Monday, April 13, 2026

ချင်းမိုင်မြို့၊ အမျိုးသမီးပြုပြင်ထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသားအကျဉ်းသူများအပါအဝင် အမျိုးသမီးအကျဉ်းသူများကို...

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ အမျိုးသမီးပြုပြင်ထိန်းသိမ်းရေးစခန်းတွင် အကျဥ်းကျခံနေရသည့် မြန်မာနိုင်ငံသားအကျဉ်းသူများအပါအဝင် အမျိုးသမီးအကျဉ်းသူများကို စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများလှူဒါန်းခဲ့ကြောင်း သိရသည်။ မြန်မာ‌ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ်ဦးမင်းကျော်လင်းနှင့် ချင်းမိုင်မြို့အခြေစိုက် ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ်ရုံးများမှ...

မန္တလေးလမ်းလျှောက်သင်္ကြန်အတွက် အပြီးသတ်ပြင်ဆင်ထား

မန္တလေးလမ်းလျှောက်သင်္ကြန်ပွဲတော်ကို ၂၆ လမ်း၊ ၆၆ လမ်းမှ ၇၈လမ်းကြားတွင် ရေကစားမဏ္ဍပ်ကြီး/ငယ်များ၊ စတုဒီသာမဏ္ဍပ်များ၊ တိုင်းရင်းသားရေးကစားမဏ္ဍပ်များအပါဝင် မဏ္ဍပ်များတွင် လောင်းလှေများ၊ ရေပိုက်များဖြင့် ရေကစားနိုင်ရန်အပြီးသတ်ပြင်ဆင်ထားသည့်...

ဧပြီလ၏ ပထမ(၁၀)ရက်ပတ်အတွင်း မြန်မာအလုပ်သမား(၂၅)ဦး ကိုရီးယားနိုင်ငံသို့စေလွှတ်

ဧပြီ ၆ ရက်နှင့် ဧပြီ ၈ ရက်တို့က မြန်မာအလုပ်သမား (၂၅)ဦးကို ကိုရီးယားနိုင်ငံ၌အလုပ်လုပ်ကိုင်နိုင်ရန် အ စိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)မှတစ်ဆင့် EPS စနစ်ဖြင့်စေလွှတ်ခဲ့ကြောင်း...

စစ်ရေးအသုံးစရိတ် တိုးမြှင့်ရန်အတွက် NASA ကို...

လွန်ခဲ့သော ဆယ်စုနှစ်များစွာအတွင်း လူသားတို့ သွားလာနိုင်ခဲ့ခြင်း မရှိသည့် အာကာသထဲသို့ အာကာသယာဉ်မှူး လေးဦး အောင်မြင်စွာ ပျံသန်းနေစဉ်ဝယ် ကမ္ဘာမြေပေါ်ရှိ အိမ်ဖြူတော်ကမူ သူတို့ကို...
HomeMoviesဒေါ်နယ်ထရမ့်ပ်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ ဘဏ္ဍာငွေ...

ဒေါ်နယ်ထရမ့်ပ်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ ဘဏ္ဍာငွေ အခက်ကြုံ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့သည် ဂါဇာအတွက် ကတိပြုထားသော ဒေါ်လာ ၁၇ ဘီလျံ၏ အနည်းငယ်မျှကိုသာ ရရှိထား‌သေးရာ အမေရိကန်သမ္မတအနေဖြင့် ပျက်စီးနေသော ပါလက်စတိုင်းနယ်မြေ၏ အနာဂတ်အတွက် ၎င်း၏အစီအစဉ်ကို ရှေ့ဆက်လုပ်ဆောင်ရန် အဟန့်အတားဖြစ်နေကြောင်း သတင်းရင်းမြစ်များက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။         အီရန်စစ်ပွဲ မဖြစ်ပွားမီ ဆယ်ရက်အလိုတွင် ထရမ့်ပ်သည် ဝါရှင်တန်၌ ဘုတ်အဖွဲ့ညီလာခံကျင်းပခဲ့ပြီး ဂါဇာ၏ အုပ်ချုပ်မှုနှင့် ပြန်လည်တည်ဆောက်ရေးအတွက် ပင်လယ်ကွေ့ အာရပ်နိုင်ငံများက ဘီလျံနှင့်ချီ၍ ထည့်ဝင်ရန် ကတိပြုခဲ့ကြသည်။         ဤအစီအစဉ်က ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ်ကို လက်နက်ဖြုတ်သိမ်းရန်နှင့် အစ္စရေးတပ်များ ပြန်လည်ဆုတ်ခွာပြီးနောက် ကမ်းရိုးတန်းနယ်မြေကို အကြီးစား ပြန်လည်တည်ဆောက်ရန် မျှော်မှန်းထားသည်။          ရန်ပုံငွေ ကတိကဝတ်များတွင် ဟားမတ်စ်ထံမှ ဂါဇာကို ထိန်းချုပ်ရန် ရည်ရွယ်ထားသော အမေရိက ကျောထောက်နောက်ခံပြု ပါလက်စတိုင်း နည်းပညာရှင်အဖွဲ့တစ်ခုဖြစ်သည့် နိုင်ငံတော် ဂါဇာအုပ်ချုပ်ရေးကော်မတီ(အင်န်စီအေဂျီ) ၏ လုပ်ဆောင်ချက်များအတွက်လည်း ဘဏ္ဍာငွေထောက်ပံ့ရန် ရည်ရွယ်ထားသည်။        ဘဏ္ဍာငွေဆိုင်ရာ ပြဿနာများရှိနေကြောင်း ရိုက်တာသတင်းဌာန၏ သတင်းတစ်ပုဒ်ထွက်လာပြီးနောက်တွင် ငြိမ်းချမ်းရေးဘုတ်အဖွဲ့က သောကြာနေ့တွင် တင်ခဲ့သော ဆိုရှယ်မီဒီယာထုတ်ပြန်ချက်၌ ထိုသတင်းကို ငြင်းဆိုခဲ့သည်။         ငြိမ်းချမ်းရေးဘုတ်အဖွဲ့၏ လုပ်ငန်းဆောင်တာများကို တိုက်ရိုက်သိရှိသူတစ်ဦးက ရန်ပုံငွေများ ကတိပြုထားသော နိုင်ငံဆယ်နိုင်ငံအနက် အာရပ်စော်ဘွားများပြည်ထောင်စု၊ မော်ရိုကိုနှင့် အမေရိကန်ပြည်ထောင်စုတို့သာ ရန်ပုံငွေထည့်ဝင်ခဲ့ကြောင်း ပြောကြားခဲ့သည်။        ယခုအချိန်အထိ ရန်ပုံငွေမှာ ဒေါ်လာ ၁ ဘီလျံအောက်သာရှိကြောင်း သတင်းရင်းမြစ်က ပြောကြားခဲ့သော်လည်း အသေးစိတ်အချက်အလက်များကိုမူ မပြောကြားခဲ့ပေ။ အီရန်စစ်ပွဲသည် အရာအားလုံးကို ထိခိုက်စေခဲ့ပြီး ယခင်ရန်ပုံငွေအခက်အခဲများကို ပိုမိုဆိုးရွားစေခဲ့ကြောင်း သတင်းရင်းမြစ်က ပြောကြားခဲ့သည်။

Ref: ရို_က်တာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ချင်းမိုင်မြို့၊ အမျိုးသမီးပြုပြင်ထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသားအကျဉ်းသူများအပါအဝင် အမျိုးသမီးအကျဉ်းသူများကို စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများလှူဒါန်း

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ အမျိုးသမီးပြုပြင်ထိန်းသိမ်းရေးစခန်းတွင် အကျဥ်းကျခံနေရသည့် မြန်မာနိုင်ငံသားအကျဉ်းသူများအပါအဝင် အမျိုးသမီးအကျဉ်းသူများကို စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများလှူဒါန်းခဲ့ကြောင်း သိရသည်။ မြန်မာ‌ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ်ဦးမင်းကျော်လင်းနှင့် ချင်းမိုင်မြို့အခြေစိုက် ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ်ရုံးများမှ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ်များနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန(ချင်းမိုင်ရုံး)မှ ညွှန်ကြားရေးမှူးတို့မှ ဧပြီ ၈ ရက်ကလှူဒါန်းခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသားအကျဉ်းသူများအပါအဝင် အမျိုးသမီးအကျဉ်းသူများ၏ နေထိုင်စားသောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှုရရှိမှု၊ အကျဉ်းသူများ၏ တစ်နေ့တာဆောင်ရွက်ရသည့်လုပ်ငန်းစဉ်များနှင့် အကျဉ်းသူများအား လေ့ကျင့်သင်ကြားပေးနေသည့် အသက်မွေး ဝမ်းကျောင်းဆိုင်ရာသင်တန်းများ၊ ဘာသာစကားသင် တန်းများနှင့် စိတ်ကျန်းမာပျော်ရွှင်စေမည့်လေ့ကျင့်ခန်းများဆောင်ရွက်နေမှုတို့ကိုကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။ ထို့နောက် မြန်မာနိုင်ငံသားအကျဉ်းသူများအပါအဝင် အမျိုးသမီးအကျဉ်းသားများအတွက်လိုအပ်သည့် တစ်ကိုယ်ရည်အသုံးဆောင်ပစ္စည်းများ၊ မြန်မာအစား အစာများအပါအဝင် အသင့်စားအစားအစာများနှင့်...

မန္တလေးလမ်းလျှောက်သင်္ကြန်အတွက် အပြီးသတ်ပြင်ဆင်ထား

မန္တလေးလမ်းလျှောက်သင်္ကြန်ပွဲတော်ကို ၂၆ လမ်း၊ ၆၆ လမ်းမှ ၇၈လမ်းကြားတွင် ရေကစားမဏ္ဍပ်ကြီး/ငယ်များ၊ စတုဒီသာမဏ္ဍပ်များ၊ တိုင်းရင်းသားရေးကစားမဏ္ဍပ်များအပါဝင် မဏ္ဍပ်များတွင် လောင်းလှေများ၊ ရေပိုက်များဖြင့် ရေကစားနိုင်ရန်အပြီးသတ်ပြင်ဆင်ထားသည့် မြင်ကွင်းပုံရိပ်များအားစုစည်းဖော်ပြလိုက်ရပါသည်။ (လမ်းလျှောက်သင်္ကြန်အတွက် ရေတင်ခြင်းများကို ဆိုလာစနစ်ဖြင့်ပြုလုပ်သွားမည်ဖြစ်သည်။)

ဧပြီလ၏ ပထမ(၁၀)ရက်ပတ်အတွင်း မြန်မာအလုပ်သမား(၂၅)ဦး ကိုရီးယားနိုင်ငံသို့စေလွှတ်

ဧပြီ ၆ ရက်နှင့် ဧပြီ ၈ ရက်တို့က မြန်မာအလုပ်သမား (၂၅)ဦးကို ကိုရီးယားနိုင်ငံ၌အလုပ်လုပ်ကိုင်နိုင်ရန် အ စိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)မှတစ်ဆင့် EPS စနစ်ဖြင့်စေလွှတ်ခဲ့ကြောင်း ကိုရီးယားနိုင်ငံဆိုင် ရာ မြန်မာသံရုံးထံမှ သိရသည်။ စိုက်ပျိုးရေးလုပ်သားသစ်(၃)ဦးအား ဧပြီ ၆ ရက်၊ ကုန်ထုတ်လုပ်သားသစ်(၁၇)ဦးနှင့် ဆောက်လုပ်ရေးလုပ်သားသစ်(၅)ဦးတို့အား ဧပြီ ၈ ရက်တို့က စေလွှတ်ခဲ့ခြင်းဖြစ်ပြီး ကိုရီးယားနိုင်ငံ၊ အင်ချွန်းလေဆိပ်၌ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိကကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့်အချက်များကိုမှာကြားပြီး လိုအပ်သည်များကိုကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။ ထို့အတူ သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးဦးမျိုးမြင့်မောင်ကလည်း Video call ဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071