Home Movies ဂျပန် Knock Out ပြိုင်ပွဲတွင် မြန်မာဖိုက်တာ စူပါရေချမ်းနှင့် ဒေါင်းမိုက်သွေးတို့ အမှတ်ဖြင့် ရှုံးနိမ့်​​

ဂျပန် Knock Out ပြိုင်ပွဲတွင် မြန်မာဖိုက်တာ စူပါရေချမ်းနှင့် ဒေါင်းမိုက်သွေးတို့ အမှတ်ဖြင့် ရှုံးနိမ့်​​

0
94

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ နာမည်ကျော် ကိုလခုအန်ခမ်းမ (Korakuen Hall) တွင် ယနေ့ မေလ (၁၅)ရက်၌ ကျင်းပပြုလုပ်သည့် Knock Out မွေထိုင်းပြိုင်ပွဲ၌ သွား ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် မြန်မာကိုယ် စားပြု ရိုးရာဖိုက်တာ ‌ဒေါင်းမိုက်သွေးနှင့် စူပါရေချမ်းတို့ အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

မြန်မာ့လက်ဝှေ့ကျော် စူပါရေချမ်းသည် ​၆၃ ကီလိုတန်းတွင် ထိုင်းနိုင်ငံသားဖိုက်တာ ကွန်နာပါနှင့် ရင်ဆိုင်ခဲ့ရာတွင် သတ် မှတ်သုံးချီအထိ အကြိတ်အနယ် ယှဉ် ပြိုင်ထိုးသတ်ခဲ့သော်လည်း သုံးချီအပြီးတွင် ဒိုင်များ၏ အဆုံးအဖြတ်အမှတ်ဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

အလားတူ ၅၁ ကီလိုတန်းတွင် ယှဉ်ပြိုင်ခဲ့သည့် မြန်မာဖိုက်တာ ဒေါင်းမိုက်သွေး သည်လည်း ဂျပန်အိမ်ရှင် WBC ချန်ပီယံ ဝါတာနာဘေး ကို သုံးချီအပြည့် အ ကောင်းဆုံးတုန့်ပြန် ယှဉ်ပြိုင်နိုင်ခဲ့သော် လည်း အမှတ်ဖြင့် ရှုံးနိမ့်ခဲ့ရသည်။

​ယနေ့ပွဲစဉ်တွင် ရိုးရာဖိုက်တာ (၃)ဦးယှဥ်ပြိုင်သည့်အနက် တစ်ဦးအလဲထိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး (၂)ဦးမှာ ဒိုင်ပေးမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here