စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့တွင် ယမန်နေ့ ဧပြီ ၂၀ ရက်ည ၆ နာရီ ၂၀ မိနစ်ခန့်က ဆီတင်သင်္ဘောများမီးလေ_ာင်မှုဖြစ်ပွားခဲ့ရာ နာရီပေါင်း ၂၂ နာရီခန့်ကြာငြှိမ်းသတ်ခဲ့ရပြီး ယနေ့ ဧပြီ ၂၁ ရက်ညနေပိုင်းမှသာ မီးထိန်းနိုင်ခဲ့ကြောင်း သိရသည်။
ဟုမ္မလင်းမြို့၊ ဟုမ္မလင်းရပ်ကွက်၊ မြို့မဘုန်းကြီး ကျောင်းဆိပ်ကမ်းတွင်ဆိုက်ကပ်ထားသော ဆီတင်သင်္ဘောများမီးလေ_ာင်မှုဖြစ်ပွား၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ လူမှုကူညီရေးအသင်းဝင်များကပူးပေါင်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် စတင်လောင်ကျွမ်းသည့်အချိန်မှစကာ နာရီပေါင်း ၂၂ နာရီခန့်ကြာ ယနေ့ ဧပြီ ၂၁ ရက်ညနေ ၄ နာ ရီခွဲတွင်မီးထိန်းနိုင်ခဲ့ပြီး အပြီးသတ်မီးငြိမ်းရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မီးလောင်မှုကြောင့် ဆီတင်သင်္ဘောအစီး(၂၀)ကျော်ပျက်စီးဆုံးရှုံးမှုများနှင့် ထိခိုက်ဒ_ဏ်ရာရသူများလည်းရှိခဲ့ကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။
