ဧပြီ ၆ ရက်နှင့် ဧပြီ ၈ ရက်တို့က မြန်မာအလုပ်သမား (၂၅)ဦးကို ကိုရီးယားနိုင်ငံ၌အလုပ်လုပ်ကိုင်နိုင်ရန် အ စိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)မှတစ်ဆင့် EPS စနစ်ဖြင့်စေလွှတ်ခဲ့ကြောင်း ကိုရီးယားနိုင်ငံဆိုင် ရာ မြန်မာသံရုံးထံမှ သိရသည်။
စိုက်ပျိုးရေးလုပ်သားသစ်(၃)ဦးအား ဧပြီ ၆ ရက်၊ ကုန်ထုတ်လုပ်သားသစ်(၁၇)ဦးနှင့် ဆောက်လုပ်ရေးလုပ်သားသစ်(၅)ဦးတို့အား ဧပြီ ၈ ရက်တို့က စေလွှတ်ခဲ့ခြင်းဖြစ်ပြီး ကိုရီးယားနိုင်ငံ၊ အင်ချွန်းလေဆိပ်၌ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိကကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့်အချက်များကိုမှာကြားပြီး လိုအပ်သည်များကိုကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
ထို့အတူ သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးဦးမျိုးမြင့်မောင်ကလည်း Video call ဖြင့် မြန်မာအလုပ်သမားများကိုကြိုဆိုနှုတ်ဆက်၍ အခက်အခဲရှိပါက သံရုံးသို့ အချိန်မရွေးဆက်သွယ်ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။
