Monday, May 11, 2026

(၉)ကြိမ်မြောက် ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းစဉ်ဆိုင်ရာသင်တန်းကို မြန်မာ့တပ်မတော်နှင့်...

မြန်မာ့တပ်မတော်မှ အရာရှိ၊ စစ်သည်များ ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာလုပ်ငန်းတာဝန်များသိရှိနိုင်စေရန်အတွက် (၉)ကြိမ်မြောက် ကု လသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းစဉ်ဆိုင်ရာသင်တန်းကို မြန်မာ့တပ်မတော်နှင့် အိန္ဒိယတပ်မတော်ပူးပေါင်း၍ ယနေ့ မေ ၁၁ ရက်က...

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သို့ အလင်းဝင်လာသူ (၇၂)ဦးကို မိဘများထံပြန်လည်အပ်နှံ

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သို့ အလင်းဝင်လာသည့် DPLA ၊ TNLA အဖွဲ့နှင့် PDF အဖွဲ့ဝင် အမျိုးသား (၃၀)ဦးနှင့် အမျိုးသမီး(၄၂)ဦး(စုစုပေါင်း ၇၂ ဦး)တို့ကို...

အလုပ်သမားဝန်ကြီးဌာန၏ ရက်(၁၀၀)စီမံချက်အရ ခွင့်ပြန်အလုပ်သမားများအတွက် OWIC...

အလုပ်သမား(၆၀၀)ဦးကျော်ကို စတင်ဆောင်ရွက်ပေးနေပြီဖြစ် ​ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ ခွင့်ဖြင့်ပြန်လည်ဝင်ရောက်လာသည့် အလုပ်သမားများအတွက် ပြည်ပအ လုပ်အကိုင် အလုပ်သမားသက်သေခံကတ်(OWIC) ထုတ်ပေးခြင်းကို အလုပ်သမားဝန်ကြီးဌာနက အရှိန် အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိသည်။ လက်ရှိအချိန်၌ အလုပ်သမားဝန်ကြီးဌာန၏...

တိုင်းဒေသကြီးနှင့် ပြည်နယ် ကြက်တောင်ပြိုင်ပွဲ ရန်ကုန်တွင်စတင်၊...

၂၀၂၆ ခုနှစ်အတွက် မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ကြက်တောင်ပြိုင်ပွဲကို ယနေ့ (မေလ ၁၁ ရက်)...
HomeMoviesပဲခူးတိုင်းဝန်ကြီးချုပ် တောင်ငူဒေသရှိ MSME...

ပဲခူးတိုင်းဝန်ကြီးချုပ် တောင်ငူဒေသရှိ MSME နှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဖြည့်ဆည်းပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မေလ ၁၀ ရက် မွန်းလွဲပိုင်းက တောင်ငူဒေသအတွင်းရှိ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ (MSME) နှင့် စိုက်ပျိုးမွေးမြူရေး ကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

ဒေသထွက် စားသောက်ကုန်လုပ်ငန်းများ အဆင့်မြှင့်တင်ရေး

ငရုတ်သီးအမှုန့်လုပ်ငန်း

တောင်ငူမြို့၊ အမှတ် (၂) ရပ်ကွက်ရှိ ငရုတ်သီးအမှုန့်မျိုးစုံလုပ်ငန်းသို့ သွားရောက်ကာ ထုတ်လုပ်မှုအဆင့်ဆင့်တွင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ အစားအစာဘေးကင်းလုံခြုံမှု (Food Safety) နှင့် ထုတ်ပိုးမှုစနစ် (Packaging) အဆင့်မြှင့်တင်ရန် လမ်းညွှန်ခဲ့သည်။

မျှစ်စားသောက်ကုန်လုပ်ငန်း

“မိဘမေတ္တာ” မျှစ်ချို/မျှစ်ချဉ်လုပ်ငန်းတွင် မျှစ်အစိုထုတ်လုပ်ရုံသာမက ပြည်ပပို့ကုန်အဖြစ် မျှစ်ခြောက်လုပ်ငန်း တိုးချဲ့ရန်နှင့် ဝါးအချောထည် စက်မှု/လက်မှု ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး တိုက်တွန်းမှာကြားခဲ့သည်။

မွေးမြူရေးနှင့် သီးညှပ်စိုက်ပျိုးရေး ကဏ္ဍ

ဥစားဘဲမွေးမြူရေး

ကံရိုးကျေးရွာအုပ်စုရှိ ဥစားဘဲကောင်ရေ (၅,၀၀၀) မွေးမြူထားရှိမှုကို ကြည့်ရှုပြီး မျိုးကောင်းမျိုးသန့်ရရှိရေးနှင့် ဒေသစပ်စာ ကိုယ်တိုင်ထုတ်လုပ်မွေးမြူနိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ကော်ဖီနှင့် သီဟိုဠ်စိုက်ပျိုးရေး

အုတ်တွင်းမြို့နယ်၊ အမြန်လမ်းမကြီးဘေးရှိ သီဟိုဠ်ခြံများအတွင်း ရိုဘတ်စတာကော်ဖီ (၁၆၈) ဧက သီးညှပ်စိုက်ပျိုးအောင်မြင်နေမှုကို ကြည့်ရှုခဲ့ပြီး ကျန်ရှိသည့် ကော်ဖီပျိုးပင်များကို ယခုမိုးရာသီအတွင်း အပြီးစိုက်ပျိုးရန် လမ်းညွှန်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

(၉)ကြိမ်မြောက် ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းစဉ်ဆိုင်ရာသင်တန်းကို မြန်မာ့တပ်မတော်နှင့် အိန္ဒိယတပ်မတော်ပူးပေါင်း၍ နေပြည်တော်၌ဖွင့်လှစ်

မြန်မာ့တပ်မတော်မှ အရာရှိ၊ စစ်သည်များ ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာလုပ်ငန်းတာဝန်များသိရှိနိုင်စေရန်အတွက် (၉)ကြိမ်မြောက် ကု လသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းစဉ်ဆိုင်ရာသင်တန်းကို မြန်မာ့တပ်မတော်နှင့် အိန္ဒိယတပ်မတော်ပူးပေါင်း၍ ယနေ့ မေ ၁၁ ရက်က နေပြည်တော်၌စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ သင်တန်းတွင် တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ သင် တန်းသားအရာရှိ(၃၀)ဦးအား ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုဆိုင်ရာ လုပ်ငန်းများ၏သမိုင်းကြောင်း၊ ဖွဲ့ စည်းပုံ၊ စည်းမျဉ်းများနှင့် ဆောင်ရွက်နေမှုများ၊ ကုလ သမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းရေးအဖွဲ့များ စောင့်ထိန်းလိုက်နာရမည့်ကျင့်ဝတ်များကို စာတွေ့/လက်တွေ့လေ့ကျင့်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အရပ်သားများအားကာကွယ်စောင့်ရှောက်မှု၊ ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်မှု၊ စစ်ဘက်-အရပ်ဘက် ပူးပေါင်းဆောင်ရွက်မှု၊ ကင်းလှည့်ခြင်း၊ ယာဉ်တန်းလုံခြုံရေးဆောင်ရွက်ခြင်း၊...

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သို့ အလင်းဝင်လာသူ (၇၂)ဦးကို မိဘများထံပြန်လည်အပ်နှံ

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သို့ အလင်းဝင်လာသည့် DPLA ၊ TNLA အဖွဲ့နှင့် PDF အဖွဲ့ဝင် အမျိုးသား (၃၀)ဦးနှင့် အမျိုးသမီး(၄၂)ဦး(စုစုပေါင်း ၇၂ ဦး)တို့ကို ယနေ့ မေ ၁၁ ရက်က မိဘအုပ်ထိန်းသူများထံပြန်လည်အပ်နှံပေးခဲ့ကြောင်း သိရသည်။ ၎င်းတို့အား ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ မြို့ကျက်သရေဆောင်ခန်းမ၌ မိဘအုပ်ထိန်းသူများထံပြန်လည်အပ်နှံရာ အရှေ့မြောက်တိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အေးမင်းဦးက ထောက်ပံ့ပစ္စည်းများ ပေးအပ်ပြီး ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ မိဘအုပ်ထိန်းသူများထံပြန်လည်အပ်နှံပေးခဲ့ကြောင်း သိရသည်။ DPLA ၊ TNLA နှင့် PDF အဖွဲ့ဝင်များဖြစ်သည့် နောင်ချိုမြို့မှ အမျိုးသား(၁၇)ဦး၊ အမျိုးသမီး(၃၇)ဦး၊...

အလုပ်သမားဝန်ကြီးဌာန၏ ရက်(၁၀၀)စီမံချက်အရ ခွင့်ပြန်အလုပ်သမားများအတွက် OWIC ကတ်များကို တစ်ပတ်အတွင်းအမြန်ဆုံးထုတ်ပေးမည်

အလုပ်သမား(၆၀၀)ဦးကျော်ကို စတင်ဆောင်ရွက်ပေးနေပြီဖြစ် ​ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ ခွင့်ဖြင့်ပြန်လည်ဝင်ရောက်လာသည့် အလုပ်သမားများအတွက် ပြည်ပအ လုပ်အကိုင် အလုပ်သမားသက်သေခံကတ်(OWIC) ထုတ်ပေးခြင်းကို အလုပ်သမားဝန်ကြီးဌာနက အရှိန် အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိသည်။ လက်ရှိအချိန်၌ အလုပ်သမားဝန်ကြီးဌာန၏ ရက် (၁၀၀)စီမံချက်အဖြစ် မေ ၈ ရက်အထိလက်ခံရရှိထားသော OWIC လျှောက်ထားမှုများအနက် အလုပ်သမား (၆၀၆)ဦးကိုစိစစ်ပြီးဖြစ်၍ မေ ၁၁ ရက်မှ မေ ၂၂ ရက်အတွင်းစတင်ပြုလုပ်ပေးသွားမည်ဖြစ်သည်။​ခွင့်ပြန်အလုပ်သမားများ၏ အလုပ်အကိုင်အခွင့်အ လမ်းများဆုံးရှုံးမှုမရှိစေရန် အလုပ်သမားဝန်ကြီးဌာနက OWIC အသစ်ပြုလုပ်ခြင်း၊ သက်တမ်းတိုးခြင်းနှင့် အချက်အလက်မှားယွင်း၍ ကတ်လဲလှယ်ခြင်းတို့ကို အထောက်အထားပြည့်စုံမှန်ကန်ပါက(ရုံးပိတ်ရက်မပါ) ရက်သတ္တပတ်တစ်ပတ်အတွင်း အပြီးဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ ထို့ပြင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071