Home Movies ကမ္ဘာ့ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ မြန်မာအသင်း၏ ဆီမီးဖိုင်နယ်ပွဲစဉ်များ ယနေ့ယှဉ်ပြိုင်မည်

ကမ္ဘာ့ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ မြန်မာအသင်း၏ ဆီမီးဖိုင်နယ်ပွဲစဉ်များ ယနေ့ယှဉ်ပြိုင်မည်

0
92

မလေးရှားနိုင်ငံတွင် ကျင်းပလျက်ရှိသည့် ၂၀၂၆ ကမ္ဘာ့ဖ လား ပိုက်ကျော်ခြင်း (ISTAF World Cup) ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် အမျိုးသားပိုက်ကျော်ခြင်းအသင်းသည် အ မျိုးသား (၃) ယောက်တွဲနှင့် (၄)ယောက်တွဲ ပြိုင်ပွဲနှစ်ခုလုံးတွင် ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက်ထားပြီး ယနေ့ မေ လ (၁၉) ရက်တွင် ဆက်လက်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

ယနေ့ ယှဉ်ပြိုင်မည့် ပွဲစဉ်ဇယားများမှာ အမျိုးသား (၄) ယောက်တွဲ (Premier Division Quad)တွင် မြန်မာနှင့် အိန္ဒိယအသင်း၊ အမျိုးသား (၃) ယောက်တွဲ (Premier Division Regu)တွင်မြန်မာ နှင့် အိမ်ရှင် မလေးရှားအသင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

မြန်မာအသင်းသည် ဆီမီးဖိုင်နယ်ပွဲစဉ်များတွင် အိန္ဒိယနှင့် အိမ်ရှင်မလေးရှားအသင်းတို့ကို အနိုင်ရရှိပါက ဗိုလ်လုပွဲသို့ တက်ရောက်နိုင်မည်ဖြစ်ပြီး ရွှေတံဆိပ်ဆုအတွက် ဆက်လက်မျှော်လင့်နိုင်မည်ဖြစ်သည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here