ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ Korakuen Hall ၌ ယနေ့ မေလ (၁၅) ရက်တွင် ကျင်းပပြုလုပ်သည့် Knock Out မွေထိုင်းပြိုင်ပွဲတွင် မြန်မာ့ရိုးရာလက်ဝှေ့ဖိုက်တာ စောဘဟိန်းသည် အိမ်ရှင်ဂျပန်ဖိုက်တာအား အလဲထိုးဖြင့် ရှုံးနိမ့်ခဲ့ရကြောင်း သိရသည်။
စောဘဟိန်းသည် (၆၃) ကီလိုတန်းတွင် ဂျပန်ဖိုက်တာ ရှီဂျီမူရီ နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ခြင်းဖြစ်ပြီး၊ အပြန်အလှန် ထိုးသတ်မှုများအပြီး တတိယအချီတွင် အ လဲထိုး (KO) ဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
မနေ့ကပြုလုပ်ခဲ့သော ဆေးစစ်ဝိတ်ချိန်ခြင်းတွင် မြန်မာဖိုက်တာများဖြစ်ကြသည့် စူပါရေချမ်း၊ စောဘဟိန်း နှင့် ဒေါင်းမိုက်သွေးတို့ သုံးဦးစလုံး ဝိတ်အောင်မြင်ခဲ့ကြသည်။
ယနေ့ပြိုင်ပွဲတွင် စောဘဟိန်းအပြင် ကျန်ရှိနေသေးသည့် မြန်မာဖိုက်တာများဖြစ်သော စူပါရေချမ်းမှာ (၆၃) ကီလိုတန်းတွင် ထိုင်းဖိုက်တာ ကွန်နာပါနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သကဲ့သို့ ဒေါင်းမိုက်သွေးမှာ (၅၁) ကီလိုတန်းတွင် ဂျပန်ဖိုက်တာ ဝါတာနာဖြင့် ယှဉ် ပြိုင်ထိုးသတ်သွားမည်ဖြစ်သည်။
အဆိုပါပြိုင်ပွဲကို ယနေ့မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲမှစတင်ကာ Skynet Chan nel -9 တွင် တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ခြင်းဖြစ်သည်။
