Tuesday, May 5, 2026

နည်းပြချုပ်သစ်နှင့်အတူ ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်း ရာသီသစ်အတွက်...

၂၀၂၆-၂၇ ရာသီ Myanmar Women League (MWL) အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် အောင်မြင်မှုရယူနိုင်ရန်အတွက် ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်းအနေဖြင့် လေ့ကျင့်ပြင်ဆင်မှုများစတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။ ယခုနှစ်ရာသီအတွက်...

ဆီသယ်ယာဉ်များတွင် GPS တပ်ဆင်ပြီးပါက စက်သုံးဆီတင်သွင်းဖြန့်ဖြူးသည့်...

ဆီသယ်ယာဉ်များတွင် GPS တပ်ဆင်ပြီးပါက စက်သုံးဆီတင်သွင်းဖြန့်ဖြူးသည့် စနစ်တစ်ခုလုံးအား Digital စနစ်ဖြင့်ထိန်းချုပ်မည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်က ပြောသည်။ မေ ၄ ရက်ကပြုလုပ်သည့် အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းများသို့...

တရုတ်တွင် မီးရှုးမီးပန်းစက်ရုံ ပေါက်ကွဲ၍ လူ...

တရုတ်နိုင်ငံ ဟူနန်ပြည်နယ်ရှိ မီးရှူးမီးပန်းစက်ရုံတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ လူ ၂၁ ဦး ‌ေ-သဆုံးကာ ၆၁ ဦး ဒ-ဏ်ရာရရှိခဲ့ပြီး ဖြစ်စဉ်ကို သေချာစွာ...

ဒုံးကျည် ၁၅ စင်းနှင့် ဒရုန်း...

တေရန်နှင့် ဝါရှင်တန်တို့အကြား ဧပြီလ ၈ ရက် နေ့တွင် အပစ်အခတ်ရပ်စဲမှု စတင် အာဏာတည်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် တိုက်ခိုက်ခံရမှုအဖြစ် တနင်္လာနေ့တွင် အီရန်က...
HomeMoviesပြုံယမ်းအမျိုးသမီးကလပ်အသင်း ဆိုးလ်သို့ လာရောက်ကစားမည်

ပြုံယမ်းအမျိုးသမီးကလပ်အသင်း ဆိုးလ်သို့ လာရောက်ကစားမည်

မြောက်ကိုရီးယား အမျိုးသမီးဘောလုံးကလပ်အသင်း နာဂိုယန်အက်ဖ်စီသည် မေလ ၂၀ ရက်နေ့တွင် တောင်ကိုရီးယားအမျိုးသမီးကလပ်အသင်း ဆူဝန်အက်ဖ်စီနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း တောင်ကိုရီးယား၏ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ ယင်းသည် ၈ နှစ်အတွင်း မြောက်ကိုရီးယားအားကစားသမားများ က တောင်ကိုရီးယားသို့ ပထမဆုံး လာရောက်ယှဉ်ပြိုင်မှုဖြစ်သည်။

အာရှအမျိုးသမီးချန်ပီယံလိဂ် ဆမ္မီးဖိုင်နယ်ပွဲစဉ်အတွက် တောင်ကိုရီးယားသို့ သွားရောက်မည့် ကစားသမား ၂၇ ဦးနှင့် ဝန်ထမ်း ၁၂ ဦး၏ အမည်စာရင်းကို မြောက်ကိုရီးယားက ပေးပို့ခဲ့ကြောင်း ဝန်ကြီးဌာန၏ သတင်ူထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

မေလ ၂၀ ရက်နေ့တွင် ဆူဝန်၌ ဆမ္မီးဖိုင်နယ်ပွဲစဉ်နှစ်ပွဲ ကို ယှဉ်ပြိုင်ကစားရန် စီစဉ်ထားပြီး မြောက်ကိုရီးယားကလပ်နှင့် ဆူဝန်အသင်းတို့၏ ပွဲစဉ်ကို ည ၇ နာရီတွင် စတင်ကစားမည်ဖြစ်သည်။

ထိုပွဲ ၌ အနိုင်ရသူသည် မေလ ၂၃ ရက်နေ့တွင် ဆူဝန်၌ ကစားမည့် ဗိုလ်လုပွဲတွင် မဲလ်ဘန်းစီးတီး သို့မဟုတ် တိုကျိုဗာဒီအသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

အကယ်၍ မြောက်ကိုရီးယားအသင်း သည် ဆမ္မီး ဖိုင်နယ်အဆင့်တွင် ရှုံးနိမ့်ခဲ့ပါက ကစားသမားများသည် နောက်တစ်နေ့တွင် အိမ်ပြန်ရမည်ဖြစ်သည်ဟု ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က မြောက်ကိုရီးယားနှင့် တင်းမာမှုများပြေလည်စေရန် ကြိုးပမ်းနေချိန်တွင် ယခုခရီးစဉ်သည် ကြုံတောင့်ကြုံခဲ ထွက်ပေါ်လာခြင်းဖြစ်သည်။

မြောက်ကိုရီးယား အမျိုးသမီးဘောလုံးကိုယ်စားလှယ်အဖွဲ့ တောင်ကိုရီးယားကို နောက်ဆုံးအကြိမ်သွားရောက်ထားသည်မှာ ၂၀၁၄ ခုနှစ် အင်ချွန်းတွင် ကျင်းပသော အာရှအားကစားပြိုင်ပွဲကာလတွင် ဖြစ်သည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နည်းပြချုပ်သစ်နှင့်အတူ ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်း ရာသီသစ်အတွက် စတင်လေ့ကျင့်ပြင်ဆင်

၂၀၂၆-၂၇ ရာသီ Myanmar Women League (MWL) အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် အောင်မြင်မှုရယူနိုင်ရန်အတွက် ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်းအနေဖြင့် လေ့ကျင့်ပြင်ဆင်မှုများစတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။ ယခုနှစ်ရာသီအတွက် ရန်ကုန်ယူနိုက်တက်အသင်းကို နည်းပြချုပ် ဦးသန်းဝေ က ဦးဆောင်ကိုင်တွယ်သွားမည်ဖြစ်ပြီး လက်ရွေးစင်အသင်းနှင့်ပူးပေါင်းနေသည့်ကစားသမား (၄) ဦးနှင့်ဒ-ဏ်ရာကြောင့် ခွဲစိတ်မှုခံယူထားရသောတိုက် စစ်မှူး ယွန်းဝတီလှိုင်တို့ ပါဝင်နိုင်ခြင်း မရှိသေးကြောင်း အသိပေးထားသည်။ ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်းကို ၂၀၂၃ ခုနှစ်၌ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး မြန်မာ့အမျိုးသမီး ဘောလုံးလောက တိုးတက်ရန်နှင့် မျိုးဆက်သစ် ကစားသမားကောင်းများပေါ်ထွက်လာရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းလည်း ဖြစ်သည်။ အသင်းစတင်တည်ထောင်ပြီး မကြာမီကစားသမားကောင်းများကို...

ဆီသယ်ယာဉ်များတွင် GPS တပ်ဆင်ပြီးပါက စက်သုံးဆီတင်သွင်းဖြန့်ဖြူးသည့် စနစ်တစ်ခုလုံးအား Digital စနစ်ဖြင့်ထိန်းချုပ်မည်

ဆီသယ်ယာဉ်များတွင် GPS တပ်ဆင်ပြီးပါက စက်သုံးဆီတင်သွင်းဖြန့်ဖြူးသည့် စနစ်တစ်ခုလုံးအား Digital စနစ်ဖြင့်ထိန်းချုပ်မည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်က ပြောသည်။ မေ ၄ ရက်ကပြုလုပ်သည့် အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းများသို့ စက်သုံးဆီများအဆင်ပြေချောမွေ့စွာဖြန့်ဖြူးပေးနိုင်ရေးနှင့် ပြည်တွင်းစက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချမှုအခြေအနေများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ဆိပ်ကမ်းရှိ သိုလှောင်ကန်စခန်းများတွင် Auto Tank Gauging စနစ်တပ်ဆင်ခြင်း၊ ဆီသယ်ယာဉ်များတွင် GPS တပ်ဆင်ခြင်းတို့ပြီးပါက စက်သုံးဆီတင်သွင်းဖြန့်ဖြူးသည့် စနစ်တစ်ခုလုံးအား Digital စနစ်ဖြင့် ထိန်းချုပ်မည်ဖြစ်ရာ နိုင်ငံတော်အနေဖြင့် စက်သုံးဆီဝယ်ယူတင်သွင်းရမှုများစွာလျော့နည်းသွားမည်ဟု ပြောသည်။ ထို့ပြင် စက်သုံးဆီသယ်ယူဖြန့်ဖြူးမှုပိုမိုစနစ်ကျစေရန် မျှောစာထုတ်ပေးရာ၌ Application ရေးဆွဲကာ QR Code...

တရုတ်တွင် မီးရှုးမီးပန်းစက်ရုံ ပေါက်ကွဲ၍ လူ ၂၁ ဦး ‌ေ-သဆုံး

တရုတ်နိုင်ငံ ဟူနန်ပြည်နယ်ရှိ မီးရှူးမီးပန်းစက်ရုံတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ လူ ၂၁ ဦး ‌ေ-သဆုံးကာ ၆၁ ဦး ဒ-ဏ်ရာရရှိခဲ့ပြီး ဖြစ်စဉ်ကို သေချာစွာ စုံစမ်းစစ်ဆေးရန် သမ္မတရှီကျင့်ဖျင်က တောင်းဆိုခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာများက အင်္ဂါနေ့တွင် သတင်းဖော်ပြခဲ့သည်။ မီးရှူးမီးပန်းထုတ်လုပ်ရေးဗဟိုချက်ဖြစ်သည့် ဟူနန်ပြည်နယ်မြို့တော် ချန်ရှာတွင် တနင်္လာနေ့ညနေ ၄း၄၀ နာရီခန့်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း စီစီတီဗီနှင့် ရှင်းဟွာသတင်းဌာနတို့က ဖော်ပြခဲ့သည်။ တရုတ်အင်တာနက်ပလက်ဖောင်းများတွင် တင်ခဲ့သော ဗီဒီယိုများ၌ ပြိုကျနေသော အဆောက်အအုံများနှင့် အပျ-က်အစီးများပြန့်ကျဲနေသော ကြီးမားသည့် စက်ရုံနယ်မြေမှ မီးခိုးများထူထပ်စွာထွက်ပေါ်နေသည်ကို တွေ့ရသည်။ အခင်းဖြစ်ပွားရာနေရာသို့ မီးသတ်သမား၊ ကယ်ဆယ်ရေးသမားများနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071