မကွေးတိုင်း၊ မကွေးမြို့ရှိ We Love Magway အနီး ကျောက်သားဥယျာဉ်ပန်းခြံမှ ကမ်းနားလမ်းတစ် လျှောက်တွင် လမ်းလျှောက်သင်္ကြန်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
လမ်းအရှည်ပေ(၇၃၀)ပေါ်တွင် ဗဟိုမဏ္ဍပ်ကြီး(၁)ခု၊ ဝန်ကြီးဌာနမဏ္ဍပ်(၆)ခု၊ မြန်မာ့ရိုးရာသနပ်ခါး(နံသာလိမ်းခြယ်)မဏ္ဍပ်များ၊ ရေကစားမဏ္ဍပ်များ၊ လောင်းလှေများဖြင့်ရေပက်ကစားရန်နေရာများ၊ စတုဒိသာမ ဏ္ဍပ်များ၊ ယိမ်းအကအလှများ၊ တေးဂီတဖျော်ဖြေပွဲများဖြင့်စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။
ထိုသို့ ကျင်းပနိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၁၁ ရက်က တိုင်းဝန်ကြီးချုပ်ဦးတင်ကိုကိုဦးဆောင်ကျင်းပကာ တိုင်းဝန်ကြီးချုပ်က လမ်းလျှောက်သင်္ကြန်တွင် စက်သုံးဆီချွေတာသည့်အနေဖြင့် ဧရာဝတီမြစ်အ တွင်းမှ ဆိုလာစနစ်ဖြင့်ရေစုပ်ယူပြီး အသုံးပြုသွားမည်ဟုပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် မကွေးမြို့၊ ကမ်းနားလမ်း We Love Magway အနီး ဧရာဝတီမြစ်ကမ်းဘေး၌ ဇီဝိတဒါနငါးလွှတ်ခြင်း၊ ဖန်ခါးမြေ ဘိုးဘွားရိပ်သာတွင် ဘိုး/ဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် သွားအတု(အံပုံ)များတပ်ဆင်ပေးခြင်း၊ အသက်(၈၅)နှစ်အထက် ဘိုးဘွားပူဇော်ပွဲတို့ကိုလည်းပြုလုပ်သွားမည်ဟုပြောကြားခဲ့ကြောင်း သိရသည်။
