Home Movies ပါကစ္စတန်တွင် ကားဗုံးပေါက်ကွဲ၍ ရဲ ၁၄ ဦး ‌ေ-သဆုံး

ပါကစ္စတန်တွင် ကားဗုံးပေါက်ကွဲ၍ ရဲ ၁၄ ဦး ‌ေ-သဆုံး

0
71

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ရဲစခန်းတစ်ခုတွင် ကားဗုံးပေါက်ကွဲသဖြင့် အခင်းဖြစ် ပွါးရာ နေရာသို့ လာသည့် ရဲတပ်ဖွဲ့ဝင်များကို ခြုံခိုတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၄ ဦးထက်မနည်း‌ေ-သဆုံးခဲ့ကြောင်း တနင်္ဂနွေနေ့တွင် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

စနေနေ့က တိုက်ခိုက်မှုအပြီး ရိုက်ကူးထားသော ဓာတ်ပုံများအရ ရဲစခန်းအဆောက်အအုံသည် အပျက်အစီးပုံအဖြစ်ပြိုကျသွားခဲ့ပြီး အုတ်ခဲများ၊ မီးလောင်ကျွမ်းနေသော အပျက်အစီးများနှင့် ပျက်စီးနေသော ယာဉ်များသည် ထိုနေရာတစ်ဝိုက်တွင် ပြန့်ကျဲနေသည်ကို တွေ့ရသည်။

ပြိုကျနေသော ရဲကင်းစခန်းအောက်မှ ရဲ ၁၄ ဦး၏ ရုပ်အလေ-ာင်းများကို ပြန်လည်တွေ့ရှိခဲ့ပြီး ရဲသုံးဦးကိုမူ အသက်ရှင်လျက်တွေ့ရှိခဲ့သဖြင့် သူတို့ကို ဆေးရုံသို့ အမြန်ပို့ဆောင်ပေးခဲ့ကြောင်း ရဲအရာရှိ ဆာဂျက်ခန်းက ပြောကြားခဲ့သည်။

စစ်သွေးကြွများသည် ပေါက်ကွဲပစ္စည်းများတင်‌ဆောင်ထားသော ကားတစ်စီးဖြင့် ရဲ ကင်းစခန်းကို ဦးစွာဝင်တိုက်ပြီးနောက် ပရိဝုဏ် အတွင်းသို့ဝင်ရောက်ကာ ကျန်ရှိသော ရဲတပ်ဖွဲ့ဝင်များကို ပစ်ခတ်ခဲ့သည်ဟု အမည်မဖော်လိုသည့် ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

စစ်သွေးကြွများသည် တိုက်ခိုက်မှုတွင် ဒရုန်းများကိုလည်း အသုံးပြုခဲ့ကြောင်း ရဲတပ်ဖွဲ့သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

ကယ်ဆယ်ရေးအေဂျင်စီများနှင့် အရပ်ဘက်ဆေးရုံများမှ လူနာတင်ယာဉ်များသည် အခင်းဖြစ်ပွားရာနေရာသို့ အလျင်အမြန်ရောက်ရှိခဲ့ပြီး ဘန်နူရှိ အစိုးရဆေးရုံများတွင် အရေးပေါ်အခြေအနေကြေညာထားကြောင်း အရာရှိများက ပြောကြားခဲ့သည်။

အစ်တီဟတ် အူလ် မူဂျာဟီဒင်ဟု သိကြသော စစ်သွေးကြွမဟာမိတ်အဖွဲ့က တိုက်ခိုက်မှုသည် ၎င်းတို့လက်ချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Ref: ဂျေရုဆလင်ပို့စ်

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here