Wednesday, April 8, 2026

စစ်ကြောင့်ငွေကြေးဖောင်းပွကာ ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှေးကွေးနေ

ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ အာဂျေးဘန်ဂါ က အရှေ့အလယ်ပိုင်းစစ်ပွဲသည် မည်မျှပင်လျင်မြန်စွာ ပြီးဆုံးသည်ဖြစ်စေ ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးပြီး ငွေကြေးဖောင်းပွမှု မြင့်မားလာမည်ဟု ဧပြီလ ၇ ရက်...

ရုရှား၏ စွမ်းအင်ကို ဝယ်လိုအား မြင့်တက်နေ–ခရမ္မလင်

မော်စကို၊ ဧပြီ ၇ ကမ္ဘာတစ်ဝန်း၌ စွမ်းအင်အကျပ်အတည်း ဖြစ်နေကြသော်လည်း ရုရှား၏ စွမ်းအင် အရင်းအမြစ်များ ကို ဝယ်လိုအားသည် မြင့်တက်နေကြောင်း ခရမ္မလင်ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဒီမီထရီ...

အီဂျစ်မှာ ည ၉ နာရီ...

ဧပြီလ ၇ ရက် အမေရိက-အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ကမ္ဘာလုံးဆိုင်ရာ လောင်စာဆီ အကျပ်အတည်းကို ဖြစ်ပေါ်စေခဲ့သည်။ အီရန်၏ ပိတ်ဆို့မှုအောက်တွင် ရှိနေသော...

ဗီယက်နမ်လွှတ်တော်ကဒုတိယဝန်ကြီးချုပ် (၆) ဦး ခန့်အပ်မှုကို...

ဟနွိုင်း၊ ဧပြီလ ၈ ရက် ဗီယက်နမ်နိုင်ငံ၏ (၁၆) ကြိမ်မြောက် အမျိုးသားလွှတ်တော်သည် ၂၀၂၆-၂၀၃၁ သက်တမ်းအတွက် ဒုတိယဝန်ကြီးချုပ် (၆) ဦး၊ ဝန်ကြီး...
HomeMoviesထိုင်ဝမ်အတိုက်အခံခေါင်းဆောင်ကတရုတ်နှင့်ပြန်လည်ပေါင်းစည်းရေးကို ကတိပြု

ထိုင်ဝမ်အတိုက်အခံခေါင်းဆောင်ကတရုတ်နှင့်ပြန်လည်ပေါင်းစည်းရေးကို ကတိပြု

ထိုင်ဝမ်အတိုက်အခံခေါင်းဆောင် ချန်လီဝမ်က ပါတီတည်ထောင်သူ ဆွန်ယက်ဆင်၏ စိတ်ဆန္ဒ အတိုင်း တရုတ်နိုင်ငံနှင့် ပြန်လည်သင့်မြတ်ရေးကို ရှာဖွေရန် ဗုဒ္ဓဟူးနေ့တွင် ကတိပြုခဲ့ပြီး ကွန်မြူနစ်တော်လှန်အပြီးတွင် နိုင်ငံ၏ အောင်မြင်မှုများအတွက် သူ၏ ဂူဗိမာန်တွင် ချီးကျူးဂုဏ်ပြုခဲ့သည်။

ပေကျင်းက ၎င်းပိုင်နယ်မြေဟု ရှုမြင်သော ထိုင်ဝမ်အပေါ် ပေကျင်း၏စစ်ရေးဖိအားများတိုးမြင့်လာနေချိန်နှင့် အတိုက်အခံလွှမ်းမိုးသော လွှတ်တော်တွင် အစိုးရက တင်ပြသော အပိုကာကွယ်ရေးအသုံးစရိတ် ဒေါ်လာ ၄၀ ဘီလျံကိစ္စကို ဆိုင်းငံ့ထားချိန်တွင် ထိုင်ဝမ်၏ အကြီးဆုံးအတိုက်အခံပါတီဖြစ်သော ကူမင်တန်ပါတီဥက္ကဌ ချန်သည် တရုတ်နိုင်ငံသို့ ရောက်ရှိနေခဲ့ခြင်းဖြစ်သည်။

နိုင်ငံသို့ ရောက်ရှိလာသည့် ပထမဆုံးနေ့တွင် အထိမ်းအမှတ်အခမ်းအနားများဖြင့် ပြည့်နှက်နေသော အခိုက်အတန့်တွင် ချန်သည် အရှေ့ပိုင်းမြို့ နန်ကျင်းရှိ ဆွန်၏ ဂူဗိမာန်တွင် ပန်းခွေချခဲ့သည်။ နန်ကျင်းသည် ပြည်တွင်းစစ်အတွင်း ကူမင်တန်တို့ မော်စီတုန်း၏ ကွန်မြူနစ်များကို စစ်ရှုံးကာ ၁၉၄၉ ခုနှစ်တွင် ထိုင်ဝမ်သို့ ထွက်မပြေးမီအချိန်က ကူမင်တန်ဦးဆောင်သော တရုတ်သမ္မတနိုင်ငံအစိုးရ၏ မြို့တော်လည်းဖြစ်သည်။

“မိုးကောင်းကင်အောက်ကလူတိုင်း တန်းတူညီမျှတယ် ဆိုတဲ့ ဆွန်ယက်ဆင်ရဲ့ စံနှုန်းတွေက အမြဲတမ်း တန်းတူညီမျှမှု၊ ပါဝင်မှုနဲ့ စည်းလုံးညီညွတ်မှုပါပဲ” ဟု ထိုင်ဝမ်ရုပ်သံလိုင်းများတွင် တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း ချန်က ပြောဆိုထားခဲ့သည်။

“ထိုင်ဝမ်ရေလက်ကြားတလျှောက် ပြန်လည်သင့်မြတ်ရေးနဲ့ စည်းလုံးညီညွတ်မှုကို မြှင့်တင်ဖို့၊ ဒေသတွင်း ကြွယ်ဝချမ်းသာမှုနဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ ကျွန်မတို့ အတူတကွ လုပ်ဆောင်သင့်ပါတယ်” ဟု ချန်က ဆိုခဲ့သည်။

နောက်ဆုံးအင်ပါယာမင်းဆက်ကို ဖြုတ်ချပြီး ၁၉၁၂ ခုနှစ်တွင် တရုတ်သမ္မတနိုင်ငံကို တည်ထောင်ခဲ့သည့် ဆွန်သည် ၁၉၂၅ ခုနှစ်တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

ထိုင်ဝမ်တွင် သူ့ကို တရုတ်သမ္မတနိုင်ငံတည်ထောင်သူအဖြစ် တရားဝင်လေးစားကြသကဲ့သို့ တရုတ်နိုင်ငံတွင်လည်း ကွန်မြူနစ်ပါတီက သူ့ကို တရုတ်နိုင်ငံ၏ အမျိုးသားသူရဲကောင်းအဖြစ် ဂုဏ်ပြုကြသည်။ မော်စီတုန်းကမူ သူ့ကို “ကြီးကြယ်သော တော်လှန်ရေးရှေ့ဆောင်လမ်းပြ” အဖြစ် ကြေညာခဲ့သည်။

BiRef: စီအင်န်အေ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စစ်ကြောင့်ငွေကြေးဖောင်းပွကာ ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှေးကွေးနေ

ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ အာဂျေးဘန်ဂါ က အရှေ့အလယ်ပိုင်းစစ်ပွဲသည် မည်မျှပင်လျင်မြန်စွာ ပြီးဆုံးသည်ဖြစ်စေ ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးပြီး ငွေကြေးဖောင်းပွမှု မြင့်မားလာမည်ဟု ဧပြီလ ၇ ရက် နေ့တွင် ပြောကြားခဲ့သည်။ လာမည့်သီတင်းပတ်တွင် ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့တို့၏ အစည်းအဝေးများမတိုင်မီ အတ္တလန်တိတ်ကောင်စီကကျင်းပသော ပွဲတစ်ခုတွင် မစ္စတာ ဘန်ဂါ က ကမ္ဘာ့ဘဏ်သည် ကိုဗစ်-19 အကျပ်အတည်း ကြီးမားသောကာလတွင် လုပ်ဆောင်ခဲ့သကဲ့သို့ စစ်ပွဲကြောင့် ထိခိုက်သည့် နိုင်ငံများအတွက် ရန်ပုံငွေ ဒေါ်လာ ဘီလျံပေါင်းများစွာကို လျင်မြန်စွာ ထုတ်ပေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ စစ်ပွဲ၏ သက်ရောက်မှုသည်...

ရုရှား၏ စွမ်းအင်ကို ဝယ်လိုအား မြင့်တက်နေ–ခရမ္မလင်

မော်စကို၊ ဧပြီ ၇ ကမ္ဘာတစ်ဝန်း၌ စွမ်းအင်အကျပ်အတည်း ဖြစ်နေကြသော်လည်း ရုရှား၏ စွမ်းအင် အရင်းအမြစ်များ ကို ဝယ်လိုအားသည် မြင့်တက်နေကြောင်း ခရမ္မလင်ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဒီမီထရီ ပက်စကော့ဖ် က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ "ယခုအခါ ကမ္ဘာကြီးသည် ပြင်းထန်သော စီးပွားရေးနှင့် စွမ်းအင်ဆိုင်ရာ အကျပ်အတည်းတစ်ခု၏ လမ်းကြောင်းပေါ်တွင် အခိုင်အမာ ရောက်ရှိနေပြီး တစ်နေ့ထက်တစ်နေ့ ပို၍ ကြီးမားလာနေသည့် အကြပ်အတည်း၊ စွမ်းအင်ဈေးကွက်နှင့် ၎င်း၏အခြေအနေများသည် လုံးဝပြောင်းလဲသွားပါပြီ" ဟု ပက်စကော့ဖ်က ပြောကြားခဲ့သည်။ "ကျွန်ုပ်တို့၏ စွမ်းအင်အရင်းအမြစ်များကို အစားထိုးစျေးကွက်များမှ ဝယ်လိုအား များ‌နေသည်"...

အီဂျစ်မှာ ည ၉ နာရီ ဆိုင်ပိတ်ခြင်းဖြင့် လောင်စာဆီသုံးစွဲမှုလျှော့ချ

ဧပြီလ ၇ ရက် အမေရိက-အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ကမ္ဘာလုံးဆိုင်ရာ လောင်စာဆီ အကျပ်အတည်းကို ဖြစ်ပေါ်စေခဲ့သည်။ အီရန်၏ ပိတ်ဆို့မှုအောက်တွင် ရှိနေသော ဟော်မုဇ်ရေလက်ကြား၏ ဘေးတစ်ဖက်တစ်ချက်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ရည် (LNG) များ တင်ဆောင်လာသည့် သင်္ဘောပေါင်းထောင်ချီ၍ သောင်တင်နေသည်။ စနေနေ့တွင် အီဂျစ်အစိုးရက ၎င်းတို့သည် လောင်စာဆီချွေတာရန် အစီအမံများကို အကောင်အထည်ဖော်ခြင်းနှင့် အဆိုပါအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရာတွင် "အကောင်းဆုံးစွမ်းဆောင်နိုင်သည့်" နိုင်ငံများထဲ၌ ပါဝင်ကြောင်း ပြောကြားခဲ့သည်။ အမေရိက-အစ္စရေးနှင့် အီရန်စစ်ပွဲ သည် ရက်သတ္တ ခြောက်ပါတ်မြောက်ထဲသို့ ရောက်ရှိလာချိန်တွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071