Thursday, May 14, 2026

Public Transportation များတွင် ရထားပို့ဆောင်ရေးစ...

Public Transportation များတွင် ရထားပို့ဆောင်ရေးစ နစ်သည် အကောင်းမွန်ဆုံးပို့ဆောင်ရေးစနစ်တစ်ခုဖြစ် ၍ ရထားပို့ဆောင်ရေးကို ပြည်သူများယုံကြည်စိတ်ချစွာအပြည့်အဝအားကိုးအသုံးပြုနိုင်ရန်ဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မှာ ကြားသည်။ နေပြည်တော်၊...

အာဆီယံ-ရုရှား ဆက်ဆံရေး (၃၅) နှစ်ပြည့်...

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး မစ္စတာ အီစ်ကန်ဒဲ အာဇီဇော့ဖ်တို့သည် မေ ၁၄ ရက် နံနက်ပိုင်းက နေပြည်တော်တွင်...

အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်တွင် ပြင်းထန်မုန်တိုင်းကြောင့် လူ...

အိန္ဒိယနိုင်ငံ၏ လူဦးရေအများဆုံးပြည်နယ်ဖြစ်သည့် ဥတ္တရာပရာဒေ့ရှ်ပြည်နယ်တွင် ပြင်းထန်သော မုန်တိုင်း၊ မိုးသည်းထန်စွာရွာသွန်းမှုနှင့် မိုးသီးကြွေကျမှုများ ဖြစ်ပွားခဲ့ရာ လူ ၉၀ နီးပါး ‌ေ-သဆုံးခဲ့ကြောင်း ပြည်နယ်ဘေးအန္တရာယ်စီမံခန့်ခွဲရေးနှင့်...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏...

မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့ ဂုဏ်ပြုပွဲကို...
HomeMoviesဖွံ့ဖြိုးဆဲနိုင်ငံများအတွက် BRICS အဖွဲ့၏...

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် BRICS အဖွဲ့၏ အခန်းကဏ္ဍအပေါ် မျှော်လင့်ချက် မြင့်တက်နေဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးပြော

ငြိမ်းချမ်းရေးနှင့် လုံခြုံရေးသည် ကမ္ဘာ့အစီအစဉ်၏ အဓိကအခြေခံဖြစ်နေဆဲဖြစ်ပြီး မကြာသေးမီက ဖြစ်ပွားခဲ့သည့် ပဋိပက္ခများက ဆွေးနွေးညှိနှိုင်းမှုနှင့် သံတမန်ရေး၏ အရေးပါမှုကို ပိုမိုထင်ရှားစေကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယမ် ဂျေးရှန်ကာက မေ ၁၄ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါပြောကြားချက်ကို အီရန်နှင့် ယူအေအီးတို့အကြား တင်းမာမှုများ ရှိနေသည့် BRICS အဖွဲ့၏ နှစ်ရက်ကြာ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် နူးဒေလီမြို့၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးက ကမ္ဘာ့အစီအစဉ်ရဲ့ အဓိကအချက်အချာ ဖြစ်နေဆဲပါ။ မကြာသေးခင်က ပဋိပက္ခတွေဟာ ဆွေးနွေးညှိနှိုင်းမှုနဲ့ သံတမန်ရေးရဲ့ အရေးပါမှုကို မီးမောင်းထိုးပြနေပါတယ်” ဟု ဂျေးရှန်ကာက ပြောကြားခဲ့သည်။

BRICS အဖွဲ့ကို ဘရာဇီး၊ ရုရှား၊ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့က စတင်တည်ထောင်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် တောင်အာဖရိကနိုင်ငံ ပါဝင်လာကာ တိုးချဲ့ဖွဲ့စည်းခဲ့သည်။ နောက်ပိုင်းတွင် အီဂျစ်၊ အီသီယိုးပီးယား၊ အင်ဒိုနီးရှား၊ အီရန်နှင့် ယူအေအီးတို့လည်း အဖွဲ့ဝင်နိုင်ငံများအဖြစ် ပါဝင်လာခဲ့ကြသည်။

အိန္ဒိယနိုင်ငံသည် ၂၀၂၆ ခုနှစ်အတွက် BRICS အဖွဲ့၏ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်လျက်ရှိသည်။

နူးဒေလီမြို့တွင် ကျင်းပသည့် အစည်းအဝေးသို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီနှင့် ယူအေအီး ဒုတိယနိုင်ငံခြားရေးဝန်ကြီး ခါလီဖာ ရှာဟင်း အယ်လ် မာရာရ်တို့အပါအဝင် အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အီရန်နှင့် အမေရိကန်၊ အစ္စရေးတို့အကြား ဖြစ်ပွားနေသည့် ပဋိပက္ခအခြေအနေများကြောင့် အစည်းအဝေးအပြီး ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်နိုင်ရေးမှာ စိန်ခေါ်မှုများ ရှိနေကြောင်းလည်း သုံးသပ်မှုများ ထွက်ပေါ်နေသည်။

“BRICS အဖွဲ့ဟာ အပြုသဘောဆောင်ပြီး တည်ငြိမ်မှုကို အထောက်အကူပြုတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာမယ်ဆိုတဲ့ မျှော်လင့်ချက်တွေဟာ အထူးသဖြင့် ထွန်းသစ်စဈေးကွက်တွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကြားမှာ ပိုမိုမြင့်တက်လာနေပါတယ်” ဟု ဂျေးရှန်ကာက ထပ်မံပြောကြားခဲ့သည်။

Ref: International News Agency

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Public Transportation များတွင် ရထားပို့ဆောင်ရေးစ နစ်သည် အကောင်းမွန်ဆုံးပို့ဆောင်ရေးစနစ်တစ်ခုဖြစ်   ရထားပို့ဆောင်ရေးကို ပြည်သူများယုံကြည်စိတ်ချစွာအပြည့်အဝအားကိုးအသုံးပြုနိုင်ရန်ဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတမှာကြား

Public Transportation များတွင် ရထားပို့ဆောင်ရေးစ နစ်သည် အကောင်းမွန်ဆုံးပို့ဆောင်ရေးစနစ်တစ်ခုဖြစ် ၍ ရထားပို့ဆောင်ရေးကို ပြည်သူများယုံကြည်စိတ်ချစွာအပြည့်အဝအားကိုးအသုံးပြုနိုင်ရန်ဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မှာ ကြားသည်။ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ ပို့ဆောင်ရေးဝန်ကြီး ဌာန၊ မြန်မာ့မီးရထားစက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန၊ စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ(နေ ပြည်တော်)၌ ရထားပို့ဆောင်ရေးလုပ်ငန်းဖွံ့ဖြိုးတိုး တက်စေရေးဆောင်ရွက်ထားရှိမှုကို နိုင်ငံတော်သမ္မတက ယနေ့ မေ ၁၄ ရက်တွင်ကြည့်ရှုစစ်ဆေးစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။ လက်ရှိဖြစ်ပေါ်နေသည့် လောင်စာဆီအခက်အခဲများကြောင့် အများပြည်သူသုံးသယ်ယူပို့ဆောင်ရေး Public Transportation ကိုကောင်းမွန်အောင်ဆောင် ရွက်ရမည်ဖြစ်ကာ လေယာဉ်၊ မော်တော်ယာဉ်၊ ရေ ယာဉ်နှင့် ရထားပို့ဆောင်ရေးစနစ်များ၌ ရထားသည်...

အာဆီယံ-ရုရှား ဆက်ဆံရေး (၃၅) နှစ်ပြည့် ထိပ်သီးအစည်းအဝေးအတွက် မြန်မာ-ရုရှား ပူးပေါင်းဆွေးနွေး

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး မစ္စတာ အီစ်ကန်ဒဲ အာဇီဇော့ဖ်တို့သည် မေ ၁၄ ရက် နံနက်ပိုင်းက နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ တွေ့ဆုံစဉ် မြန်မာ-ရုရှား နှစ်နိုင်ငံကြားရှိ ကာလရှည်ကြာ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေရေးနှင့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် အာဆီယံ-ရုရှား ဆက်ဆံရေး (၃၅) နှစ်ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် အာဆီယံ-ရုရှား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုတိုးတက်စေရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။ ယင်းတွေ့ဆုံမှုသည် မြန်မာ-ရုရှား...

အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်တွင် ပြင်းထန်မုန်တိုင်းကြောင့် လူ ၉၀ နီးပါး ‌ေ-သဆုံး

အိန္ဒိယနိုင်ငံ၏ လူဦးရေအများဆုံးပြည်နယ်ဖြစ်သည့် ဥတ္တရာပရာဒေ့ရှ်ပြည်နယ်တွင် ပြင်းထန်သော မုန်တိုင်း၊ မိုးသည်းထန်စွာရွာသွန်းမှုနှင့် မိုးသီးကြွေကျမှုများ ဖြစ်ပွားခဲ့ရာ လူ ၉၀ နီးပါး ‌ေ-သဆုံးခဲ့ကြောင်း ပြည်နယ်ဘေးအန္တရာယ်စီမံခန့်ခွဲရေးနှင့် ကယ်ဆယ်ရေးဌာနက မေ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ မေ ၁၃ ရက်က ဖြစ်ပွားခဲ့သည့် ဆိုးရွားသော ရာသီဥတုအခြေအနေများကြောင့် လူ ၈၉ ဦး ‌ေ-သဆုံးခဲ့ကြောင်း ဥတ္တရာပရာဒေ့ရှ်ပြည်နယ် ကယ်ဆယ်ရေးကော်မရှင်နာက လူမှုကွန်ရက် X တွင် ရေးသားဖော်ပြထားသည်။ ထို့ပြင် မုန်တိုင်း၊ မိုးရွာသွန်းမှု၊ မိုးသီးကြွေကျမှုနှင့် မိုးကြိုးပစ်ခတ်မှုများကြောင့် လူ ၅၃...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071