ရန်ကုန်မြို့တွင် ယနေ့ (ဧပြီ ၃) ၌ စက်သုံးဆီစျေး အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ပြီး ယခင်တစ်ပတ်က ဈေးနှုန်းထက် ယခုတစ်ပတ်တွင် 95 တစ်လီတာလျှင် ၁၉၅ ကျပ် ကျဆင်းခဲ့သည်။
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ဈေးနှုန်းများအရ 92 ဓာတ်ဆီ တစ်လီတာ ကျပ် ၄၆၂၅၊ 95 ဓာတ်ဆီတစ်လီတာ ကျပ် ၄၇၈၀၊ ရိုးရိုးဒီဇယ်တစ်လီတာ ကျပ် ၅၆၈၀၊ ပရီမီယံ ဒီဇယ် တစ်လီတာကျပ် ၆၈၀၅ ဖြစ်သည်။
မတ် ၂၇ ရက်တွင် စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ စျေးနှုန်းမှာ ရန်ကုန်တွင် 92 ဓာတ်ဆီတစ်လီတာ ကျပ် ၄၄၅၀၊ 95 ဓာတ်ဆီတစ်လီတာ ကျပ် ၄၉၇၅၊ ရိုးရိုးဒီဇယ်တစ်လီတာ ကျပ် ၅၄၅၀၊ ပရီမီယံ ဒီဇယ် တစ်လီတာကျပ် ၆၀၈၅ ဖြစ်သည်။
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်သည့်ဈေးနှုန်းများအရ ယခုတစ်ပတ်ဈေးနှုန်းမှာ ယခင်တစ်ပတ်ဈေးနှုန်းထက် 92 ဓာတ်ဆီတစ်လီတာလျှင် ၁၇၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင် ကျပ် ၂၃၀၊ ပရီမီယံ ဒီဇယ် တစ်လီတာလျှင် ကျပ် ၇၂၀ ဈေးတက်ခဲ့သည်။ သို့သော် 92 ဓာတ်ဆီတစ်လီတာလျှင် ၁၉၅ ကျပ် ကျဆင်းခဲ့သည်။
လက်ရှိ၌ ယနေ့ (ဧပြီ ၃ ရက်) မှစ၍ Taxi၊ သုံးဘီးနှင့် ကုန်တင်ယာဉ်များ မောင်းနှင်ခဲ့သည့် ခရီးအကွာအဝေးပေါ်မူ တည်ပြီး ဆီရောင်းပေးနေသည်။
ထိုနည်းတူ တစ်နိုင်ငံလုံးတွင် စက်သုံးဆီအရောင်းဆိုင် (၂၉၄၃) ဆိုင်အနက် (၈၇၉) ဆိုင်တွင် Bar Code/ QR Code များကို Scan ဖတ်၍ ရောင်းချပေးလျက်ရှိကာ ယခုသီတင်းပတ်မှစ၍ ပုသိမ်မြို့နှင့် ရန်ကုန်-ပြည်-မကွေးလမ်းမကြီးတစ်လျှောက်မြို့များတွင် ယင်း စနစ်ကိုစတင်အသုံးပြုမည်ဖြစ်သည်။
