ရန်ကုန်-ချုံချင့် ချစ်ကြည်ရေးညီအစ်မဒေသများထူ ထောင်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်းကို မေ ၂၀ ရက်က ချုံချင့်မြူနီစီပယ်မြို့၌ပြုလုပ်ခဲ့သည်။
အဆိုပါ နားလည်မှုစာချွန်လွှာကို ရန်ကုန်မြို့တော်ဝန်ဦးမျိုးမြင့်အောင်နှင့် ချုံချင့်မြူနီစီပယ်အစိုးရ ဒု-မြို့ တော်ဝန် Mr. Huang Maojun တို့ကလက်မှတ်ရေးထိုးခဲ့ကြသည်။
နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲကို ရန်ကုန် တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူနှင့် တာဝန်ရှိသူများ၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ်ဦးကျော်ဇေယျာလင်းတို့တက်ရောက်ခဲ့ကြသည်။
