မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)မှ အခမဲ့ဖွင့်လှစ်ခဲ့သည့် “MFF Summer Football Skills Course 2026” (ပထမအသုတ်) သင်တန်းဆင်းပွဲကို ယနေ့ ဧပြီ ၈ ရက်နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အမျိုးသားဘောလုံးအ ကယ်ဒမီ၌ကျင်းပခဲ့သည်။
အဆိုပါ သင်တန်းကို မြန်မာနိုင်ငံရှိလူငယ်များ နွေရာသီကျောင်းပိတ်ရက်အတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရန်နှင့် မျိုးဆက်သစ်ဘောလုံးသမားကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
သင်တန်းကို အသက်(၁၀)နှစ်မှ (၁၅)နှစ်အတွင်းရှိ ကလေးငယ်များအား မတ် ၉ ရက်မှ ဧပြီ ၈ ရက်အထိ တစ်လကြာဖွင့်လှစ်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရန် ကုန်တိုင်းတွင်(၇၀၀)ဦး၊ မန္တလေးတိုင်းတွင်(၄၀၀) ဦး၊ တောင်ကြီးမြို့တွင်(၂၀၀)ဦး၊ ပုသိမ်မြို့တွင်(၂၀၀)ဦး၊ မော်လမြိုင်မြို့တွင် (၂၀၀)ဦး(စုစုပေါင်း ၁,၇၀၀ ဦး)ကို အခြေခံဘောလုံးနည်းစနစ်များ စနစ်တကျသင်ကြားပေးပြီး လေ့ကျင့်ရေးဝတ်စုံများကိုလည်း အခမဲ့ထောက်ပံ့ပေးခဲ့သည်။
သင်တန်းဒုတိယအသုတ်ကိုလည်း ဧပြီ ၂၀ ရက်မှ မေ ၂၀ ရက်အထိ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ပုသိမ်၊ မော်လမြိုင်တို့တွင် ထပ်မံ၍အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်သည်။
