Home Movies တိုင်းဒေသကြီးနှင့် ပြည်နယ် ကြက်တောင်ပြိုင်ပွဲ ရန်ကုန်တွင်စတင်၊ အားကစားသမား ၂၄၀ နီးပါး ပါဝင်ယှဉ်ပြိုင်မည်

တိုင်းဒေသကြီးနှင့် ပြည်နယ် ကြက်တောင်ပြိုင်ပွဲ ရန်ကုန်တွင်စတင်၊ အားကစားသမား ၂၄၀ နီးပါး ပါဝင်ယှဉ်ပြိုင်မည်

0
104

၂၀၂၆ ခုနှစ်အတွက် မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ကြက်တောင်ပြိုင်ပွဲကို ယနေ့ (မေလ ၁၁ ရက်) နံနက်ပိုင်းမှစတင်ကာ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်ရှိ အမျိုးသားကြက်တောင် အားကစားခန်းမ၌ ကျင်းပလျက်ရှိသည်။

အဆိုပါပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ တက်ရောက်ကာ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ပြိုင်ပွဲဝင် အားကစားသမားများကလည်း အားကစားသစ္စာဓိဌာန် (၄) ချက်ကို စုပေါင်းရွတ်ဆိုကာ ဂုဏ်ပြုဆွဲဖွင့်ခဲ့ကြသည်။

ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နယ်ဒေသအသီးသီးမှ လာရောက်ယှဉ်ပြိုင်ကြသည့် အားကစားသမားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည့်အပြင် အခမ်းအနားကို ဘင်ခရာအဖွဲ့ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ယခုကျင်းပသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ကြက်တောင်ပြိုင်ပွဲတွင် တစ်နိုင်ငံလုံးရှိ ဒေသအသီးသီးမှ အားကစားသမား စုစုပေါင်း (၂၃၉) ဦး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ပြိုင်ပွဲကာလကို မေလ (၁၁) ရက်နေ့မှ မေလ (၁၅) ရက်နေ့အထိ (၅) ရက်တိုင်တိုင် သတ်မှတ်ထားပြီး၊ ကြက်တောင်အားကစားကို ဝါသနာပါသူ မည်သူမဆို လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သတင်းရရှိပါသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here