်းနေရ၍ နိုင်ငံခြားငွေများစွာကုန်ကျနေရာ မိမိတို့နိုင်ငံအတွင်းလုံလောက်မှုရှိအောင်ထုတ်လုပ်ပါက တင်သွင်းမှုကိုလျှော့ချနိုင်မည်ဟု ပြောသည်။ " မြန်မာနိုင်ငံမှာက ဒိန်ချဉ်ကိုသာထုတ်လုပ်နေကြတာကိုတွေ့မြင်ရပါတယ်။ အများစုသုံးစွဲကြတဲ့ နို့ဆီ၊ နို့စိမ်း၊ နို့မှုန့်တွေက်ု အလုံအလောက်ထုတ်လုပ်နိုင်ဖို့လိုပါတယ်။ အာဟာရပြည့်မီစွာနဲ့ ဈေးနှုန်းသက်သာစွာစားသုံးနိုင်ဖို့အတွက် နို့နဲ့ ကြက်ဥတွေကို အပြည့်အဝရရှိအောင်ဆောင်ရွက်ပေးရပါမယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။ ထို့ပြင် နေပြည်တော်နှင့် နိုင်ငံတော်အတွက်အထောက် အကူဖြစ်စေသည့်လုပ်ငန်းရပ်များဖြစ်၍ အောင်မြင်အောင်ဆောင်ရွက်ရန်၊...

မြစိမ်းရောင်သာသနာ့နယ်မြေ၌ သီဟရာဇာအလိုတော်ပြည့်ဘုရား ရွှေထီးတော်တင်လှူ၊ သာသနာပြုလုပ်ငန်းမှတ်တမ်းကျောက်စာတိုင် ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့ရှိ မြစိမ်းရောင်သာသနာ့နယ်မြေအတွင်း တည်ထားကိုးကွယ်သည့် သီဟရာဇာအလိုတော်ပြည့်ဘုရား၏ ရွှေထီးတော်တင်လှူပွဲ အခမ်းအနားကို ယနေ့ ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးများက ရွှေထီးတော်ကို ပင့်ဆောင်တင်လှူခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ငှက်မြတ်နားတော်ကို တင်လှူပူဇော်ခဲ့သည်။ ထို့ပြင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရတနာစိန်ဖူးတော်ကို တင်လှူပူဇော်ခဲ့ကြောင်း သိရသည်။ ဆက်လက်၍ မြစိမ်းရောင်သာသနာ့နယ်မြေအတွင်း ငါးနှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သည့် ဘက်စုံသာသနာပြုလုပ်ငန်းများအား မှတ်တမ်းတင်ထားသော ကဗ္ဗည်းမော်ကွန်းကျောက်စာတိုင်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် နှစ်ထပ်ဆွမ်းစားဆောင် ဆောက်လုပ်ရေးအတွက် အလှူရှင်များက ကျပ်သိန်း ၅,၀၀၀...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071