အလုပ်သမား(၆၀၀)ဦးကျော်ကို စတင်ဆောင်ရွက်ပေးနေပြီဖြစ်
ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ ခွင့်ဖြင့်ပြန်လည်ဝင်ရောက်လာသည့် အလုပ်သမားများအတွက် ပြည်ပအ လုပ်အကိုင် အလုပ်သမားသက်သေခံကတ်(OWIC) ထုတ်ပေးခြင်းကို အလုပ်သမားဝန်ကြီးဌာနက အရှိန် အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိသည်။
လက်ရှိအချိန်၌ အလုပ်သမားဝန်ကြီးဌာန၏ ရက် (၁၀၀)စီမံချက်အဖြစ် မေ ၈ ရက်အထိလက်ခံရရှိထားသော OWIC လျှောက်ထားမှုများအနက် အလုပ်သမား (၆၀၆)ဦးကိုစိစစ်ပြီးဖြစ်၍ မေ ၁၁ ရက်မှ မေ ၂၂ ရက်အတွင်းစတင်ပြုလုပ်ပေးသွားမည်ဖြစ်သည်။
ခွင့်ပြန်အလုပ်သမားများ၏ အလုပ်အကိုင်အခွင့်အ လမ်းများဆုံးရှုံးမှုမရှိစေရန် အလုပ်သမားဝန်ကြီးဌာနက OWIC အသစ်ပြုလုပ်ခြင်း၊ သက်တမ်းတိုးခြင်းနှင့် အချက်အလက်မှားယွင်း၍ ကတ်လဲလှယ်ခြင်းတို့ကို အထောက်အထားပြည့်စုံမှန်ကန်ပါက(ရုံးပိတ်ရက်မပါ) ရက်သတ္တပတ်တစ်ပတ်အတွင်း အပြီးဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
ထို့ပြင် OWIC ကတ်ရရှိပြီးသူများအနေဖြင့် လေယာဉ်လက်မှတ်နှင့်အတူ ပြန်လည်ထွက်ခွာခွင့်တင်ပြလာပါကလည်း လေယာဉ်ထွက်ခွာမည့်ရက်အမီ စိစစ်ဆောင် ရွက်ပေးသွားမည်ဖြစ်ကာ OWIC ပြုလုပ်ခွင့်ရရှိသူများ ၏ အမည်စာရင်းကို ဝန်ကြီးဌာန၏ Safe Migration (Facebook, Telegram, TikTok)စာမျက်နှာများတွင် အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးသွားမည်ဟု အလုပ် သမားညွှန်ကြားရေးဦးစီးဌာနကအသိပေးခဲ့သည်။
ယခု ထုတ်ပြန်ချက်သည် ပြည်ပသို့ပြန်လည်ထွက်ခွာရန်အခက်တွေ့နေသည့် အလုပ်သမားများအတွက် အ လွန်ကောင်းမွန်၍ OWIC လျှောက်ထားရာတွင် မိမိတို့ပြည်ပတွင်အမှန်တကယ်အလုပ်လုပ်ကိုင်နေသည့် အထောက်အထားများနှင့် ခွင့်ပြန်လာသည့် အထောက်အထားများကိုတိကျမှန်ကန်စွာတင်ပြရန် လိုအပ်သည်။
ထို့ပြင် အမည်စာရင်းများကို Safe Migration ၏လူမှုကွန်ရက်စာမျက်နှာများတွင် ကြေညာပေးမည်ဖြစ်၍ မိ မိအလှည့်ကိုလွဲချော်မှုမရှိစေရန် ပုံမှန်စောင့်ကြည့်သင့်ပြီး OWIC ကတ်ရရှိပြီးပါက ထွက်ခွါခွင့်ကိုအမြန်ဆုံးပြန်တင်ပြရန်လိုအပ်သဖြင့်လေယာဉ်လက်မှတ်နှင့် စာရွက်စာတမ်းများကို ကြိုတင်စနစ်တကျပြင်ဆင်ထားရမည်ဖြစ်သည်။